အွန်လိုင်းပေါ်ကနေ ဖုန်းမဝယ်ခင် ဘာတွေ စစ်ဆေးဖို့လိုမလဲ

 

ယခင်က Second-hand ဆို “ဟင့်အင်း မဝယ်ချင်ဘူး၊ သူများသုံးပြီးသားချည်း” ဆိုတဲ့
အယူအဆဟောင်းတွေ ထားခဲ့ဖို့ အချိန်တန်ပါပြီ။

Second-hand ပေမယ့် ပစ္စည်းကောင်းပြီး ဈေးတန်တဲ့ ပစ္စည်းတွေ
အွန်လိုင်းပေါ်မှာ ဒုနဲ့ဒေးရှိနေပါပြီ။ အရေးကြီးတာက မဝယ်ခင် ပစ္စည်းတွေကို သေချာ စစ်ဆေးဖို့ပါပဲ။
ဘာတွေစစ်ဆေးဖို့လိုအပ်လဲဆိုတာကို ads.com.mm ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

 

1.png
#ဘာလို့ ဖုန်းပြန်ရောင်းကြတာလဲ –
စမတ်ဖုန်းတွေက နှစ်စဉ် မော်ဒယ်လ်အသစ် ထွက်လေ့ရှိတာကြောင့်
အမြဲတမ်း up-to-date ဖုန်းတွေကိုင်ချင်တဲ့သူတွေအဖို့ကတော့
ဖုန်းမော်ဒယ်အဟောင်းကို ရောင်းပြီး အသစ်ပြန်ဝယ်ကြတာမျိုးရှိသလို၊
တချို့ကလည်း ပိုက်ဆံ ပြန်ပေါ်ချင်လို့ ပြန်ရောင်းကြတဲ့အခါမျိုးလဲရှိတတ်ပါတယ်။
တချို့ကျပြန်တော့လည်း လက်ဆောင်ရလို့ ပိုနေတဲ့အခါ ပြန်ရောင်းတာမျိုးရှိသလို၊
ဝယ်ပြီးမှ အရောင်မကြိုက်တာမျိုး၊ တစ်ခုခုမကြိုက်တာမျိုးတွေကြောင့် ပြန်ရောင်းလေ့ရှိကြပါတယ်။ Continue reading “အွန်လိုင်းပေါ်ကနေ ဖုန်းမဝယ်ခင် ဘာတွေ စစ်ဆေးဖို့လိုမလဲ”

Flat TVတွေကိုစနစ်တကျသန့်ရှင်းရေးလုပ်ကြမယ်

တော်တော်များများ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ တီဗီကို သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ကြပါတယ်။ သန့်ရှင်းရေးလုပ်ရင်လည်း ဖုန်သုတ်လက်စအဝတ်နဲ့ တစ်ခါတည်း သန့်ရှင်းရေးလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမျိုး သန့်ရှင်းရေးလုပ်တာဟာ သင့်ရဲ့ တီဗီကို ပျက်စီးစေပါတယ်။ ဒါကြောင့် သင့် တီဗီလေးကို ဘယ်လိုမျိုး စနစ်တကျသန့်ရှင်းရေးလုပ်လို့ရလဲဆိုတာ ဒီနေ့ ပြောပြပေးမယ်နော်။

(၁) ပထမဆုံး တီဗီကို ပိတ်လိုက်ပါ။
ဒါမှ ဖုန်တွေ၊ အစင်းရာတွေကို သေချာမြင်ရမှာဖြစ်ပါတယ်။

(၂) အမျှင်လေးတွေပါတဲ့အဝတ်စတစ်စကို ယူလိုက်ပါ။
မျက်မှန်ကို သုတ်တဲ့ အဝတ်စလိုမျိုး နူးညံ့ပြီး ခြောက်သွေ့တဲ့ အဝတ်စ ဖြစ်ရပါမယ်။

Continue reading “Flat TVတွေကိုစနစ်တကျသန့်ရှင်းရေးလုပ်ကြမယ်”

ပရော်ဖက်ရှင်နယ်ဆိုတာ

pro.png

ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi’s ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်။အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်။ကျွန်တော့်ရှေ့မှာ လာရပ်တယ်။
“ညီလေးရယ်…..သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ”
ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်။ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။ အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။
“………ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi’s ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်……………”

Continue reading “ပရော်ဖက်ရှင်နယ်ဆိုတာ”

လွယ်လွယ်ကူကူရနိုင်တဲ့ရေခဲလေးတွေနဲ့ ဝက်ခြံကု ကြမယ်

blog.png

ဝက်ခြံရောင်ရမ်းမှုကို လျင်မြန်စွာ လျော့ကျစေဖို့ ရေခဲကို အသုံးပြုနိုင်ပါတယ်။ ရေခဲဟာ မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးများနဲ့စုပုံနေတဲ့ အဆီတွေကို ဖယ်ရှားပေးပါတယ်။ ရေခဲတုံးပဲဖြစ်ဖြစ် ရေခဲအပိုင်းအစပဲဖြစ်ဖြစ် အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ ပိတ်စတစ်ခုထဲမှာ ရေခဲထည့်ပြီး ဝက်ခြံပေါက်နေတဲ့ နေရာတွေကိုစက္ကန့်အနည်းလောက်ကပ်ထားပေးရမှာပါ။(နူးညံ့တဲ့ပိတ်စ)။ အဲ့နောက် ကပ်လိုက်ခွာလိုက် ထပ်ခါတလဲလဲ ပြုလုပ်ပေးရပါမယ်။

Continue reading “လွယ်လွယ်ကူကူရနိုင်တဲ့ရေခဲလေးတွေနဲ့ ဝက်ခြံကု ကြမယ်”