www.ads.com.mm ၏ သိကောင်းစရာအချက်များ

                                            Infographic 2

ကျွန်တော်တို့ မြန်မာပြည်မှာ ကဏ္ဍစုံအခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ကို ပထမဦးဆုံးစတင်သူတွေ ဖြစ်ပါတယ်။ကျွန်တော်တို့ ဝက်ဘ်ဆိုက်ရဲ့ Page ကို လစဉ်ကြည့်ရူသူတွေဟာ (၂) သန်းကျော် ရှိပြီး ကြော်ငြာပေါင်း ( ၆၀၀၀၀) ကျော် ရှိတဲ့ ဝန်ဆောင်မူ၊ အလုပ်အကိုင်နှင့် ပစ္စည်းအမျိုးပေါင်းမြောက်များကိုလဲ ရှာဖွေလေ့ လာဝယ်ယူနိုင်ပါတယ်။

Continue reading “www.ads.com.mm ၏ သိကောင်းစရာအချက်များ”

မြန်မာပြည်တွင်း ဒီဂျစ်တယ်အသုံးပြုမူနူန်းနှင့် အသုံးပြုသူအများဆုံးလူမူကွန်ရက်များ ( Infographic)

                                                 Inforgraphic

မြန်မာနိုင်ငံပြည်အတွင်း မှီတင်နေထိုင်တဲ့ စုစုပေါင်းလူဦးရေပမာဏမှာ ၅၁.၄၂ သန်းဖြစ်ပါတယ်။ဒီပမာဏမှာ မြို့ ပြမှာနေထိုင်တဲ့လူဦးရေ ၃၃% ဖြစ်ပါတယ်။လက်ရှိ မြန်မာနိုင်ငံရဲ့လူဦးရေ ၂.၆ သန်းမှာ ပုံမှန်အင်တာနက်ကိုအသုံးပြုလျှက်ရှိပြီး ၃.၈ သန်းခန့်မှာ လူမှုကွန်ယက်များကိုအသုံးပြုလျှက်ရှိကြပါတယ်။ ၁၃.၃ သန်းကနေ မြန်မာနိုင်ငံသားတွေဟာ မိုဘိုင်းဖုန်းကိုအသုံးပြုပြီး ဒီထဲကမှ ၃.၄ သန်းဟာမိုဘိုင်းဖုန်းနှင့် လူမူကွန်ယက်ကိုအသုံးပြုတာကိုတွေ့ ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိထိပ်တန်း ဝက်(ဘ်)ဆိုဒ်တွေဟာ အခြားနိုင်ငံများနှင့်များစွာ ကွာခြားမှုမရှိပဲ ထိပ်ဆုံးမှာ Googleက ရပ်တည်နေပြီး နာမည်အကြီးဆုံး ဗီဒီယိုမျှဝေမှုဝက်(ဘ်)ဆိုဒ် Youtube, Alibaba နှင့် facebook တို့မှ အစဉ်လိုက်ရပ်တည်လျှက်ရှိတာကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။ ထိပ်တန်းလူမှုကွန်ယက်တွေအနေနဲ့ Facebook, Viber, Wechat နှင့် Beetalk တို့ဖြစ်ပါတယ်။

Continue reading “မြန်မာပြည်တွင်း ဒီဂျစ်တယ်အသုံးပြုမူနူန်းနှင့် အသုံးပြုသူအများဆုံးလူမူကွန်ရက်များ ( Infographic)”

လူမူကွန်ယက်များအသုံးပြုမူ မြင့်တတ်လာခြင်းနှင့် တိုးတက်ပြောင်းလဲမူများ ( Infographic )

                                                      1st crop

ပထမဦးဆုံး Ads Facebook fan page မှာ Like အရေအတွက် ၁ သိန်းပြည့်သွားပြီဖြစ်တဲ့အတွက် ads user များအား ကျေးဇူးအထူးပင်တင်ရှိပါကြောင်းပြောကြားလိုပါတယ်။ကျွန်တော်တို့  Ads user တွေအတွက် စိတ်ဝင်စားစရာကောင်းမယ့် အာရှအတွင်း မြန်မာနိုင်ငံရဲ့ အင်တာနက်အသုံးပြုပုံ နှင့် အလေ့အထများကို infographic နှင့်တင်ဆက်ပေးလိုက်ပါတယ်။

အရှေ့တောင်အာရှအတွင်း လူမှုကွန်ယက်များအသုံးပြုမှု

နိုင်ငံတကာရဲ့ စီးပွားရေး လုပ်ငန်းမှာသော်လည်းကောင်း လူမူရေးလုပ်ငန်းများမှာသော်လည်းကောင်း Social Media ဟာပိုမိုအရေးပါလာသလိုလူတွေအသုံးပြုမူဟာလည်း (၂၀၁၄) နောက်ပိုင်း အသုံးပြုမူ မြင့်တတ်လာတာကို တွေ့ ရှိလာရပါတယ်။အာရှတိုက်အတွင်းအတိုးတတ်ဆုံးနိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာ လူမှုကွန်ယက်အသုံးပြုမှုနှုန်းဟာ ၉၁% အထိမြင့်တတ်လာပြီး မြန်မာနိုင်ငံမှာ လူမှုကွန်ယက်အသုံးပြုမှုနှုန်း ၇%အထိ ရှိလာတာကိုတွေ့ မြင်ရမှာပါ။ အာရှဒေသအတွင်းမှာ ပျမ်းမျှလူမှုကွန်ရက်အသုံးပြုနှုန်းမှာ ၂၇% ခန့်အထိကို မြင့်တတ်လာတာတွေ့ ရမှာဖြစ်ပါတယ်။

Continue reading “လူမူကွန်ယက်များအသုံးပြုမူ မြင့်တတ်လာခြင်းနှင့် တိုးတက်ပြောင်းလဲမူများ ( Infographic )”