Eyeliner ကို အခြေခံက စလေ့လာကြမယ်

Eyeliner အမျိုးအစား

Eyeliner မှာ ခဲတံရယ်၊ ဆော့ပင်ရယ်၊ အရည်ဘူးလေးရယ်၊ ဂျယ်လ်ဘူးလေးတွေရယ်ဆိုပြီး လေးမျိုးရှိပါတယ်။
ခုမှ စဆိုးမယ့်သူတွေကတော့ ခဲတံကိုရွေးပါလို့ အကြံပေးချင်ပါတယ်။
တကယ်လို့ ဆွဲရင်း မညီမညာဖြစ်သွားတာတို့၊ မလှမပဖြစ်သွားတဲ့အခါမျိုးကျ
ခဲတံက ပြန်ပြင်ရ ပြန်ညှိရ အရမ်းလွယ်ပါတယ်။

အဲ နည်းနည်းလေးကျွမ်းလာပြီဆိုရင်တော့ ဆော့ပင်နဲ့စမ်းဆွဲကြည့်ပါ။
ဆော့ပင်ချွန်လေးနဲ့က Wing လေးတွေဆွဲရတာပိုလွယ်ပါတယ်။ ခဲတံနဲ့ Wing ဆွဲရင် သိပ်အဆင်မပြေနိုင်ပါဘူး။

1

နောက်တစ်ဆင့်က ဂျယ်လ်ဘူးလေးတွေ သုံးကြည့်ပါ။  အဲ့လိုနဲ့ တစ်ဆင့်ချင်း စမ်းသုံးရင်း နောက်ဆုံးအဆင့် အရမ်းကျွမ်းသွားပြီဆိုတော့မှ အရည်ကို စသုံးကြည့်ကြည့်ပါ။
Eyeliner အရောင်ရွေးချယ်မှု

Eyeliner မှာ အရောင်တွေအများကြီးရှိပါတယ်။
အရောင်ပေါ်လိုက်ပြီးတော့လည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေက မတူပါဘူး။

အမည်းရောင် Eyeliner ဆိုရင် မျက်ဝန်းလေးတွေကို သိသာပေါ်လွင်စေပါတယ်။
အညိုရောင်ကတော့ သိမ်မွေ့တဲ့အသွင်လေးဆောင်ပါတယ်။
အဖြူရောင်ကိုတော့ မျက်လုံးအိမ်ကို ပိုကြီးသယောင်ပေါ်စေဖို့အတွက် သုံးပါတယ်။
နေဗီပြာရောင်ကတော့ ခေတ်ဆန်ဆန်အသွင် လူငယ်ဆန်တဲ့အသွင်ရစေပါတယ်။
အရောင်လက်လက်လေးတွေကတော့ တက်ကြွလန်းဆန်းတဲ့အသွင်ဆောင်စေမှာပါ။
ကဲ ကိုယ်လိုချင်တဲ့အသွင်လေးပေါ်မူတည်ပြီးတော့ အရောင်လေးတွေ ရွေးချယ်လိုက်ကြနော်။

အကြံပေးချင်တာက
နေ့လည်ခင်းအတွက်ဆိုရင်တော့ အညိုရောင် Eyeliner လေးကို ရွေးပေးပါ။ ညဘက် ဒင်နာပွဲတွေသွားမယ် Night-out တွေထွက်မယ်ဆိုရင်တော့ အမည်းရောင် Eyeliner က အလန်းဆုံးပါပဲ။

Eyeliner ဆွဲပုံအသေးစိတ်ကိုတော့ နောက်ထပ်ဆောင်းပါးတစ်ပုဒ်မှာ တင်ပြပေးသွားပါမို့
စောင့်ကြည့်ပေးဦးနော်။

ads သူငယ်ချင်းတို့ အမြဲဖက်ရှင်ကျလှပနေစေဖို့ ဖက်ရှင်နဲ့အလှအပဆိုင်ရာပစ္စည်းလေးတွေကို
ads.com.mm မှာ ရှာဖွေကြည့်ဖို့ မမေ့နဲ့ဦးနော်။

ဖက်ရှင်နဲ့အလှအပဆိုင်ရာပစ္စည်းများကိုကြည့်ရန်> https://goo.gl/eDPDGe

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s