ဘာကြောင့် နေ့လည်ခင်းတစ်ရေးတစ်မောအိပ်သင့်တာလဲ?

blog.png

 

 

ဘာလို့လဲဆိုတော့ တစ်ရေးတစ်မော အိပ်စက်ခြင်းဟာ

အားအင်ကုန်ခန်းပင်ပန်းခြင်းကို တားဆီးပေးပြီး

နှလုံးရောဂါဘေးအန္ထရာယ်ကိုလည်း လျှော့ချပေးပါတယ်။

ဒါ့ပြင် နေ့လည်ခင်းတစ်ရေးတစ်မောအိပ်စက်ခြင်းဟာ

အားအင်ပြန်ဖြည့်ပေးတာကြောင့် အလုပ်လုပ်နိုင်စွမ်းပိုမြင့်စေပါတယ်။

တစ်ရေးတစ်မောအိပ်တဲ့အခါမှာ အလုပ်ချိန်မကျော်စေဖို့

နာရီအလန်းပေးထားပြီးမှ အိပ်စက်သင့်ပါတယ်။

အလုပ်ခွင်မှာ တစ်ရေးတစ်မော အိပ်စက်လိုတဲ့ ပရိတ်သတ်တွေအတွက်

အလုပ်မှာ အိပ်လို့အကောင်းဆုံးနေရာအချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) အစည်းအဝေးခန်း

အစည်းအဝေးခန်းတွေဟာ များသောအားဖြင့်

အခန်းလွတ်နေတတ်ပါတယ်။

ဒါကြောင့် အစည်းအဝေးခန်းတွေဟာလည်း

အိပ်လို့အကောင်းဆုံးနေရာတစ်ခုပါ။

 

(၂) ချောင်ကျဆုံးနေရာ

ချောင်အကျဆုံးနေရာတွေကလည်း အိပ်စက်အနားယူလို့

အကောင်းဆုံးနေရာတွေပါပဲ။

 

(၃) သန့်စင်ခန်း

ကုမ္ပဏီ သန့်စင်ခန်းတော်တော်များများကတော့

အနံ့အသက်မဆိုးလှပါဘူး။

များသောအားဖြင့်က ဘိုထိုင်အိမ်သာအမျိုးအစားဖြစ်တာကြောင့်

တစ်မှေးအိပ်ဖို့ အကောင်းဆုံးနေရာပါပဲ။

 

(၄) စားပွဲခုံ

စားပွဲခုံပေါ်မှာ မှောက်အိပ်တာကလည်း

နေရာကောင်းတစ်ခုပါပဲ။

ဒါပေမယ့် အခန်းထဲမှာ လူသိပ်မရှိတဲ့အချိန်လောက်ပဲ

စားပွဲခုံကို ရွေးချယ်သင့်ပါတယ်။

 

(၅) စားပွဲခုံအောက်

စားပွဲခုံအောက်မှာ ထိုင်ပြီးမှေးတာလည်း

မိုက်ပါတယ်။

တခြားသူတွေ မမြင်တော့ဘူးပေါ့။ 😛

 

(၆) ကားထဲမှာ

အလုပ်ကို ကိုယ်ပိုင်ကားနဲ့ လာတဲ့သူတွေအတွက်တော့

နေရာကောင်းတစ်ခုပါပဲ။

 

ပရိတ်သတ်ကြီးရေ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကိုရှာဖို့

Ads.com.mm အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဒ်ကို သွားဖို့ မမေ့နဲ့ဦးနော်။

အလုပ်အကိုင်အခွင့်အလမ်းများကိုရှာဖွေရန်လင့်ခ် >> https://www.ads.com.mm/job-offers

အလုပ်ရှင်များအနေနဲ့လည်း

Ads.com.mm ကဏ္ဍစုံဝက်ဘ်ဆိုက်ဒ်မှာ

အလုပ်အကိုင်ကြော်ငြာများကို

ဒီလင့်ခ်မှာ >> https://www.ads.com.mm/posts/new

အခမဲ့တင်နိုင်ပါတယ်ရှင့်။

 

#SellAndBuyEverything #Adscommm #Job #Takingnap

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Advertisements

“ခရီးတူတူသွားလို့အကောင်းဆုံး လူ(၁၀)မျိုး”

0.png

 

မကြာခင် မိုးရာသီလည်းကုန်ဆုံးတော့မယ်ဆိုတော့

ခရီးတွေထွက်တော့မယ့် ပရိတ်သတ်ကြီးအတွက်

ခရီးတူတူသွားလို့အကောင်းဆုံး လူဆယ်မျိုးကို တင်ဆက်ပေးလိုက်တယ်နော်။

ဒီစာကို ဖတ်ပြီးသွားရင် သင့်သူငယ်ချင်းကကော ဘယ်လိုခရီးသွားမျိုးလဲဆိုတာ

မျှဝေပေးခဲ့ဖို့ မမေ့နဲ့ဦးနော်။

 

1.png

 

(၁) ပိုက်ဆံချွေတာသူ

ခရီးတစ်ခုထွက်ဖို့ ပိုက်ဆံအများကြီးကုန်စရာမလိုဘူးလို့

ခံယူချက်ထားသူဖြစ်ပါတယ်။

ဈေးအသက်သာဆုံး စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေကို သိချင်ရင်

သူတို့ကို မေးလိုက်တာအသေချာဆုံးပါပဲ။

သူတို့နဲ့တူတူခရီးထွက်တဲ့အခါမှာ ဈေးအတန်ဆုံးနဲ့

ခရီးတစ်ခုကို ထွက်နိုင်မှာဖြစ်တာကြောင့်

ပိုက်ဆံကုန်သက်သာမှာဖြစ်ပါတယ်။

 

2.png

 

(၂) ပေါ့ပေါ့ပါးပါးသမား

ခရီးထွက်ဖို့ အရေးကြီးတဲ့ပစ္စည်းတွေလောက်ပဲ သယ်တဲ့သူရယ်ပါ။

ဒါကြောင့် သူ့ခရီးဆောင်အိတ်က တခြားသူတွေထက်စာရင်

နေရာလွတ်ပိုများနေလေ့ရှိပါတယ်။

ဒါကြောင့် ခရီးမှာ သင်ဝယ်ယူခဲ့တဲ့လက်ဆောင်ပစ္စည်းတွေကို

ထည့်ဖို့ အကောင်းဆုံး အကူအညီရမှာဖြစ်ပါတယ်။

 

 

3.png

 

(၃) စကားပညာရှင်

သူ့ခရီးဆောင်အိတ်ထဲမှာ ဘာသာစကားစာအုပ်တစ်အုပ်က

အမြဲပါလေ့ရှိတယ်။

ခရီးမထွက်ခင် ထိုဒေသနဲ့သက်ဆိုင်တဲ့

အကြောင်းအရာတွေ၊ ဒေသစကား၊ ဘာသာစကားတွေကို

အမြဲ ကြိုတင်လေ့လာထားသူတစ်ယောက်ဖြစ်ပါတယ်။

ဒါကြောင့်  ထိုဒေသရောက်တဲ့အခါ အစားအစာမှာယူတဲ့နေရာမှာ

သူ့ကိုအားကိုးနိုင်မှာ အသေချာပါပဲ။

 

 

4.png

 

(၄) ရှင်သန်သူ

ပိုက်ဆံမပါ၊ ဒေသစကားမတတ်၊ မြေပုံမပါဘဲနဲ့

တည်းခိုတဲ့နေရာကနေ အဝေးကြီးမှာ ရောက်နေရင်တောင်မှ

သူ့အတွက် ပြဿနာရှိမှာမဟုတ်ပါဘူး။

တည်းခိုခန်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ပြန်လာတတ်လေ့ရှိပါတယ်။

လေယာဉ်လွတ်သွားတာမျိုး၊ တည်းခိုခန်းတွေပြည့်နေတာမျိုးဖြစ်နေရင်တောင်မှ

ခရီးကိုအပျော်ဆုံးဖြစ်အောင် ဖန်တီးတတ်တဲ့သူဖြစ်ပါတယ်။

 

5.png

 

(၅) စူးစမ်းရှာဖွေလိုသူ

သူဟာ ခရီးထွက်ပြီဆိုကတည်းက မျက်စိကိုအနားမပေးဘဲ

ရောက်တဲ့နေရာတိုင်းမှာ စူးစမ်းလေ့လာတတ်သူဖြစ်ပါတယ်။

သူ့ရဲ့လှုံ့ဆော်မှုကြောင့် အနားမနေရဘဲ

တစ်ချိန်လုံး အပြင်ထွက်နေရတာကြောင့်

သူ့ကို စိတ်ပျက်မိကောင်းစိတ်ပျက်မိပါလိမ့်မယ်။

ဒါပေမယ့် သူ့ကြောင့်လည်း သင်နေရာစုံရောက်တာကြောင့်

အဖိုးတန်ခရီးတစ်ခုဖြစ်မှာပါ။

 

6.png

 

(၆) ဓာတ်ပုံဆရာ

သူဟာ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာလောက်တော့

ဓာတ်ပုံရိုက်မတော်ပေမယ့်လည်း

သင်ခရီးမှာ ပျော်ခဲ့တဲ့ပုံတွေကို အကောင်းဆုံး ပုံဖော်နိုင်ဖို့အတွက်

သူတို့က အဆင်သင့်ဖြစ်နေလေ့ရှိပါတယ်။

သူတို့ဘယ်သွားသွား ကင်မရာတစ်လုံးကတော့ အမြဲပါလေ့ရှိပြီး

သင် ပို့စ်ပေးသမျှကို မငြီးမငြူ ရိုက်ကူးပေးမယ့်သူများဖြစ်ပါတယ်။

 

7.png

 

(၇) စီစဉ်သူ

ခရီးထွက်ဖို့ သူဟာ အမြဲတက်ကြွလေ့ရှိသူဖြစ်ပြီး

ခရီးစဉ်တစ်လျှောက် အစီအစဉ်တွေကို သူက ဆွဲပေးမှာဖြစ်ပါတယ်။

ဒါကြောင့် သူပါပြီဆိုရင်

ဘယ်မှာ တည်းမယ်၊ ဘာလုပ်မယ်၊ ဘယ်ကိုသွားမယ်ဆိုတာကို

စိတ်ပူစရာလိုမှာ မဟုတ်ပါဘူး။

 

8.png

 

 

(၈) အစားသရဲ

သူတို့ဟာ ခရီးသွားရာလမ်းတစ်လျှောက်မှာ

အစားအသောက်အသစ်အဆန်းတွေကို

မြည်းစမ်းစားကြည့်ဖို့ စိတ်အားထက်သန်သူဖြစ်ပါတယ်။

ဒါကြောင့် သူတို့နဲ့ခရီးထွက်တဲ့အခါမှာ

အစားအသောက်အသစ်အဆန်းတွေကို

မြည်းစမ်းဖြစ်မှာကတော့ အသေချာပါပဲ။

 

9.png

 

(၉) အသစ်အဆန်းတွေကို စိန်ခေါ်လိုသူ

သူဟာ ထူးထူးဆန်းဆန်း စွန့်စွန့်စားစားခရီးထွက်ရတာမျိုးကို

သဘောကျတတ်သူဖြစ်တာကြောင့်

သူနဲ့ခရီးထွက်ရတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အပြည့်ဖြစ်နေပါလိမ့်မယ်။

 

 

10.png

 

(၁၀) မှတ်မိသူ

သူဟာ ဘယ်လိုနေရာဒေသကိုပဲရောက်ရောက်

လမ်းမှတ်မိတတ်သူဖြစ်ပြီး မျက်စိလည်လမ်းမှားဖြစ်မှာကို

စိုးရိမ်စရာမလိုတဲ့သူဖြစ်ပါတယ်။

ဒါကြောင့် သင်ဟာ လမ်းမမှတ်မိတတ်သူတစ်ဦးဆိုရင်တော့

ဒီလိုလူမျိုးနဲ့ ခရီးတူတူသွားတဲ့အခါမှာ သင့်အတွက် လုံခြုံနေပါလိမ့်မယ်။

 

ခရီးထွက်မယ့် ပရိတ်သတ်ကြီးအတွက်

အတန်ဆုံးနဲ့ အလန်းဆုံးခရီးစဉ်တွေကို

Ads.com.mm အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဒ်မှာ

ဒီလင့်ခ်အတိုင်း >>  https://www.ads.com.mm/travel-events-tickets

သွားရောက်ကြည့်ရှုနိုင်ပြီနော်။

Travels and Tours ကုမ္ပဏီများအနေနဲ့လည်း

ကျွန်မတို့ရဲ့ ads.com.mm ဝက်ဘ်ဆိုက်ဒ်မှာ

ဒီလင့်ခ်အတိုင်း >> https://www.ads.com.mm/posts/new

အခမဲ့ကြော်ငြာတင်နိုင်ပါပြီဖြစ်ကြောင်း

သတင်းကောင်းပါးလိုက်ပါရစေနော်။

 

#SellAndBuyEverything #Adscommm #Travelling

 

 

 

 

 

 

 

 

 

“ဗိုင်းရပ်စ်ပိုးနှယ် ပျံ့နှံ့သွားခဲ့တဲ့ Pineapple Pen Apple Pen သီချင်း”

BLOG.png

 

လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ အင်တာနက်မှာနာမည်ကြီးခဲ့တဲ့

Pineapple Pen Apple Pen သီချင်းဟာ ဗိုင်းရတ်စ်ပိုးလိုမျိုးပဲ

ပျံ့နှံ့သွားခဲ့ပါတယ်။

မူလဗားရှင်းကို သြဂုတ်လတုန်းက တင်ခဲ့တာဖြစ်ပြီး

တစ်လအတွင်းမှာ ကြည့်ရှုသူပေါင်း ၄သန်းရှိသွားခဲ့ပြီး

ယခုဆိုလျှင် ကြည့်ရှုသူပေါင်း ၄၄သန်းကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဒီသီချင်းရဲ့ သံစဉ်နဲ့ စာသားဟာ မှတ်မိလွယ်၊ ပါးစပ်စွဲလွယ်၊

အကကလည်းလွယ်ကူတာမို့ နာမည်ကြီးသွားခဲ့တာဖြစ်ပြီး

သီချင်းရဲ့ အနက်အဓိပ္ပာယ်တော မည်မည်ရရ

မရှိပေမယ့် တော်တော်ကို ရယ်ရပါတယ်။

ဒီသီချင်းကို ဂျပန်လူမျိုး တေးရေးတေးဆို “ပီကိုတာယို”က ဖန်တီးခဲ့တာပါ။

ပီကိုတာယိုဆိုတာ ဇာတ်ကောင်နာမည်သာဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာနာမည်ကတော့ DJ Kosaka Daimaou ဖြစ်ပြီး

နာမည်အရင်းကတော့ “Kazuhiko Kosaka” ပါ။

 

သူဟာ ၂၀၁၂ခုနှစ်မှာ Nogami အမည်ရှိ ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့

လူရွှင်တော်တစ်ယောက်ဖြစ်ပြီး ပီကိုတာယိုဇာတ်ကောင်အနေနဲ့ ပြတ်လုံးလက်တန်းထုတ်တင်ဆက်တဲ့ပွဲတွေမှာ စတင်ပါဝင်ခဲ့ပါတယ်။

သူ့ရဲ့ဇာတ်ကောင်ကို လူကြိုက်များခဲ့ပြီး နာမည်ကြီးခဲ့တာကြောင့်

နောက်တစ်ဆင့်အနေနဲ့ Pen Pineapple Apple Pen သီချင်းကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 

ပီကိုတာယိုမှာ တခြားသော သီချင်းဗီဒီယိုတွေရှိပါသေးတယ်။

ဒါပေမယ့် အများစုကတော့ ဂျပန်ဘာသာစကားနဲ့ဖြစ်ပါတယ်။

သူ့ရဲ့ နာမည်အကြီးဆုံးသီချင်းကတော့ “I have a pen, i have an apple”

ဆိုတာကတော့ အသေချာပါပဲ။

 

 

လူအများစုကတော့ ဒီသီချင်းကို စိတ်ဓာတ်တက်ကြွဖွယ်ကောင်းတယ်လို့

ခံစားရပြီး အသုဘတွေမှာတောင် ဖွင့်ချင်ကြတဲ့အထိ

ဒီသီချင်းကို ကြိုက်ကြတယ်လို့ဆိုပါတယ်။

 

ကာဗာဗီဒီယိုရိုက်လေ့ရှိတဲ့ လူငယ်တွေအတွက် သတင်းကောင်းကတော့

သူ့ဗီဒီယိုကို ကာဗာရိုက်ပြီး သူ့ဆီပို့ပေးတဲ့သူတွေကို

တွစ်တာမှာ အကြောင်းပြန်လေ့ရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့် သင့်မှာ သူ့ဗီဒီယိုကို ကာဗာလုပ်ထားတဲ့ ဗီဒီယိုရှိတယ်ဆိုရင်

သူ့ကို တွစ်တာမှာ သွားဆက်သွယ်ဖို့မမေ့နဲ့နော်။

 

ပရိတ်သတ်ကြီးရေ သီချင်း ရုပ်ရှင်ဇာတ်ကားနဲ့စာအုပ်တွေကို

ဒီလင့်ခ်မှာ >> https://www.ads.com.mm/music-movies-books

သွားရောက်ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်းလေး

သတင်းကောင်းပါးပါရစေနော်။

 

ကြော်ငြာတင်ချင်ရင်တော့

ဒီလင့်ခ်မှာ >> https://www.ads.com.mm/posts/new

အခမဲ့ကြော်ငြာတင်ရောင်းချနိုင်ပါတယ်ရှင့်။

 

#SellAndBuyEverything #Adscommm #PPAP

#Movies

 

 

 

 

 

 

 

 

 

 

 

 

“လူအများလေးစားရသည့် ခေါင်းဆောင်ကောင်းဖြစ်လာစေဖို့”

blog.png

 

အခုချိန်မှာ သင်ဟာ ဝန်ထမ်းတစ်ယောက်ဖြစ်နေပေမယ့်

တစ်ချိန်ချိန်မှာ အထက်လူကြီးဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။

ဒါကြောင့် လုပ်ငန်းခွင်မှာ လူအများလေးစားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်၊

အထက်လူကြီးတစ်ယောက်ဖြစ်လာစေဖို့ သတိပြုဖွယ်အချက်များကို

ရေးသားဖော်ပြပေးလိုက်ရပါတယ်။

 

(၁) ကျေးဇူးနော်” လို့ ပြောဖို့မမေ့ပါနဲ့

“ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားဟာ တိုတိုလေးပါ။

ဒါပေမယ့် အပြောခံရတဲ့လူအတွက်တော့

အင်မတန်မှ အားရှိတဲ့ စကားတစ်ခွန်းပဲဖြစ်ပါတယ်။

ဒါကြောင့် မိမိလက်အောက်ဝန်ထမ်းက

တစ်ခုခု ထူးထူးချွန်ချွန်ဆောင်ရွက်နိုင်တိုင်း

ကျေးဇူးတင်တယ်လို့ ပြောဖို့ မမေ့နဲ့နော်။

 

(၂) ဆုချီးမြှင့်ပါ

လက်အောက်ငယ်သားတွေ အောင်မြင်မှုတစ်ခုရတိုင်းမှာ ဆုချီးမြှင့်ပေးဖို့ မမေ့ပါနဲ့။

တန်ဖိုးက အရေးမကြီးပါဘူး။ သင်က သူတို့အပေါ် တန်ဖိုးထားတယ်ဆိုတဲ့

သဘောတရားကို ဖော်ကျုးရာရောက်တယ်ဆိုရင် လုံလောက်ပါတယ်။

 

(၃) သူတို့ရဲ့ အရည်အချင်းတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံပေးပါ

သူတို့မှာ လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်ဆည်းပေးပါ။

နည်းပညာပိုင်းအားနည်းတဲ့ဝန်ထမ်းကို သက်ဆိုင်တဲ့ သင်တန်းထောက်ပံ့ပေးတာမျိုး၊

ဘာသာစကားအားနည်းတဲ့ဝန်ထမ်းကို လေ့ကျင့်သင်ကြားပေးတာမျိုးပြုလုပ်ပေးပါ။

 

 

(၄) နှုတ်ချိုသျိုတစ်ပါးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပါ

လက်အောက်ဝန်ထမ်းတွေကို ပြောဆိုတဲ့နေရာမှာ

ကြမ်းကြမ်းတမ်းတမ်းစကားလုံးတွေကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

အပြောခံရတဲ့ဝန်ထမ်းအနေနဲ့ စိတ်မကောင်းဖြစ်မိမှာဖြစ်သလို

သင့်အပေါ်မှာလည်း အကြည်ညို ပျက်နိုင်ပါတယ်။

 

(၅) ဂရုစိုက်ကြောင်း သက်သေပြပါ

တချို့အထက်လူကြီးတွေဟာ ဝန်ထမ်းတွေအပေါ်

ဘယ်လောက်ဂရုစိုက်ကြောင်း အပြောနဲ့ပဲ ပြီးသွားလေ့ရှိပါတယ်။

ဒါပေမယ့် အလုပ်နဲ့ သက်သေပြဖို့ လိုအပ်ပါတယ်။

တစ်ခါတစ်လေ ဝန်ထမ်းတွေရဲ့ ရင်ဖွင့်စကားသံတွေကို နားထောင်ပေးပါ။

သူတို့ရဲ့ မိသားစုအကြောင်း၊ အခက်အခဲ၊ နေ့စဉ်ဘဝအကြောင်းကို

အလေးတယူမေးမြန်း နားထောင်ပေးပါ။

ဒီနည်းအားဖြင့် ဝန်ထမ်းတွေအနေနဲ့ သင့်အပေါ်မှာ

ပိုမိုယုံကြည်အားကိုးစိတ်ပေါ်လာနိုင်ပါတယ်။

 

(၆) ကွယ်ရာမှာ ဆူပါ

လက်အောက်ဝန်ထမ်း အမှားလုပ်မိတဲ့အခါတွေမှာ

လူအများကြီးရှေ့မှာ မဆူပါနဲ့။

နှစ်ယောက်တည်း သီးသန့်တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်ပါ။

အမှားကိုထောက်ပြပါ။

လူအများရှေ့မှာ အမှားထောက်ပြတတ်တဲ့ အထက်လူကြီးတစ်ယောက်ကို

လက်အောက်ဝန်ထမ်းအနေနဲ့ အမြင်ကြည်မှာမဟုတ်ပါဘူး။

 

(၇) ဝန်ထမ်းတွေနဲ့တူတူ အချိန်ကုန်ဆုံးပေးပါ

နေ့လည်စာတူတူစားတာမျိုး၊ Team Dinner စားတာမျိုး၊

သရေစာမုန့်ဝယ်ကျွေးတာမျိုးတွေပြုလုပ်ပေးခြင်းဖြင့်

ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးပိုကောင်းလာမှာဖြစ်ပြီး

သူတို့ရဲ့ ချစ်ခင်မှုကိုလည်းရနိုင်ပါတယ်။

 

 

(၈) အရေးတကြီးဆုံးဖြတ်ချက်တွေ ချခွင့်ပေးပါ

သူတို့ရဲ့ အကြံဥာဏ်နဲ့ အတွေ့အကြုံတွေကို တန်ဖိုးထားတဲ့အနေနဲ့

အရေးတကြီးဆုံးဖြတ်ချက်ချခွင့်တွေ ပေးသင့်ပါတယ်။

အဲ့အခါမှာ ဝန်ထမ်းတွေအနေနဲ့လည်း အလုပ်လုပ်ရတာ

ပိုယုံကြည်မှုရှိပြီး အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

 

 

ဒီအချက်လေးတွေ သတိထားခြင်းအားဖြင့်

အထက်လူကြီးနဲ့ ဝန်ထမ်းကြးဆက်ဆံရေး ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး

လူအများက လေးစားရတဲ့ အထက်လူကြီးတစ်ယောက်ဖြစ်လာမှာ ဧကန်ပါပဲ။

 

အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ads.com.mm မှာ

ဒီလင့်ခ်အတိုင်း >> https://www.ads.com.mm/job-offers

ရှာဖွေလိုက်နော်။

 

#SellAndBuyEverything #Adscommm #Great_leaders