သမုိင္းထဲက ျမန္မာ့သုတ

Untitled design (5)

[Zawgyi]

သမုိင္းထဲက ျမန္မာ့သုတ
– – – – – – – – – – – – – – –

၁။ ျမန္မာႏုိင္ငံတြင္ သတ္မွတ္ထားေသာ “ပင္လယ္ေရျပင္မ်က္ႏွာျပင္”
(Sea Level) မွာ က်ဳိကၡမီၿမိဳ႕တြင္ “သုည” ဟု သတ္မွတ္ထားၿပီးမွ တစ္ႏိုင္ငံလုံးကိုလိုက္၍ အနိမ့္အျမင့္ ႏွိဳင္းယွဥ္ျခင္းျဖစ္သည္။

၂။ ျမန္မာ့သမိုင္းတြင္ အဂၤလိပ္-ျမန္မာ အဘိဓာန္ကို စတင္ေရးသား ျပဳစုခ့ဲသူမွာ မကၡရာမင္းသားႀကီး ျဖစ္ၿပီး ၁၈၃၃ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕တြင္ ပုံႏိွပ္ခဲ့သည္။ ယေန႔အခ်ိန္တြင္ ႏွစ္အုပ္သာက်န္ရိွၿပီး တစ္အုပ္မွာ အေမရိကန္ႏိုင္ငံ ကြန္ဂရက္စာၾကည့္တိုက္ႏွင့္ က်န္တစ္အုပ္မွာ ျမန္မာႏိုင္ငံ အမ်ဳိးသားျပတိုက္တို႔တြင္ ထိန္းသိမ္းထားရိွသည္။

၃။ ၁၉၂၃ ခုႏွစ္တြင္ ဒါ႐ိုက္တာဦးညီပု ႐ိုက္ကူးခ့ဲေသာ “ေတာၿမိဳင္စြန္က လြမ္းေအာင္ဖန္” အသံတိတ္ဇာတ္ကားတြင္ ကာတြန္းဦးဘကေလး က ဦးေရႊ႐ိုးအျဖစ္ သ႐ုပ္ေဆာင္ၿပီး ေဒၚမိုးဆိုသည့္ ဇာတ္ေကာင္မင္းသမီးႏွင့္ တြဲဖက္ကျပခ့ဲရာမွ ဦးေရႊ႐ိုးႏွင့္ေဒၚမိုး အကသည္ ႏုိင္ငံတစ္ဝွမ္းတြင္ ေပၚေပါက္လာခဲ့သည္။

၄။ မႏၱေလးက်ဳံးသည္ အက်ယ္ ၂၂၅ ေပရိွၿပီး အနက္မွာ ၁၁ ေပ ရိွသည္။ မင္းတုန္းမင္းတရားႀကီးမွ ျမန္မာသကၠရာဇ္ ၁၂၂၁ ခုႏွစ္တြင္ တည္ခ့ဲသည္။
၅။ မႏၱေလးေစ်းခ်ဳိနာရီစင္ကို ၁၉ဝ၉ ခုႏွစ္တြင္ ဝိတိုရိယဘုရင္မႀကီး နန္းသက္ ၆ဝ ျပည့္ အထိမ္းအမွတ္အျဖစ္ တည္ေဆာက္ခ့ဲသည္။ ၁၉၈၅ ခုႏွစ္တြင္ ျမန္မာမွဳအျဖစ္ ျပဳျပင္ခ့ဲသည္။

၆။ “Burma” မွ “Myanmar” သို႔ ၁၉၈၉ခုႏွစ္ ဇြန္လ ၁၈ရက္တြင္ တရားဝင္ေျပာင္းလဲ ေခၚေဝၚသတ္မွတ္ခဲ့သည္။

၇။ ကမၻာ့ပထမဦးဆုံးနွင္႔ ျမန္မာ့ပထမဆုံး ေလယာဥ္ျပန္ေပးဆြဲမွဳသည္ ၁၉၅၄ ခု ဇြန္လ ၂၅ ရက္ေန႔တြင္ ျမန္မာႏိုင္ငံ ဧရာဝတီတိုင္းတြင္ ျဖစ္ပြားခ့ဲသည္။ ကရင္လက္နတ္ကိုင္သုံးဦးက ျမန္မာ့ေလေၾကာင္းသယ္ယူပို႔ေဆာင္ေရးအဖြဲ႔ပိုင္ ဒါကိုတာေလယာဥ္အမွတ္ (XYACT) ကို ျပန္ေပးဆြဲခ့ဲျခင္း ျဖစ္သည္။

ကဲ. . . အခုလုိ ဗဟုသုတရဖြယ္စာအုပ္မ်ားကုိ ဖတ္ရွဳ႕လုိရင္ေတာ့https://www.ads.com.mm/music-movies-books လင့္ခ္အတုိင္း ဝယ္ယူႏုိင္ပါတယ္။
– – – – – – – – – – – – – – – – – – – – – – – – – – — – –

[Unicode]

သမိုင်းထဲက မြန်မာ့သုတ
– – – – – – – – – – – – – – –

၁။ မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော “ပင်လယ်ရေပြင်မျက်နှာပြင်”
(Sea Level) မှာ ကျိုက္ခမီမြို့တွင် “သုည” ဟု သတ်မှတ်ထားပြီးမှ တစ်နိုင်ငံလုံးကိုလိုက်၍ အနိမ့်အမြင့် နှိုင်းယှဉ်ခြင်းဖြစ်သည်။

၂။ မြန်မာ့သမိုင်းတွင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို စတင်ရေးသား ပြုစုခဲ့သူမှာ မက္ခရာမင်းသားကြီး ဖြစ်ပြီး ၁၈၃၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ပုံနှိပ်ခဲ့သည်။ ယနေ့အချိန်တွင် နှစ်အုပ်သာကျန်ရှိပြီး တစ်အုပ်မှာ အမေရိကန်နိုင်ငံ ကွန်ဂရက်စာကြည့်တိုက်နှင့် ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ အမျိုးသားပြတိုက်တို့တွင် ထိန်းသိမ်းထားရှိသည်။

၃။ ၁၉၂၃ ခုနှစ်တွင် ဒါရိုက်တာဦးညီပု ရိုက်ကူးခဲ့သော “တောမြိုင်စွန်က လွမ်းအောင်ဖန်” အသံတိတ်ဇာတ်ကားတွင် ကာတွန်းဦးဘကလေး က ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ပြီး ဒေါ်မိုးဆိုသည့် ဇာတ်ကောင်မင်းသမီးနှင့် တွဲဖက်ကပြခဲ့ရာမှ ဦးရွှေရိုးနှင့်ဒေါ်မိုး အကသည် နိုင်ငံတစ်ဝှမ်းတွင် ပေါ်ပေါက်လာခဲ့သည်။

၄။ မန္တလေးကျုံးသည် အကျယ် ၂၂၅ ပေရှိပြီး အနက်မှာ ၁၁ ပေ ရှိသည်။ မင်းတုန်းမင်းတရားကြီးမှ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် တည်ခဲ့သည်။

၅။ မန္တလေးဈေးချိုနာရီစင်ကို ၁၉ဝ၉ ခုနှစ်တွင် ဝိတိုရိယဘုရင်မကြီး နန်းသက် ၆ဝ ပြည့် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာမှုအဖြစ် ပြုပြင်ခဲ့သည်။

၆။ “Burma” မှ “Myanmar” သို့ ၁၉၈၉ခုနှစ် ဇွန်လ ၁၈ရက်တွင် တရားဝင်ပြောင်းလဲ ခေါ်ဝေါ်သတ်မှတ်ခဲ့သည်။

၇။ ကမ္ဘာ့ပထမဦးဆုံးနှင့် မြန်မာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုသည် ၁၉၅၄ ခု ဇွန်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းတွင် ဖြစ်ပွားခဲ့သည်။ ကရင်လက်နတ်ကိုင်သုံးဦးက မြန်မာ့လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် ဒါကိုတာလေယာဉ်အမှတ် (XYACT) ကို ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။

ကဲ. . . အခုလို ဗဟုသုတရဖွယ်စာအုပ်များကို ဖတ်ရှု့လိုရင်တော့https://www.ads.com.mm/music-movies-books လင့်ခ်အတိုင်း ဝယ်ယူနိုင်ပါတယ်။

Leave a comment