အိပ်စက်ခြင်းရဲ့ ကောင်းကျိုးများ
blogsleep.png
ပိတ်ရက်မှာ အတိုးချအိပ်မယ်လို့ ကြံထားတဲ့
ပရိတ်သတ်ကြီးအတွက် အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို
တင်ဆက်ပေးလိုက်ပါတယ်နော်။
(၁) နာကျင်မှုလျော့နည်းစေတယ်
အိပ်ရေးဝဝအိပ်ခြင်းဟာ နာကျင်မှုတွေကို သက်သာစေတယ်လို့ဆိုပါတယ်။
(၂) အန္တရာယ်ကင်းစေတယ်
အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆဖြစ်မှု ငါးခုမှာ
တစ်ခုက အိပ်ငိုက်ပြီး ကားမောင်းတာကြောင့်လို့ ဆိုပါတယ်။
လှေကားပေါ်က ခြေချော်ကျတာမျိုး၊
ဟင်းသီးဟင်းရွက်လှီးရင်း ဓားရှတာမျိုးတွေဟာ
အိပ်ရေးမဝတာမျိုးငေ့် ဖြစ်တတ်ပါတယ်။
(၃) စိတ်ခံစားမှု ပိုကောင်းစေတယ်
အိပ်ရေးဝဝ အိပ်စက်ထားတဲ့အခါ
ခေါင်းကြည်နေပြီး စိတ်ခံစားမှုတွေ ကောင်းနေမှာဖြစ်ပါတယ်။
အိပ်ရေးမဝဘဲ ပင်ပန်းနွမ်းနယ်နေရင်တော့
တခြားသူတွေထက် စိတ်ခံစား ပိုလွယ်နေပါလိမ့်မယ်။
(၄) ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်
အိပ်ရေးဝဝအိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ အိပ်ရေးမဝတဲ့သူတွေဟာ
အိပ်ရေးဝတဲ့သူတွေထက်စာရင် ဗိုက်ပိုဆာတတ်ကြတာကြောင့်ပါ။
(၅) အတွေးရှင်းစေတယ်
အိပ်ရေးဝခြင်းဟာ သင့်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို တိုးမြှင့်စေပါတယ်။
(၆) မှတ်ဥာဏ်ကိုပိုမြင့်စေတယ်
အိပ်ရေးဝတဲ့သူတစ်ယောက်ဟာ မှတ်မိနိုင်စွမ်း ပိုမြင့်မားလေ့ရှိကြပါတယ်။
(၇) ကိုယ်ခံစွမ်းအားပိုကောင်းလာစေတယ်
အိပ်ရေးမဝတဲ့သူတွေက အိပ်ရေးဝတဲ့သူတွေထက်စာရင်
အအေးမိလွယ်တယ်လို့ ဆိုပါတယ်။
(၈) ပိုပျော်ရွှင်စေတယ်
အိပ်ရေးဝဝအိပ်ခြင်းဟာ အားအင်ပိုမိုပြည့်စေပြီး
ပျော်ရွှင်စေတာကြောင့် စိတ်ဖိစီးမှုကနေ သက်သာစေပါတယ်။
(၉) ဆွဲဆောင်မှုရှိစေတယ်
အိပ်ရေးဝတဲ့သူတစ်ယောက်အဖို့
မျက်ကွင်းညိုတဲ့ ပြဿနာတွေ၊ အသားအရေ မည်းညစ်မှုတွေကို
ရင်ဆိုင်စရာ မလိုတော့ပါဘူး။
ဒါ့အပြင် ဝက်ခြံ၊ ပါးရေတွန့်ခြင်းနဲ့
ဆံပင်ကျန်းမာရေးတို့နဲ့ ပက်သက်ပြီးတော့လည်း
စိတ်ပူစရာမလိုတော့ပါဘူး။
ဒီအချက်လေးတွေကြောင့် များများသာ အိပ်ပါလို့ 😉
ကျန်းမာရေးနဲ့ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူချင်တဲ့ ပရိတ်သတ်ကြီးအနေနဲ့
ဒီလင့်ခ်အတိုင်း >> https://www.ads.com.mm/health–beauty-my
သွားရောက်ကြည့်ရှုနိုင်ပါတယ်နော်။
#SellAndBuyEverything #Adscommm #HealthAndBeauty
#Prosofsleepingenough
ဇီကာဗိုင်းရပ်စ် ကာကွယ်ရေး နှိုးဆော်ချက်
zika
ဧရာဝတီ
ဇီကာဗိုင်းရပ်စ်သည် အေဒီစ်(Aedes) ခြင်ကျားမှ တဆင့်ကူးစက်ခြင်းဖြစ်ပြီး၊ အဆိုပါ ခြင်ကျားသည် နေ့အချိန် လူကိုကိုက်ခြင်းမှ ကူးစက်ရောဂါဖြစ်စေနိုင်သည်။
အဆိုပါ ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားပြီး၊ ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ကားတာယာ၊ ပလတ်စတစ်ခွက် စသည့်တို့တွင် တွေ့ရသည်။
ထို့ကြောင့် ရေလှောင်ထားသည့် အိုးခွက်များကို ခြင်များ ၀င်ရောက်ကာ ဥမဥနိုင်စေရန် လုံခြုံစွာ ဖုံး အုပ်ထားရန်၊ ခြင်ကျား လောက်လန်းတွေ့ရှိပါ က ရေကိုသွန်ပစ်ရန်၊ ခြင်ကိုက် မခံရစေရန် ခြင်ဆေး လိမ်းခြင်း၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ၀တ်ဆင်ခြင်း၊ နေအိမ်ခြင်လုံဇကာများ တပ်ဆင် ခြင်း လိုအပ်ပါသည်။
ခြင်ကိုက်ခံရပြီး ၂ရက်မှ ၇ရက်အတွင်း ရောဂါလက္ခဏာ စတင်ဖြစ်ပေါ်နိုင်ပြီး၊ ရောဂါကူးစက်ခံရသူ ၅ ဦးတွင် ၁ ဦး၌ ရောဂါ လက္ခဏာ ပေါ်ပေါက်ကြောင်း သိရှိနိုင်သည်။
အဓိက ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား/ အဆစ်များ နာကျင်ခြင်း တို့ ဖြစ်တတ်ပါသည်။ ဇီကာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း ၏ နောက်ဆွဲတွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွားခြင်းအပေါ် ဆက်စပ်မှု ရှိ မရှိ သက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးစားလျက်ရှိပါသည်။
ဇီကာ ဗိုင်းရပ်စ် ရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါ သက်သာရန်အတွက်သာ ကုသ ပေးနိုင်ပါသည်။ အနားယူခြင်း ၊ ရေလုံလောက်စွာ သောက်သုံးခြင်း၊ ဆေးမြီတိုများနှင့် အခြားအကိုက် အခဲပျောက်ဆေးများကို မသောက်ရန် ဖြစ်ပါသည်။
ပါရာစီတမော့ဆေးကိုသာ အညွှန်းအတိုင်းသောက်သုံးရန်နှင့် ဇီကာ ဗိုင်းရပ်စ်ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများသို့ သွားရောက်ပြသ စစ်ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။
credit #ကျန်းမာရေးဝန်ကြီးဌာန
မျက်လုံးလေးတွေကျန်းမာနေစေဖို့
blog.png
ဒီနေ့ခေတ်ဟာ အိုင်တီခေတ်ဖြစ်လာတာနဲ့အမျှ
စာရင်းဖိုင်တွေ စာအုပ်တွေ ဘောပင်တွေနဲ့ပဲ အလုပ်လုပ်ရတဲ့ခေတ်မဟုတ်တော့ပါဘူး။
ကွန်ပျူတာနဲ့ အလုပ်လုပ်ရတဲ့ခေတ်ဖြစ်နေပါပြီ။
ကွန်ပျူတာမျက်နှာပြင်နဲ့ ဖုန်းမျက်နှာပြင်ကြည့်ဖြစ်တဲ့အချိန်က
ပျမ်းမျှအားဖြင့် အနည်းဆုံး  ၉နာရီလောက်ရှိတတ်ပါတယ်။
ဒီလို အချိန်ကြာမြင့်စွာ မျက်လုံးကို အနားမပေးပဲ
အိုင်တီပစ္စည်းတွေကို ကြည့်ခြင်းဟာ မျက်လုံးကို ထိခိုက်စေပါတယ်။
ဒါတွေကို ကာကွယ်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) မျက်လုံးအားကောင်းစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားပါ
ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် antioxidant တွေ ကြွယ်ဝစွာပါဝင်တဲ့
အစားအစားမျိုးကို ရွေးချယ်စားသုံးပေးပါ။ အိုမီဂါသုံးနှင့် ဇင့်ဓာတ်ပါဝင်တဲ့အစားအစာတွေကိုလည်း ရွေးချယ်စားသုံးပေးပါ။
ဥပမာ မုန်လာဥနီ၊ လိမ္မော်သီး၊ သံပယိုသီးကဲ့သို့သော
ဗီတာမင်စီကြွယ်ဝစွာပါဝင်တဲ့ သစ်သီးများ၊
ဂေါ်ဖီထုပ်၊ ကိုက်လန်လိုမျိုး အစိမ်းရောင်အရွက်တွေကို စားပေးသင့်ပါတယ်။
ဒါ့အပြင် ဥအမျိုးမျိုး၊ စပျစ်သီး၊ တူနာငါးတွေကိုလည်း စားသုံးပေးသင့်ပါတယ်။
(၂) အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကို သက်တောင့်သက်သာဖြစ်ပါစေ
အလုပ်လုပ်ရတဲ့နေရာက သက်တောင့်သက်သာမဖြစ်ခြင်းဟာလည်း
မျက်စိကို ပိုပင်ပန်းစေပါတယ်။
ဒါကြောင့် ကွန်ပျူတာမော်နီတာကို မျက်လုံးနဲ့
လက်မ၂၀ကနေ ၂၆လက်မ အနည်းဆုံးခွာပြီး ကြည့်သင့်ပါတယ်။
(၃) မျက်မှန်တပ်ဆင်ပါ
နေကာမျက်မှန်တပ်ဆင်ခြင်းဟာ
နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းနှင့် UVA နှင့်
UVB တို့မှလည်း ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ကွန်ပျူတာအသုံးပြုတဲ့အခါမှာ
မျက်လုံးစူးရှမှုကနေ မျက်လုံးကို ကာကွယ်ပေးဖို့အတွက်လည်း
မျက်မှန်ကောင်းကောင်းကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။
(၄) အလင်းရောင်လုံလောက်စွာရရှိပါစေ
အလုပ်လုပ်တဲ့အခါမှာ အလင်းရောင်လုံလောက်စွာရရှိဖို့လည်းအရေးကြီးပါတယ်။
အလင်းရောင် အရမ်းမများသင့်သလို အလင်းလည်းအရမ်းမဖျော့သင့်ပါဘူး။
ဒါ့အပြင် ကွန်ပျူတာအလင်းအမှောင်ကို ညှိဖို့လည်း လိုအပ်ပါတယ်။
သင့်မျက်လုံးနဲ့ သင့်တင့်တဲ့ စာလုံးအရွယ်အစားမျိုးကိုလည်း ရွေးချယ်သင့်ပါတယ်။
(၅) ခဏတာ အနားယူပါ
ကွန်ပျူတာကို တောက်လျှောက်အသုံးပြုတာထက်စာရင်
မိနစ်ပိုင်းလောက် ကွန်ပျူတာကို မကြည့်ဘဲ ခဏတာ အနားယူသင့်ပါတယ်။
မျက်လုံးကိုပိတ်ပြီး ၃မိနစ်ခန့် အနားယူပေးပါ။
ကွန်ပျူတာရှေ့မှာ မိနစ်ငါးဆယ် အသုံးပြုပြီးတာနဲ့
၁၀မိနစ်ခန့် အနားယူပေးသင့်ပါတယ်။
မျက်လုံးတွေ အင်မတန် ညောင်းညာနေတယ်လို့
ခံစားရရင် မျက်ခွံပေါ်မှာ သခွားသီးစိပ်လေးတွေ ကပ်ပေးပါ။
(သခွားသီးလေးတွေကို ရေခဲသေတ္တာထဲ ထည့်ထားပေးပါ)
(၆) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစေရုံသာမက
အမြင်အာရုံကိုပါ အားနည်းစေပါတယ်။
(၇) လက်တွေကို သန့်ရှင်းနေပါစေ
ရောဂါပိုးမွှား မဝင်စေဖို့အတွက်
လက်တွေကို အမြဲ ဆေးကြောသန့်စင်ပေးပါ။
မျက်ကပ်မှန်တပ်တဲ့သူတွေအနေနဲ့
လက်တွေကို သန့်စင်အောင် ပိုထားဖို့ အရေးကြီးပါတယ်။
(၈) မျက်လုံးတွေကို အနွေးဓာတ်ပေးပါ
လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး အနွေးဓာတ်ရယူပါ။
ထို့နောက် မျက်လုံးပေါ်မှာ ငါးစက္ကန့်ခန့်ထားပါ။
သုံးကြိမ်လောက် ပြုလုပ်ပေးပါ။
(၉) မျက်လုံးလှည့်ပါ
လက်ယာရစ်အတိုင်း မျက်လုံးအိမ်ကို ဖြည်းဖြည်းချင်းလှည့်ပတ်ပေးပါ။
ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။
လက်ဝဲရစ်အတိုင်းလည်း ဆယ်ကြိမ်ခန့် ပြုလုပ်ပေးပါ။
(၁၀) နားထင်လေးတွေကို နှိပ်နယ်ပေးပါ
လက်မရဲ့ လက်ဆစ်လေးတွေကို သုံးပြီးတော့
နားထင်ကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။
Ads.com.mm အခမဲ့ကဏ္ဍစုံကြော်ငြာဝက်ဘ်ဆိုက်ဒ်မှာ
ကျန်းမာရေးနဲ့အလှပြင်ပစ္စည်းတွေကို
ဒီလင့်ခ်အတိုင်း >> https://www.ads.com.mm/health–beauty-my
ဝယ်ယူရရှိနိုင်တယ်ဆိုတာ မမေ့နဲ့ဦးနော်။
ဒါမှမဟုတ် ပိုနေတဲ့ပစ္စည်းတွေကို ပြန်ရောင်းချင်တယ်ဆိုရင်တော့
ဒီလင့်ခ်မှာ >> https://www.ads.com.mm/posts/new
အခမဲ့ကြော်ငြာတင်ရောင်းချနိုင်ပါသေးတယ်နော်။
#SellAndBuyEverything #Adscommm #HealthAndBeauty #EyesHealth
Untitled design
[Zawgyi]
– – – – – – – – – – – – – – – – – –
၃။ အရွယ်တင်နုပျိုစေတယ်။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
[Unicode]
နှမ်းဆီစားခြင်း၏ အကျိုး(၈)မျိုး
– – – – – – – – – – – – – – – – – –
နှမ်းဆီသည် ယနေ့ခေတ်လူမှုနယ်ပယ်တွင် မရှိမဖြစ်ရာ အရေးပါသော စားသုံးဆီတစ်မျိုးအဖြစ် ရပ်တည်လျက်ရှိပါသည်။ ယခုတစ်ပတ်မှာတော့ ပရိသတ်ကြီးအတွက် နှမ်းဆီ၏အားသာချက် (၈) ချက်ကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။
၁။ နှလုံးကို ကျန်းမာစေတယ်။
နှမ်းဆီ၏ အားသာချက်တစ်မျိုးမှာ နှလုံးကို အားကောင်းစေခြင်းဖြစ်ပါသည်။ နှမ်းဆီသည် နှလုံးရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး နှလုံးအဆီပိတ်ခြင်းကို ကာကွယ်ပါသည်။
၂။ အသားအရေကို နုညံ့စေတယ်။
နှမ်းဆီသည်လည်း အသားအရေကို နုညံ့စေပါတယ်။နှမ်းဆီသည် အသားအရေကို ချောမွေ့စေသော အာဟာရဓာတ်များကို ထောက်ပံ့ပေးပါသည်။နှမ်းဆီတွင် သက်စောင့်ဓာတ် ( Vitamin E) အမြောက်အများပါဝင်သောကြောင့် နေလောင်ခြင်းမှ ကာကွယ်ပေးပြီး အသားအရေ မွဲခြောက်ခြင်း၊အရေပြားတွန့်ခြင်းမှ ကာကွယ်ပေးပါသည်။
၃။ အရွယ်တင်နုပျိုစေတယ်။
နှမ်းဆီသည် ခန္ဒာကိုယ်မှ ရောဂါဘယများကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေပါတယ်။ နှမ်းဆီသည် ဦးနှောက်နှင့်အာရုံကြောရောဂါများ၊ကင်ဆာရောဂါများကို ကာကွယ်ပေးပါသည်။
၄။ အဆစ်အမြစ်ရောဂါကို ကာကွယ်ပေးပါတယ်။
နှမ်းဆီသည် အရိုးအကြောရောဂါများနှင့် ဆက်စပ်နေပါသည်။ နှမ်းဆီသည် ဒူးအဆစ်အမြစ်ရောင်ရောဂါများကို ကာကွယ်နိုင်စေသည်ဟု လေ့လာမှုတစ်ရပ်အရ သိရသည်။
၅။ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
နှမ်းဆီစားသုံးခြင်းသည် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါသည်ဟု လေ့လာမှုတစ်ရပ်အရ သိရပါသည်။နှမ်းဆီးစားသုံးခြင်းသည် သွားနှင့်တံတွေးတွင်ရှိသော သန္ဓေပြောင်းသတ္တဝါများကို လျော့ချခြင်းမှ ကူညီပေးပါသည်။
၆။ နှမ်းဆီသည် အသားဓာတ်ကြွယ်ဝပါတယ်။
အသားငါးများတွင်သာ အသားဓာတ် (Protein) ကြွယ်ဝသည်ဟု လူတိုင်းနားလည်ထားသော်လည်း နှမ်းဆီသည်လည်း အသားဓာတ်ပိုမိုကြွယ်ဝပါသည်။ နှမ်းဆီတစ်အောင်စတွင် အသားဓာတ် ၅ဂရမ်မျှ ပါဝင်သည်ဟု လေ့လာမှုတစ်ရပ်အရ သိရပါသည်။
၇။ နှမ်းဆီသည် ဆီးချို၊သွေးချို ရောဂါများကို ကာကွယ်တယ်။
နှမ်းဆီ၏ အံဖွယ်အကျိုးအာနိသင်တစ်ခုမှာ ဆီးချို၊သွေးချိုရောဂါများကို ကာကွယ်နိုင်ခြင်းပင် ဖြစ်သည်။ နှမ်းဆီကို ပုံမှန်စားသုံးခြင်းသည် ဆီးချို၊သွေးချိုရောဂါပျောက်ဆေးများကို အထောက်အကူပြုစေသည်ဟု ၂ဝ၁၁တွင် အမေရိကန်ဆေးဝါးနှင့်အာဟာရဂျာနယ်၏ သုတေသနတစ်ရပ်အရ သိရပါသည်။
၈။ နှမ်းဆီသည် သွေးဖိအားကို လျော့နည်းစေတယ်။
နှမ်းဆီသည် သွေးဖိအားကို လျော့နည်းစေပြီး သွေးတိုးရောဂါကို ကာကွယ်ပေးပါသည်။ နှမ်းဆီတွင် ပါဝင်သော မဂ္ဂနီဆီယမ်သည် ခန္ဓာကိုယ်ရှိသွေးဖိအားကို တည်ငြိမ်စေပါသည်။
Ads.com.mm ပရိသတ်ကြီးရေ နှမ်းဆီကဲ့သို့ ကျန်းမာရေးနှင့်ကိုက်ညီသော စိုက်ပျိုးရေးနှင့်စားသောက်ကုန်ပစ္စည်းများကို စီးပွားရေးလုပ်ငန်းဆိုင်ရာကဏ္ဍတွင်https://www.ads.com.mm/business  လင့်ခ်အတိုင်း ဝင်ရောက်ဝယ်ယူနိုင်ပါတယ်။