“Google က မိုဘိုင်းလ်လောကကို လက်ဝါးကြီးအုပ်တော့မှာလား”

bloggoogle.png

 

Google ဟာ ၎င်းရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့
ဖုန်းအသစ်တွေဖြစ်တဲ့ Pixel နှင့် Pixel XL တို့ကို
မနေ့ညက San Francisco မှာ မိတ်ဆက်သွားခဲ့ပါတယ်။
Google ဟာ အရင်က နာမည်ကြီးခဲ့တဲ့ အခြား Mobile Vendor တွေဖြစ်တဲ့
LG, Motorola, Huawei တို့နဲ့ပေါင်းပြီးထုတ်ခဲ့တဲ့
Nexus Series Handset တွေကို စွန့်ခွာပြီး ၎င်းတို့ရဲ့ကိုယ်ပိုင် Pixel အမှတ်တံဆိပ်နဲ့ ပထမဆုံးထုတ်လုပ်လိုက်ခြင်းဟာ Smart Phone လောကမှာ
Software ပိုင်းသာမက Hardware ပိုင်းမှာပါ
ဆရာတစ်ဆူဖြစ်အောင် လုပ်ထားပြီးပြီလို့ ကြော်ငြာလိုက်သလိုပါပဲ။
ဒါ့အပြင် ဒီ Pixel ဖုန်းတွေဟာ Google ရဲ့ နောက်ဆုံး operating system ဖြစ်တဲ့
Android 7.1 Nougat နဲ့ ပထမဆုံး မောင်းနှင်ခွင့်ရမယ့် ဖုန်းတွေ ဖြစ်တဲ့အတွက်ကြောင့်
အရိုးရှင်းဆုံးနဲ့ အပြည့်စုံဆုံး android အတွေ့အကြုံသစ်တွေကို
စောင့်စားနေတဲ့ Androind Carzy အတွက်တော့ အကြိုက်တွေ့ စေမှာပါ။

#Hardware_Specification
Operating system [Android 7.1 Nougat]
Display [5.0″ or 5.5″ AMOLED display]
Camera [Rear: 12.3 MP . Front: 8 MP]
Processors [Qualcomm® Snapdragon 821
2.15 GHz + 1.6 GHz, 64-Bit Quad-Core
Adreno 530 GPU]
RAM [4GB LPDDR4]
Internal storage [32 GB and 128 GB1]
Unlimited online storage for photos and videos)
Wireless and Location [4G LTE • Wi-Fi 802.11 • Bluetooth 4.2]
Battery [Pixel: 2,770 mAh • Pixel XL: 3,450 mAh]

#ဒီဇိုင်း
ဒီဇိုင်း အနေနဲ့ Aerospace-grade အဆင့်ရှိတဲ့ အလူမီနီယမ် ကိုယ်ထည်နဲ့
Gorila Glass 4 မှန်ကို အသုံးပြုထားပါတယ်။
Pixel ရဲ့ မျက်နှာပြင်ဆိုဒ်ဟာ ၅လက်မရှိပြီး Pixel XL ကတော့ ၅.၅လက်မ ရှိပါတယ်။
မှန်သားနဲ့ ဘောင်ကြားအကွာအဝေးဟာ အလွန်ပါးလွှာတဲ့အတွက်
edge-to-edge နီးပါး ခံစားချက်ကို ရစေမှာပါ။
အရင်ထွက်ခဲ့တဲ့ Nexus 5X နှင့် 6P လိုပဲ
Pixel တွေမှာလဲ ဖုန်းကိုင်လိုက်တာနဲ့ တန်းပြီး အလွယ်တကူကိုင် နိုင်မယ့်
Fingerprint Sensor တွေကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။
ထူးခြားချက်အနေဖြင့် Fingerprint တွေကို ဖုန်း Unlock ဖွင့်ဖို့ အတွက်သာမက
fingerprint ကိုအပေါ်ကနေအောက်ကို ဆွဲလိုက်တာနဲ့
notifications ဘားကို အသုံးပြုနိုင်မှာပါ။
အရောင်အနေနဲ့ Quite Black နှင့် Very Silver ဆိုပြီး နှစ်မျိုး ရနိုင်ပါတယ်။
အမေရိကန်ဈေးကွက်မှာတော့ Really Blue ဆိုပြီး အရောင်တစ်မျိုးပိုပြီးရနိုင်မှာပါ။

#Camera
Pixel ရဲ့ ကင်မရာဟာ 12.3 MP ရှိပြီး
f/2.0 aperture နှင့် 1.55 micron pixels တို့က
f/2.0 aperture နှင့် 1.55 micron pixels တို့က
ထောက်ပံ့ပေးထားတဲ့အတွက် အလင်းရောင်အနည်းငယ်သာရတဲ့
နေရာတွေမှာတောင် ပုံရိပ်တွေကို ပြတ်သားစွာရိုက်နိုင်ပါတယ်။
Front camera ကလည်း 8MP ရှိတဲ့အတွက် Selfie ဝါသနာအိုးတွေအတွက် ကွက်တိပါပဲ။
ဒီလောက် spec ဟာ high-end ဖုန်းတွေတော်တော် များများ ပါလေ့ရှိတဲ့အတွက်
သိပ်အထင်ကြီးစရာမရှိပေမယ့် ကင်မရာတွေနဲ့ မှန်ဘီလူးတွေကို
industry စံနှုန်းသတ်မှတ်တဲ့ DxOmark အနေနဲ့
Pixel ဖုန်းဟာ score 89 လို့တောင် သတ်မှတ်ပေးခံထားရပါတယ်။
စမ်းခဲ့သမျှထဲမှာ rate အမြင့်ဆုံးဖုန်းလို့ လဲဆိုပါတယ်။
Camera app ကလည်း Photographer တွေတိုင်း
သဘောကျကြတဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့
ဓာတ်ပုံတွေကို အစဉ်လိုက် ဆက်တိုက်ရိုက်သွားပြီး
အဲ့ထဲမှအကောင်းဆုံးကို ရွေးပေးတဲ့ “Smartburst” လို
ဓာတ်ပုံတစ်ပုံမှာ တိမ်မြုပ်နေတဲ့အပိုင်းတွေကို ဝေဝါးဖို့အတွက်
DSLR camera တွေမှာကဲ့သို့ “len Blur” စတဲ့
လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် အရှေ့အနောက် ကင်မရာကိုလဲ လက်ကောက်ဝတ်ကို
နှစ်ကြိမ်လောက် မှောက်လိုက်ရုံနဲ့ Selfie Mode ကိုတန်းပြီး
အလွယ်တကူ ပြောင်းနိုင်တာကလည်း တကယ်ကို smart ကျပါတယ်။

#Google_Assistant
Pixel မှာ Google Assistant build in ပါဝင်လာပြီး
Apple ရဲ့ Siri ကဲ့သို့  Home button ကို နှိပ်ခြင်း
ဒါမှမဟုတ် “OK Google” လို့ ပြောခြင်းဖြင့်
မေးခွန်းတွေမေးနိုင်သလို တချို့အလုပ်တွေကိုလည်း စေခိုင်းနိုင်မှာပါ။
Google Assistant က Apple Siri ထက်တော့ တစ်နည်းနည်းနဲ့ သာနေပါတယ်။
ဥပမာ “OK Google, where is the nearest cafe? လို့ ပြောပြီး
mic icon ကို နှိပ်ကာ “Remind me to leave for coffee with Jamie at 7 am”. လို့
ထပ်ပြီးဆင့်ခိုင်းလို့ ရတဲ့ ပိုပြီး သဘာဝကျတဲ့ လုပ်ဆောင်ချက်တွေက
သူရဲ့ အားသာချက်တွေပါ။
ဒါအပြင် ဘယ် အပလီကေးရှင်းကိုမဆို ဖွင့်ထားစဉ်မှာ သူရဲ့ content ကိုဖတ်ယူနိုင်တဲ့
လုပ်ဆောင်ချက်လဲရှိပါသေးတယ်။ ဥပမာ-
သူငယ်ချင်းတစ်ယောက်က စားသောက်ဆိုင်တစ်ခုမှာတွေ့ ဖို့ 
message ပို့တယ်ဆိုပါစို့ ၊ “navigate there” ဆိုပြီး
ဆိုင်ရှိရာကို လမ်းညွန်ခိုင်းလို့ရပါတယ်။

#Other_Features
Pixel ဖုန်းတွေမှာ Google ရဲ့ အပလီကေးရှင်း အသစ်တွေဖြစ်တဲ့
Allo နှင့် Duo တို့ တပါတည်းပါလာတဲ့အတွက် video call ခေါ်ဆိုခြင်းနဲ့
စာတို ပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
သူတို့ မှာပါတဲ့ quick charging စနစ်က 15 မိနစ်အားသွင်းရုံနဲ့
7 နာရီစာလောက် ဘထ္ထရီအားကို သုံးနိုင်မှာပါ။
Pixel ကိုင်မယ့်လူတွေရဲ့ အကောင်းဆုံးလို့ပြောရမယ့်
အခွင့်အရေးကတော့ မိမိရဲ့ Photo တွေကို
မူလအရည်အသွေးအတိုင်း resolution အပြည့်ဖြင့်
အကန့်အသတ်မရှိ Cloud မှာ သိမ်းဆည်းခွင့်ရမှာဖြစ်ပါတယ်။
ဓာတ်ပုံတွေ ဗီဒီယိုတွေ များလွန်းပြီး buckup လုပ်ဖို့ 
အခဲအခက်ဖြစ်နေတဲ့သူတွေအတွက်တော့
တကယ်ကို အဆင်ပြေစေမယ့် feature တစ်ခုပါ။

#Price_and_Release_Date
Pixel 32GB ကို £599 ၊ 128GB ကို £699 ကျသင့်မှာဖြစ်ပြီး
Pixel XL 32GB ကို £719 နှင့် 128GB ကို £819 တော့ ကျသင့်မှာဖြစ်ပါတယ်။
ဒါဟာ apple ရဲ့ iPhone 7 နှင့် iPhone 7 Plus models တွေနဲ့တောင် သွားတူပါတယ်။
Pixel နှင့် Pixel တွေကို မနေ့က စလို့ pre-order မှာယူနိုင်ပြီး October 20 ရက်နေ့မှာ shipping စမှာဖြစ်ပါတယ်။
သူတို့ကို Google Store, EE နှင့် Carphone Warehouse တို့မှာဝယ်ယူ နိုင်မှာပါ။

အမျိုးအစားစုံလင်လှတဲ့ မိုဘိုင်းလ်ဖုန်းများကို
ဒီလင့်ခ်မှာ >> https://www.ads.com.mm/smartphones-mobile-phones
ဝယ်ယူနိုင်တယ်ဆိုတာလည်း မမေ့နဲ့နော်။
ပြန်ရောင်းချင်တယ်ဆိုရင်လည်း
ဒီလင့်ခ်မှာ >> https://www.ads.com.mm/posts/new
အခမဲ့ကြော်ငြာတင်ရောင်းချနိုင်သေးတယ်နော်။

#SellAndBuyEverything #Adscommm #Mobilephones
#GooglePixel