ရုံးတွင်း ပဋိပက္ခ တွေကို ဘယ်လိုဖြေရှင်းမလဲ….

Untitled design (30)

Zawgyi……….

လုပ်ငန်းခွင်ဆိုတဲ့ နေရာဟာ အနည်းနဲ့ အများစိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှုတွေ၊ ပဋိပက္ခတွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့နေရာတစ်ခုပါ။ လူအများစုဟာ သူတို့ရဲ့ တစ်နေ့တာအချိန်တွေကို လုပ်ငန်းခွင်မှာ ကုန်ဆုံးရတာများပါတယ်။ အဲ့လိုအဆင်မပြေမှုတွေကို အမြန်ဆုံးပြေလည်အောင်ဖြေရှင်းကြမှသာလျှင် ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ။ ဒါကြောင့် ads.com.mm က ရုံးတွင်းအငြင်းပွားမှုတွေကို အကောင်းဆုံးကျော်လွှားနိုင်မယ့် နည်းလမ်း တစ်ချို့ကိုဝေမျှပေးချင်ပါတယ်…….

(၁) စိတ်အေးအေးထားပါ

အငြင်းအခုန်ဖြစ်လာပြီးဆိုရင်ဘယ်တော့မှာ အလောသုံးဆယ် မဖြေရှင်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် စကားပြောအခြေနေတင်းမာလာပြီဆိုရင် သူ့ဘက်က မလျှော့ပေးနိုင်ရင်တောင် ကိုယ့်ဘက်က အရင်စလျှော့လိုက်ပါ။

(၂) နားထောင်ပေးပါ

လူတစ်ယောက်နဲ့ တစ်ယောက်တစ်ယောက် အမြင်ချင်းမတူနိုင်ပါဘူး….. သူ့အမြင် ကိုယ့်အမြင်ဆွေးနွေး ရာကနေစတင်ပြီး စကားများနိုင်ပါတယ်။ ဒါကြောင့် တစ်ဘက်လူရဲ့ အတွေးအမြင်တွေကိုလဲ အလေးထားပြီးနား ထောင်ပေးပါ။

(၃) အကောင်းဘက်ကနေတွေးပါ

ကိုယ့်ရဲ့ အမြင်တွေမှာလည်း အားနည်းချက်ရှိနိုင်သလို တစ်ဘက်လူရဲ့ အတွေးအမြင်မှာလည်း အမှားအနည်း ငယ်ရှိနိုင်ပါတယ်။ အမှားတွေကိုဘဲ တစ်ဘက်သတ် ထောက်ပြနေမယ့်အစား ကောင်းကွက်ကိုရှာတွေးပါ။

(၄) ပြဿနာရဲ့ ရင်းမြစ်ကို သေချာရှာပါ

ပြဿနာ တစ်ခုဖြစ်လာပြီဆိုလျှင် အဲ့ဒီပြဿနာ ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကိုရှာဖွေပါ။ ဥမာ – အလုပ်မပြီးတာလား ၊ အလုပ်နေရာ အခင်းအကျင်းနဲ့ ပတ်သက်ပြီး အဆင်မပြေတာလား စသည်ဖြင့် အကြောင်းအရင်းကို ရှာဖွေပါ။ တစ်ခြားအကြောင်းအရာတွေနဲ့ မရောထွေးပါနဲ့

(၅) လူတစ်ဘက်သားကို မတိုက်ခိုက်ပါနဲ့

ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ငြင်းခုံ တာဟာ သဘာဝကျပါတယ်။ ပြဿနာဖြစ်ရတဲ့အကြောင်းအရာကိုသာ စိတ်အေးအေးထားပြီးဆွေးနွေးပါ။ တစ်ဘက်လူရဲ့ အားနည်းချက်၊ ကိုယ်ရေးကိုယ်တာစတာတွေကို ထည့်သွင်း ပြောဆိုတာမျိုး၊ ရိုင်းဆိုင်းတဲ့စကားလုံးတွေသုံးတာမျိုး မလုပ်ပါနဲ့။

(၆) အပြစ်မတင်ပါနဲ့

ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်းတစ်ခုကို မသိသေးခင် မည်သူ့ကိုမျှ အပြစ်တင်ဝေဖန်ပြောဆိုခြင်းမလုပ်ပနဲ့…. သူ့ကြောင့်ဖြစ်တာ……ငါ့ကြောင့်ဖြစ်တာဆိုပြီး အပြစ်တင်ခြင်းဟာ ကလေးဆန်ပါတယ်။ တစ်ဦးတစ်ယောက် ကြောင့် ပြဿနာဖြစ်သည်မှာ မှန်သည့်တိုင် စည်းဘောင်အတွင်းမှသာ အရေးယူပါ။

(၇) စောစောဖြေရှင်းပါ

ပဋိပက္ခတစ်ခုကို မြန်မြန်ဖြေရှင်းပါ။ အချိန်အကြာကြီးဆွဲမထားပါနဲ့။ လုပ်ဖော်ကိုင်ဘက် အချင်းချင်း စိတ်ရှင်းမှသာ ကျန်လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်စိတ်ထဲမှာ အဆိုင်အခဲဖြစ်မနေအောင် အမြန်ဆုံးဖြေရှင်းဖို့လိုပါတယ်။

(၈) အကူအညီတောင်းပါ

တစ်ဦးနဲ့တစ်ဦးဆက်လက်ပြီး မဖြေရှင်းနိုင်တော့ဘူးဆိုရင် အထက်လူကြီး တစ်ဦး ဒါမှမဟုတ် အခြားလုပ်ဖောက်ကိုင်ဘက်တွေနဲ့ တိုင်ပင်ပါ။ အကောင်းဆုံး အကြံဥာဏ်ရရှိအောင် အကူအညီတောင်းခံပါ။

(၉) သင်ပုန်းချေပါ

အားလုံးဖြေရှင်းပြီးသွားတဲ့ အချိန်မှာ ပြဿနာဖြစ်ခဲ့ဖူးတယ်ဆိုတာကိုမေ့ပျောက်လိုက်ပါ။ ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေကို အစဆွဲထုတ်ပြီး သံသရာရှည်နေတာမျိုးကိုရှောင်ပါ။ မိသားစုနဲ့ အတူနေရတဲ့အချိန်ထက် လုပ်ဖော်ကိုင်ဘက်တွေနဲ့ အတူရှိနေချိန်က ပိုများတာကြောင့် အငြိုးအတေးတွေကို သင်ပုန်းချေလိုက်မှသာ လုပ်ငန်းခွင်မှာ ပျော်ရွင်နိုင်မှာပါ။

အားလုံးပဲ သာယာပျော်ရွှင်တဲ့ လုပ်ငန်းခွင်ကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ……….

 

Unicode………………



Delivery Service တွေလဲ ရှာလို့ရတယ်နော်……

 

0df253feab56975265a651b.desktop-gallery-large

အခုတလာ Online Shopping တွေခေတ်စားနေတာကြောင့် Online Shop ထောင်ထားတဲ့ သူတွေအဖို့တော့ Delivery ကိစ္စကလည်း စဉ်းစားစရာပါဘဲ….

Delivery Service လုပ်ကိုင်တဲ့ အဖွဲ့ တွေနဲ့ ချိတ်ဆက်ချင်တယ်ဆိုရင် ads.com.mm မှာ ရှာဖွေချိတ်ဆက်နိုင်ပါ တယ်…..

https://www.ads.com.mm/h-a-ygn-to-ygn-delivery-service-pid332835

ads.com.mm website မှာ အခမဲ့ကြော်ငြာတင်ပြီး မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကြော်ငြာနိုင်ပါတယ်။

ကိုယ်ပိုင်ဆိုင်လေးဖွင့်ဖို့ အကြံမရလို့ အခက်တွေ့နေလား

cc2b28248c5695fff1a3f52.desktop-gallery-large

ကိုယ်ပိုင်ဆိုင်လေးတစ်ခုလောက်ဖွင့်တယ် ဒါပေမယ့် ဘယ်လိုစရမယ်မှန်းမသိဘူးဖြစ်နေလား…..

ads.com.mmမှာ ရှာဖွေနိုင်ပါတယ်

အသေးစိတ်ကို အောက်ကလင်ခ်မှာ ကြည့်လိုက်နော်……

https://www.ads.com.mm/–pid331633

ads.com.mm မှာ အခုလိုမျိုး စီးပွားရေးလုပ်ငန်းတွေ ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာပစ္စည်းတွေကိုလည်း အခမဲ့ ကြော်ငြာတင်ပြီး ရောင်သူနဲ့ ၀ယ်သူ စိတ်ကြိုက်ညှိ နှိုင်းနိုင်ပါတယ်

အနာဂတ်စီးပွားရေး အစီအမံတွေကို စဉ်းစားဖို့ နည်းလမ်း ၁၀ ခု

2

[Zawgyi]

အနာဂတ်စီးပွားရေး အစီအမံတွေကို စဉ်းစားဖို့ နည်းလမ်း ၁၀ ခု

ကျွန်တော်တို့ အားလုံးက အလုပ်များတဲ့သူတွေပါ၊ ကိုယ့်ရဲ့လုပ်ငန်းသစ်အတွက် အနာဂတ်အစီအမံတွေကို ပြင်ဆင်ဖို့ သီးသန့်အချိန်ပေးဖို့ ခက်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော်တို့ အတွေးတွေကို ဘယ်နေရာမှာမဆို ဘယ်အချိန်မဆို တွေးနိုင်တာပါ။ အခုဒီမှာတော့ အနာဂတ်အတွက် အစီအမံတွေဖြစ်လာမယ့် အတွေးတွေကို ဘယ်လိုမျိုး စဉ်းစားတွေးတောနိုင်မလဲဆိုတာကို ရေးပေးလိုက်ပါတယ်။

၁. စိတ်ကူးယဉ်ပါ။

တစ်ခုခုကိုချည်းပဲ အပြင်းအထန်လုပ်မနေပါနဲ့၊ အခုဖတ်နေတာကို ခဏရပ်လိုက်ပြီး၊ မျက်စိကိုမှိတ်ထားရင်း အသက်ကိုမှန်မှန်ရှူရင်း ကိုယ့်အနာဂတ်လုပ်ငန်းက ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာကို မျှော်မှန်းကြည့်ပါ။

၂. မိသားစုတွေနဲ့ဆွေးနွေးပါ။

မိဘတွေ၊ ချစ်သူ/အိမ်ထောက်ဖက်တွေ၊ အနိမ့်ဆုံးအဆင့် ကိုယ့်သားသမီးတွေကတောင်မှ တစ်ခါတစ်လေ ကျွန်တော်တို့ ကိုယ်တိုင်တွေးတာထက် ပိုကောင်းတဲ့အတွေးတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် သင့်မိဘတွေဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ကိုယ်တိုင်မှာလည်း ကိုယ်ပိုင်စီးပွားရေးကို အောင်မြင်အောင် လုပ်နိုင်ချေ ပိုများပါတယ်။

Continue reading “အနာဂတ်စီးပွားရေး အစီအမံတွေကို စဉ်းစားဖို့ နည်းလမ်း ၁၀ ခု”