Night Out ထြက္သူမ်ားအတြက္ မိုးလင္းေပါက္ဖြင့္တဲ့ ဆုိင္ ၇ ဆိုင္

Untitled design (4)[Zawgyi]

Night Out ထြက္သူမ်ားအတြက္ မိုးလင္းေပါက္ဖြင့္တဲ့ ဆုိင္ ၇ ဆိုင္
– – – – – – – – – – – – – – – – – – – – — — – — – – — – – – – – –

ဒီတစ္ပတ္ Ads.com.mm ပရိသတ္ေတြအတြက္ လွ်ပ္စစ္မီးနဲ႔ ရာသီဥတုဒဏ္ေၾကာင့္ ညဘက္ အိပ္မေပ်ာ္လို႔ တေရးႏိုး ဗိုက္ဆာတဲ့အခါ ညလယ္စာအျဖစ္ သြားစားႏိုင္မယ့္ ဆုိင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ေက်ာက္မဲ ယူနန္ စားေသာက္ဆုိင္

ေက်ာက္မဲ ယူနန္ဆိုင္ဟာ သက္ေသာင့္သက္သာရွိတဲ့ ဆိုင္အခင္းအက်င္းရွိၿပီး ညလယ္စာအျဖစ္ ထမင္းေၾကာ္နဲ႔ ဟင္းအမ်ိဳးမ်ိဳး၊ မုန္႔ဟင္းခါး၊ တို႔ဟူးေႏြး၊ ရွမ္းေခါက္ဆြဲြဲနဲ႔ ဝက္သား တုတ္ထိုး တို႔ကိုပါ မွာယူစားသုံးႏိုင္ပါတယ္။ ထမင္းေၾကာ္ကို ၾကက္ေၾကာ္၊ ဝက္အခ်ိဳခ်က္၊ ဆိတ္မြ၊ ၾကက္ဥခ်က္ စတာေတြနဲ႔ တစ္ပြဲကို ၂ဝဝဝ က်ပ္ႏႈန္းနဲ႔ မွာယူစားသုံးႏိုင္ပါတယ္။ အရံဟင္းအျဖစ္ ခ်ဥ္ေပါင္ေၾကာ္နဲ႕ ဘာလေခ်ာင္ေၾကာ္ကိုပါ ထမင္းေၾကာ္နဲ႔အတူ ထည့္ေပးပါတယ္။ မုန္႕ဟင္းခါးတစ္ပြဲကို ပုံမွန္ အေၾကာ္နဲ႔ ၁ဝဝဝက်ပ္၊ တို႔ဟူးေႏြး၊ ရွမ္းေခါက္ဆြဲတုိ႔ကို ေစ်းႏႈန္း၂ဝဝဝ က်ပ္နဲ႔ မွာယူ စားသုံး ႏိုင္ပါတယ္။ ညလယ္စာကို ည ၁၀ နာရီမွ စတင္ မွာယူႏိုင္ၿပီး မနက္ ေလးနာရီအထိ ေရာင္းခ်ေပးတယ္ လို႔ သိရပါတယ္။

လိပ္စာ- အမွတ္ (၂၆)၊ ဆရာစံလမ္း၊ Alfa ဟိုတယ္ေရွ႕။

(၂) ဦးေရခဲလမ္း မုန္႔ဟင္းခါး

ေနာက္တစ္ဆိုင္အေနနဲ႔ မုန္႔ဟင္းခါး ႀကိဳက္သူေတြအတြက္ က်ိဳက္ဝိုင္းဘုရားလမ္းနဲ႔ အင္းစိန္လမ္းဆုံ အနီးမွာရွိတဲ့ ဦးေရခဲလမ္း မုန္႔ဟင္းခါးဆိုင္ကို ညႊန္းျပခ်င္ပါတယ္။ ဒီဆိုင္ေလးဟာ လြန္ခဲ့တဲ့ ႏွစ္ အေတာ္ၾကာကတည္းက စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ညေန ၆ နာရီမွ မနက္ ၃ နာရီ အထိ ေရာင္းခ်ေလ့ ရွိပါတယ္။ မုန္႔ဟင္းခါးနဲ႔ တြဲဖက္စားႏိုင္တဲ့ ပဲေၾကာ္၊ ဘူးသီးေၾကာ္၊ ၾကက္သြန္ေၾကာ္၊ အိုးဘဲဥ၊ ပဲေသြး အျပင္ အျခား အမယ္စုံလင္တာေၾကာင့္ ကိုယ္ပိုင္ကားေတြနဲ႔ တကူးတက လာေရာက္ စားသံုးၾကတဲ့အထိ နာမည္ႀကီး လူႀကိဳက္မ်ားပါတယ္။ လူအရမ္းက်တဲ့အခ်ိန္ဆို ကိုယ္တိုင္ကိုယ္က် ထၿပီး မွာႏိုင္မွ ျမန္ျမန္ စားရပါတယ္။ အရသာ ေကာင္းမြန္ၿပီး ေစ်းႏႈန္းလည္း သင့္တင့္ပါတယ္။

လိပ္စာ – ဦးေရခဲလမ္း၊ က်ိဳက္ဝိုင္းဘုရားလမ္းႏွင့္ အင္းစိန္လမ္းဆုံအနီး။

(၃) ေရႊျမန္မာ ဒံေပါက္

Aircon ခန္းထဲမွာ ေအးေအးလူလူနဲ႕သက္ေသာင့္သက္သာ စားခ်င္သူမ်ားအတြက္ ေရႊဂုံတိုင္လမ္းမႀကီး၊ SSC ေဆးရုံအနီးမွာရွိတဲ့ ေရႊျမန္မာဒံေပါက္ဆိုင္ကို ညႊန္းခ်င္ပါတယ္။ ဒီဆိုင္မွာ ဒံေပါက္၊ ၾကက္ဆီထမင္း၊ ဆိတ္သားပလာတာ၊ ၾကက္သားပလာတာနဲ႕ ႏိုင္ငံျခားမွတင္သြင္းလာတဲ့ အသီးေဖ်ာ္ရည္ စစ္စစ္တို႔ကို မွာယူစားသုံးႏိုင္ပါတယ္။ ေစ်းႏႈန္းအေနနဲ႔ ဒံေပါက္တပြဲကို ၂၅ဝဝ က်ပ္၊ ၾကက္ဆီထမင္းတစ္ပြဲ ၂ဝဝဝ က်ပ္ နဲ႔ ၾကက္သားပလာတာ တစ္ပြဲကို ၁၈ဝဝ က်ပ္ ရွိပါတယ္။ ဒီဆိုင္ကေတာ့ ၂၄ နာရီ ဖြင့္လွစ္တယ္လို႔ သိရပါတယ္။

လိပ္စာ- အမွတ္၂ (ေအ)၊ ေအာင္ခ်မ္းသာအိမ္ယာ၊ အေရွ႕ေရႊဂုံတိုင္လမ္း၊ SSC ေဆးရုံအနီး။

(၄) ဖက္တီးမ ထမင္းေၾကာ္

အေနာ္ရထာလမ္းနဲ႔ ၁၇ လမ္းေထာင့္မွာရွိတဲ့ ဖက္တီးမ ထမင္းေၾကာ္ဆိုင္မွာေတာ့ ထမင္းေၾကာ္နဲ႔ ဟင္းအမယ္မ်ိဳးစုံအျပင္ အသုပ္မ်ိဳးစုံ၊ ေဖ်ာ္ရည္မ်ိဳးစုံ မွာယူ စားေသာက္ႏိုင္ပါတယ္။ ဒီဆိုင္မွာ နာမည္ႀကီး လူႀကိဳက္မ်ားတာကေတာ့ ဆိတ္႐ိုးစြပ္ျပဳတ္ျဖစ္ၿပီး ည ၁၁ နာရီ ေနာက္ပိုင္းဆုိရင္ အမွာမ်ားၿပီး ေစာေစာကုန္တတ္လို႔ စားရဖို႔ မေသခ်ာပါဘူး။ အျခားဟင္းမ်ားအေနနဲ႔ အမဲႏွပ္၊ ဝက္မ်ွစ္ခ်ဥ္၊ ငါးက်ည္းေၾကာ္၊ ငါးသလဲထိုးေၾကာ္၊ ေျပာင္းဖူးေၾကာ္၊ ဆိတ္မႊ ၊ လက္ဖက္သုပ္၊ ၾကက္ေၾကာ္သုပ္စတဲ့ အသုပ္မ်ိဳးစုံ မွာယူစားသုံးႏိုင္ပါတယ္။ ညေန ၇ နာရီ မွ မနက္ ၄ နာရီ ထိ ဖြင့္လွစ္ပါတယ္။

လိပ္စာ- အေနာ္ရထာလမ္း ႏွင့္ ၁၇ လမ္းေထာင့္။

(၅) New Khum Wai

ေနာက္ထပ္ Aircon နဲ႔ သက္ေသာင့္သက္သာ စားႏိုင္မယ့္ဆိုင္ကေတာ့ ဦးခ်စ္ေမာင္လမ္းေပၚမွာရွိတဲ့ New Khum Wai ပဲျဖစ္ပါတယ္။ ဒီဆိုင္မွာဆိုရင္ ေဟာ့ေပါ့၊ ဘာဂါနဲ႔ ကခ်င္ဟင္းလ်ာမ်ား မွာယူစားသုံး ႏိုင္ပါတယ္။ ေစ်းႏႈန္းအေနနဲ႔ ဘာဂါတလုံးကို ၂၅၀၀က်ပ္၊ ကခ်င္ဟင္းလ်ာေတြကို ၃၅၀၀ က်ပ္မွ စတင္မွာယူႏိုင္ၿပီး ေဟာ့ေပါ့အေနျဖင့္ မိမိႀကိဳက္ႏွစ္သက္ရာ အမ်ိဳးအမည္ကို မွာယူစားသုံးႏိုင္ပါတယ္။ ဆိုင္ဖြင့္ခ်ိန္ ၂၄နာရီ ျဖစ္ပါတယ္။

လိပ္စာ- အမွတ္ (S-၂၇)၊ ဦးခ်စ္ေမာင္ အိမ္ယာ၊ ဦးခ်စ္ေမာင္လမ္း။

(၆) ေဘာဂဆီခ်က္၊ ေကာ္ရည္

ေနာက္တဆိုင္ကေတာ့ တရုတ္တန္း၊ ၁၇ လမ္း အနီးမွာရွိတဲ့ ေဘာဂဆီခ်က္ဆိုင္ပဲ ျဖစ္ပါတယ္။ ေဘာဂဆီခ်က္ဟာဆိုရင္ ႏွစ္ေပါင္းအေတာ္ၾကာ ရပ္တည္ခဲ့ၿပီး အရသာကလည္း ေျပာစရာ မလိုေအာင္ အထူးေကာင္းမြန္ပါတယ္။ ၾကက္ေပါင္းဆီခ်က္၊ နံ႐ိုးေပါင္းဆီခ်က္၊ ၾကက္ေပါင္းေကာ္ရည္၊ နံ႐ိုးေပါင္း ေကာ္ရည္ စတာေတြကို မွာယူစားသုံးႏိုင္ပါတယ္။ ဒါ့အျပင္ ဒီဆိုင္ရဲ႕အနီးမွာ ဝက္သားတုတ္ထိုး ဆိုင္ေတြကလည္း မနက္ ၃ နာရီ အထိေရာင္းတဲ့အတြက္ ဝက္သားတုတ္ထိုးပါ တခါတည္း စားႏိုင္ပါတယ္။ ေဘာဂဆီခ်က္ရဲ႕ ဆိုင္ဖြင့္ခ်ိန္က၂၄ နာရီျဖစ္ပါတယ္။

လိပ္စာ- အမွတ္ (၇၃၇)၊ မဟာဗႏၶဳလလမ္း၊ ၁၇ လမ္း အနီး။

(၇) ပြင့္သစ္စမ္း

ေနာက္ဆုံးအေနနဲ႔ လူစည္ကားၿပီး အစားအေသာက္အမ်ိဳးစုံရတဲ့ ပြင့္သစ္စမ္း လက္ဖက္ရည္ဆိုင္ကို ညႊန္းခ်င္ပါတယ္။ ယခင္ စဖြင့္ခါစက ဝါးထရံသီးသန္႔ခန္းေလးေတြနဲ႔ စဖြင့္ခါရာကေန အခုဆိုရင္ အေဆာက္အအံုအသစ္နဲ႔ ေျပာင္းလဲဖြင့္လွစ္ထားတာ ေတြ႔ရပါတယ္။ ထမင္းေၾကာ္နဲ႔ ဟင္းမ်ိဳးစုံ၊ နံျပား၊ ပလာတာ၊ တရုတ္အစားအစာ အမ်ိဳးမ်ိဳးအျပင္ တျခားအမ်ိဳးအမည္မ်ားစြာ မွာယူစားသုံးႏိုင္ပါတယ္။ ၂၄ နာရီ ဖြင့္လွစ္ထားၿပီး တခါတရံ ထိုင္စရာေနရာရဖို႔ အနည္းငယ္ေစာင့္ရပါတယ္။

လိပ္စာ- အမွတ္ ၅၂၀ (ေအ)၊ ကမာၻေအးဘုရားလမ္း၊ Excel Tower အနီး။

ကဲ… ညဘက္ ေစာေစာမအိပ္တတ္တဲ့ ပရိသတ္ေတြအတြက္ ရန္ကုန္ၿမိဳ႕မွာရိွတဲ့ မိုးလင္းေပါက္ ဖြင့္တဲ့ ဆိုင္ေတြမွာ ဗိုက္ျဖည့္ႏိုင္ပါၿပီ။ အခ်က္အလက္မ်ားကို Foodie Myanmar မွ ကူးယူေဖာ္ျပပါတယ္။ ေနာက္ထပ္ ညဘက္မွာဖြင့္ေသးတဲ့ဆုိင္မ်ားရွိရင္ ထပ္ျဖည့္ေပးဦးေနာ္။

က်ေနာ္တုိ႔ Ads.com.mm အခမဲ့ေၾကာ္ျငာဝက္ဘ္ဆုိက္မွာလည္း သင္လုိအပ္ေသာအစားအေသာက္မ်ားကုိ စုိက္ပ်ိဳးေရးႏွင့္စားေသာက္ကုန္မ်ားက႑တြင္https://www.ads.com.mm/agriculture-food လင့္ခ္အတုိင္း ဝယ္ယူႏုိင္ပါတယ္။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – —

[Unicode]

Night Out ထွက်သူများအတွက် မိုးလင်းပေါက်ဖွင့်တဲ့ ဆိုင် ၇ ဆိုင်
– – – – – – – – – – – – – – – – – – – – — — – — – – — – – – – – –

ဒီတစ်ပတ် Ads.com.mm ပရိသတ်တွေအတွက် လျှပ်စစ်မီးနဲ့ ရာသီဥတုဒဏ်ကြောင့် ညဘက် အိပ်မပျော်လို့ တရေးနိုး ဗိုက်ဆာတဲ့အခါ ညလယ်စာအဖြစ် သွားစားနိုင်မယ့် ဆိုင်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကျောက်မဲ ယူနန် စားသောက်ဆိုင်

ကျောက်မဲ ယူနန်ဆိုင်ဟာ သက်သောင့်သက်သာရှိတဲ့ ဆိုင်အခင်းအကျင်းရှိပြီး ညလယ်စာအဖြစ် ထမင်းကြော်နဲ့ ဟင်းအမျိုးမျိုး၊ မုန့်ဟင်းခါး၊ တို့ဟူးနွေး၊ ရှမ်းခေါက်ဆွွဲနဲ့ ဝက်သား တုတ်ထိုး တို့ကိုပါ မှာယူစားသုံးနိုင်ပါတယ်။ ထမင်းကြော်ကို ကြက်ကြော်၊ ဝက်အချိုချက်၊ ဆိတ်မွ၊ ကြက်ဥချက် စတာတွေနဲ့ တစ်ပွဲကို ၂ဝဝဝ ကျပ်နှုန်းနဲ့ မှာယူစားသုံးနိုင်ပါတယ်။ အရံဟင်းအဖြစ် ချဉ်ပေါင်ကြော်နဲ့ ဘာလချောင်ကြော်ကိုပါ ထမင်းကြော်နဲ့အတူ ထည့်ပေးပါတယ်။ မုန့်ဟင်းခါးတစ်ပွဲကို ပုံမှန် အကြော်နဲ့ ၁ဝဝဝကျပ်၊ တို့ဟူးနွေး၊ ရှမ်းခေါက်ဆွဲတို့ကို ဈေးနှုန်း၂ဝဝဝ ကျပ်နဲ့ မှာယူ စားသုံး နိုင်ပါတယ်။ ညလယ်စာကို ည ၁၀ နာရီမှ စတင် မှာယူနိုင်ပြီး မနက် လေးနာရီအထိ ရောင်းချပေးတယ် လို့ သိရပါတယ်။

လိပ်စာ- အမှတ် (၂၆)၊ ဆရာစံလမ်း၊ Alfa ဟိုတယ်ရှေ့။

(၂) ဦးရေခဲလမ်း မုန့်ဟင်းခါး

နောက်တစ်ဆိုင်အနေနဲ့ မုန့်ဟင်းခါး ကြိုက်သူတွေအတွက် ကျိုက်ဝိုင်းဘုရားလမ်းနဲ့ အင်းစိန်လမ်းဆုံ အနီးမှာရှိတဲ့ ဦးရေခဲလမ်း မုန့်ဟင်းခါးဆိုင်ကို ညွှန်းပြချင်ပါတယ်။ ဒီဆိုင်လေးဟာ လွန်ခဲ့တဲ့ နှစ် အတော်ကြာကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ညနေ ၆ နာရီမှ မနက် ၃ နာရီ အထိ ရောင်းချလေ့ ရှိပါတယ်။ မုန့်ဟင်းခါးနဲ့ တွဲဖက်စားနိုင်တဲ့ ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ အိုးဘဲဥ၊ ပဲသွေး အပြင် အခြား အမယ်စုံလင်တာကြောင့် ကိုယ်ပိုင်ကားတွေနဲ့ တကူးတက လာရောက် စားသုံးကြတဲ့အထိ နာမည်ကြီး လူကြိုက်များပါတယ်။ လူအရမ်းကျတဲ့အချိန်ဆို ကိုယ်တိုင်ကိုယ်ကျ ထပြီး မှာနိုင်မှ မြန်မြန် စားရပါတယ်။ အရသာ ကောင်းမွန်ပြီး ဈေးနှုန်းလည်း သင့်တင့်ပါတယ်။

လိပ်စာ – ဦးရေခဲလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် အင်းစိန်လမ်းဆုံအနီး။

(၃) ရွှေမြန်မာ ဒံပေါက်

Aircon ခန်းထဲမှာ အေးအေးလူလူနဲ့သက်သောင့်သက်သာ စားချင်သူများအတွက် ရွှေဂုံတိုင်လမ်းမကြီး၊ SSC ဆေးရုံအနီးမှာရှိတဲ့ ရွှေမြန်မာဒံပေါက်ဆိုင်ကို ညွှန်းချင်ပါတယ်။ ဒီဆိုင်မှာ ဒံပေါက်၊ ကြက်ဆီထမင်း၊ ဆိတ်သားပလာတာ၊ ကြက်သားပလာတာနဲ့ နိုင်ငံခြားမှတင်သွင်းလာတဲ့ အသီးဖျော်ရည် စစ်စစ်တို့ကို မှာယူစားသုံးနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဒံပေါက်တပွဲကို ၂၅ဝဝ ကျပ်၊ ကြက်ဆီထမင်းတစ်ပွဲ ၂ဝဝဝ ကျပ် နဲ့ ကြက်သားပလာတာ တစ်ပွဲကို ၁၈ဝဝ ကျပ် ရှိပါတယ်။ ဒီဆိုင်ကတော့ ၂၄ နာရီ ဖွင့်လှစ်တယ်လို့ သိရပါတယ်။

လိပ်စာ- အမှတ်၂ (အေ)၊ အောင်ချမ်းသာအိမ်ယာ၊ အရှေ့ရွှေဂုံတိုင်လမ်း၊ SSC ဆေးရုံအနီး။

(၄) ဖက်တီးမ ထမင်းကြော်

အနော်ရထာလမ်းနဲ့ ၁၇ လမ်းထောင့်မှာရှိတဲ့ ဖက်တီးမ ထမင်းကြော်ဆိုင်မှာတော့ ထမင်းကြော်နဲ့ ဟင်းအမယ်မျိုးစုံအပြင် အသုပ်မျိုးစုံ၊ ဖျော်ရည်မျိုးစုံ မှာယူ စားသောက်နိုင်ပါတယ်။ ဒီဆိုင်မှာ နာမည်ကြီး လူကြိုက်များတာကတော့ ဆိတ်ရိုးစွပ်ပြုတ်ဖြစ်ပြီး ည ၁၁ နာရီ နောက်ပိုင်းဆိုရင် အမှာများပြီး စောစောကုန်တတ်လို့ စားရဖို့ မသေချာပါဘူး။ အခြားဟင်းများအနေနဲ့ အမဲနှပ်၊ ဝက်မျှစ်ချဉ်၊ ငါးကျည်းကြော်၊ ငါးသလဲထိုးကြော်၊ ပြောင်းဖူးကြော်၊ ဆိတ်မွှ ၊ လက်ဖက်သုပ်၊ ကြက်ကြော်သုပ်စတဲ့ အသုပ်မျိုးစုံ မှာယူစားသုံးနိုင်ပါတယ်။ ညနေ ၇ နာရီ မှ မနက် ၄ နာရီ ထိ ဖွင့်လှစ်ပါတယ်။

လိပ်စာ- အနော်ရထာလမ်း နှင့် ၁၇ လမ်းထောင့်။

(၅) New Khum Wai

နောက်ထပ် Aircon နဲ့ သက်သောင့်သက်သာ စားနိုင်မယ့်ဆိုင်ကတော့ ဦးချစ်မောင်လမ်းပေါ်မှာရှိတဲ့ New Khum Wai ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် ဟော့ပေါ့၊ ဘာဂါနဲ့ ကချင်ဟင်းလျာများ မှာယူစားသုံး နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဘာဂါတလုံးကို ၂၅၀၀ကျပ်၊ ကချင်ဟင်းလျာတွေကို ၃၅၀၀ ကျပ်မှ စတင်မှာယူနိုင်ပြီး ဟော့ပေါ့အနေဖြင့် မိမိကြိုက်နှစ်သက်ရာ အမျိုးအမည်ကို မှာယူစားသုံးနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန် ၂၄နာရီ ဖြစ်ပါတယ်။

လိပ်စာ- အမှတ် (S-၂၇)၊ ဦးချစ်မောင် အိမ်ယာ၊ ဦးချစ်မောင်လမ်း။

(၆) ဘောဂဆီချက်၊ ကော်ရည်

နောက်တဆိုင်ကတော့ တရုတ်တန်း၊ ၁၇ လမ်း အနီးမှာရှိတဲ့ ဘောဂဆီချက်ဆိုင်ပဲ ဖြစ်ပါတယ်။ ဘောဂဆီချက်ဟာဆိုရင် နှစ်ပေါင်းအတော်ကြာ ရပ်တည်ခဲ့ပြီး အရသာကလည်း ပြောစရာ မလိုအောင် အထူးကောင်းမွန်ပါတယ်။ ကြက်ပေါင်းဆီချက်၊ နံရိုးပေါင်းဆီချက်၊ ကြက်ပေါင်းကော်ရည်၊ နံရိုးပေါင်း ကော်ရည် စတာတွေကို မှာယူစားသုံးနိုင်ပါတယ်။ ဒါ့အပြင် ဒီဆိုင်ရဲ့အနီးမှာ ဝက်သားတုတ်ထိုး ဆိုင်တွေကလည်း မနက် ၃ နာရီ အထိရောင်းတဲ့အတွက် ဝက်သားတုတ်ထိုးပါ တခါတည်း စားနိုင်ပါတယ်။ ဘောဂဆီချက်ရဲ့ ဆိုင်ဖွင့်ချိန်က၂၄ နာရီဖြစ်ပါတယ်။

လိပ်စာ- အမှတ် (၇၃၇)၊ မဟာဗန္ဓုလလမ်း၊ ၁၇ လမ်း အနီး။

(၇) ပွင့်သစ်စမ်း

နောက်ဆုံးအနေနဲ့ လူစည်ကားပြီး အစားအသောက်အမျိုးစုံရတဲ့ ပွင့်သစ်စမ်း လက်ဖက်ရည်ဆိုင်ကို ညွှန်းချင်ပါတယ်။ ယခင် စဖွင့်ခါစက ဝါးထရံသီးသန့်ခန်းလေးတွေနဲ့ စဖွင့်ခါရာကနေ အခုဆိုရင် အဆောက်အအုံအသစ်နဲ့ ပြောင်းလဲဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ ထမင်းကြော်နဲ့ ဟင်းမျိုးစုံ၊ နံပြား၊ ပလာတာ၊ တရုတ်အစားအစာ အမျိုးမျိုးအပြင် တခြားအမျိုးအမည်များစွာ မှာယူစားသုံးနိုင်ပါတယ်။ ၂၄ နာရီ ဖွင့်လှစ်ထားပြီး တခါတရံ ထိုင်စရာနေရာရဖို့ အနည်းငယ်စောင့်ရပါတယ်။

လိပ်စာ- အမှတ် ၅၂၀ (အေ)၊ ကမ္ဘာအေးဘုရားလမ်း၊ Excel Tower အနီး။

ကဲ… ညဘက် စောစောမအိပ်တတ်တဲ့ ပရိသတ်တွေအတွက် ရန်ကုန်မြို့မှာရှိတဲ့ မိုးလင်းပေါက် ဖွင့်တဲ့ ဆိုင်တွေမှာ ဗိုက်ဖြည့်နိုင်ပါပြီ။ အချက်အလက်များကို Foodie Myanmar မှ ကူးယူဖော်ပြပါတယ်။နောက်ထပ် ညဘက်မှာဖွင့်သေးတဲ့ဆိုင်များရှိရင် ထပ်ဖြည့်ပေးဦးနော်။

ကျနော်တို့ Ads.com.mm အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်မှာလည်း သင်လိုအပ်သောအစားအသောက်များကို စိုက်ပျိုးရေးနှင့်စားသောက်ကုန်များကဏ္ဍတွင်https://www.ads.com.mm/agriculture-food လင့်ခ်အတိုင်း ဝယ်ယူနိုင်ပါတယ်။

Night Out ထြက္သူမ်ားအတြက္ မိုးလင္းေပါက္ဖြင့္တဲ့ ဆုိင္ ၇ ဆိုင္
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s