ကိုသိန်းထိုက်ကတော့ သူရဲ့ အိမ်စီးကားလေးဖြစ်တဲ့ Honda Civic ကို စိတ်ကြိုက်ဈေးနှုန်းနဲ့ ၁ ရက်အတွင်း ရောင်းထွက်သွားပါပြီ။

Ads ။ အကို့နာမည်လေးနဲ့ နေရပ်လိမ်စာလေးကို မိတ်ဆက်ပေးပါအုန်း။

ကိုသိန်းထိုက် ။ ကိုသိန်းထိုက်ပါခင်ဗျာ။ မြောက်ဒဂုံ ၃၇ ရပ်ကွက်မှာနေပါတယ်။ လက်ရှိအလုပ်လုပ်နေတာကတော့ Sales & Marketing Manager ပါ။

Success-Story-1

Ads ။ ပထမဦးဆုံးမေးခွန်းအနေနဲ့ ကျွန်တော်တို့ရဲ့ ၀က်ဘ်ဆိုက်ကို ဘယ်လိုစသိခဲ့ပါသလဲ။

ကိုသိန်းထိုက် ။ ကျွန်တော်လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက သိခဲ့ပါတယ်။ အဲ့မှာ ပစ္စည်းတော်တော်များများ တင်ရောင်းနိုင်တယ်ဆိုပြီးတော့ပေါ့။ နောက်ပြီး ကျွန်တော့် မိတ်ဆွေတစ်ယောက်ကလည်း သူရဲ့ကားကို www.ads.com.mm ၀က်ဘ်ဆိုက်မှာ တင်ရောင်းတာတွေ့လိုက်တယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း အဲ့ဒီ ၀က်ဘ်ဆိုက်ကိုသွားပြီး ကျွန်တော်ကား ကြော်ငြာလေးကိုတင်လိုက်တာပါ။

Ads ။ အကို့ ကြော်ငြာတင်ပြီးတော့ ဖုန်းခေါ်ဆိုတဲ့သူ ဘယ်နှစ်ဦး ရှိခဲ့ပြီး ဘယ်နှစ်ရက်အတွင်း ရောင်းခဲ့ရလဲ ဆိုတာကို ပြောပြပေးပါဦး။

ကိုသိန်းထိုက် ။ ကျွန်တော့် ကားကို ဇူလိုင်လ၂၁ ရက်နေ့တင်ခဲ့ပါတယ်။ ကြော်ငြာတင်တာလည် ခဏပဲ၊ ၁၀ မိနစ်လောက်အကြာမှာ ကျွန်တော်ကားကြော်ငြာလေးတွေ့ ရတယ်။ အဲဒီနေ့တင်ဘဲ ဖုန်း (၁၅) ကြိမ်လောက်ဝင်လာတယ် ၀င်လာတဲ့ အထဲကမှ မှော်ဘီက ကိုဝ ဆိုတဲ့သူနဲ့ အရောင်းအ၀ယ်တည့်သွားတယ်။ (၂၂) ရက်နေ့မှာဘဲ စာချူပ်တွေ အပြီးချုပ်ပြီးအရောင်းအ၀ယ်ဖြစ်သွားပါတယ်။

Ads ။ ၀ယ်သူနဲ့ အပြင်မှာတွေ့တဲ့အခါ ဘယ်လိုအခက်အခဲလေးတွေကြုံရလဲပေါ့။ နောက်ပြီး ဒီဝက်ဘ်ဆိုက်ပေါ်ကနေတဆင့် ၀ယ်သူနဲ့ အပြင်မှာ တိုက်ရိုက်တွေ့ပြီး အကိုရဲ့အရောင်းအ၀ယ်ဖြစ်ခဲ့ပုံလေး ပြောပေးပါအုံး။

ကိုသိန်းထိုက် ။ အခက်အခဲတော့မရှိပါဘူး။ ကျွန်တော်လည်း ဖုန်းဆက်တဲ့သူတွေအများကြီးထဲမှာမှ ဒီတစ်ယောက်နဲ့တွေ့ဖြစ်သွားတာပေါ့နော်။ သူကလည်း မိသားစုစီးဖို့ အဆင်ပြေတယ်ဆိုပြီး သူ့ကိုရောင်းဖို့ ကမ်းလှမ်းပါတယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ Gandamar Whole Sale မှာချိန်းပြီး တစ်ခါတည်း စာချုပ်ချုပ်လက်မှတ်ထိုးတာပဲ။ ဘာမှ အခက်အခမဲ မရှိပါဘူးခင်ဗျ။

Ads ။ နောက်ပြီး အကိုအခုကားကိုရောင်းဖို့အတွက် အခြားပွဲစားအပ်ထားတာတို့ ၊ အခြား Facebook မှာ ကြော်ငြာထားသေးလားမသိဘူးခင်ဗျ။

ကိုသိန်းထိုက် ။ မရှိဘူးဆိုတာကလည်း ကျွန်တော့်အလုပ်က ၂၄ နာရီလုပ်ရတာဆိုတော့ အချိန်သိပ်မရှိဘူးပေါ့။ ဒါ့ကြောင့် ကျွန်တော်အနေနဲ့ အပြင်မှာပွဲစားလည်းမအပ်ဖြစ်ပါဘူး။ ဒါ့ကြောင့် ဒီဝက်ဘ်ဆိုက်မှာ ကျွန်တော်ရောင်းချင်တာလေး တင်လိုက်တာဗျ။

Ads ။ ဒီဝက်ဘ်ဆိုက်မှာတင်တော့ အကို့ စိတ်ထဲမှာ ရောင်းထွက်လိမ့်မယ်လို့ ထင်ရဲ့လားမသိဘူးခင်ဗျ။

ကိုသိန်းထိုက် ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ဒီလောက်လည်း လွယ်လွယ်ကူကူနဲ့ အမြန်ရောင်းထွက်မယ်လို့တော့ မထင်ဘူးထားဘူးပေါ့နော်။ နောက်ပြီး ရောင်းထွက်သွားတဲ့အခါ ကြော်ငြာခ ၊ ၀န်ဆောင်ခ ပေးစရာမလိုတဲ့အပြင် အချိန်ကုန်သက်သာပြီး လိုချင်တဲ့ ဈေးလည်းရခဲ့ပါတယ်။

သင်လည်း www.ads.com.mm မှာ အခုပဲ ကြော်ငြာပြီး အောင်မြင်တဲ့ အရောင်းအ၀ယ်အကြောင်းများကို မျှဝေရင်း ကျပ် ၂၀,၀၀၀ ရယူလိုက်ပါ။