အလှပဆုံးသတို့သမီးဖြစ်စေဖို့

beautiful-bride.png

 

 

တစ်သက်မှာတစ်ခါပဲ ဆောင်ရတဲ့
မင်္ဂလာဆောင်မှာ အလှဆုံး မိန်းကလေးဖြစ်ချင်တာ
သတို့သမီးတိုင်းရဲ့ ဆန္ဒပဲလေနော်။
ဒါကြောင့် မင်္ဂလာဆောင်မှာ အလှဆုံးဖြစ်နိုင်စေဖို့
နည်းလမ်းကောင်းလေးတွေကို လက်တို့ပေးလိုက်ပါတယ်ရှင့်။
(၁) စောလေကောင်းလေ
မင်္ဂလာဆောင်နေ့မှာ အလှပဆုံး အကျော့ရှင်းဆုံးဖြစ်နေစေဖို့
အသားအရေ ထိန်းသိမ်းပြုပြင်တာကို
ကြိုတင်စီမံကိန်းနဲ့ ဆောင်ရွက်သင့်ပါတယ်။
မင်္ဂလာမဆောင်ခင် တစ်နှစ်လောက်ကတည်းက
ကြိုတင်ပြင်ဆင်တာတော့ အကောင်းဆုံးပါပဲ။
အချိန်မရဘူးဆိုလည်း
မြန်မြန်စနိုင်သမျှ စလေ အကောင်းဆုံးပါပဲ။
(၂) အားရပါးရပြုံးပါ
မင်္ဂလာဆောင်နေ့မှာ အားရပါးရပြုံးလိုက်ပါ။
အပြုံးဟာ မိန်းကလေးတိုင်းရဲ့ အလှကို ထင်ပေါ်စေတဲ့
လက်နက်ကောင်းပါ။
(၃) ပုလဲသွားလေးတွေပိုင်ဆိုင်ပါစေ
အပြုံးလှလှလေးနဲ့ တွဲဖက်နိုင်ဖို့ ပုလဲလုံးတွေလိုဖြစ်နေတဲ့ သွားလေးတွေ
ပိုင်ဆိုင်ထားဖို့လည်းအရေးကြီးပါတယ်။
သွားဖြူဖြူလေးတွေရဖို့အတွက်
သွားလေးတွေကို သံပယိုသီးနဲ့ စတော်ဘယ်ရီသီးလေးတွေနဲ့ ပွတ်ပေးသင့်ပါတယ်။
သွားချေးလေးတွေကို ဖယ်ရှားနိုင်ဖို့အတွက်
ဟင်းသီးဟင်းရွက်စိမ်းတွေနဲ့ မုန်လာဥနီတို့က အသုံးဝင်ပါတယ်။
(၄) ခန္ဓာကိုယ်ပုံကျနေပါစေ
သတို့သမီးဝတ်စုံလှလှလေးတွေ ဝတ်နိုင်ဖို့
ခန္ဓာကိုယ်ကလည်း အထာကျနေဖို့ အရေးကြီးပါတယ်။
ဒါကြောင့် မင်္ဂလာမဆောင်ခင် အမျိုးသမီးတော်တော်များများ
ဝိတ်ချလေ့ရှိကြပါတယ်။
မင်္ဂလာမဆောင်ခင် ခြောက်လလောက် အလိုကတည်းက
စတင်ဝိတ်ချသင့်ပါတယ်။

(၅) မျက်နှာလေးဝင်းပနေစေဖို့
မျက်နှာလေး ဝင်းပြီး လူကြားထဲမှာ
ထင်းနေဖို့ဆိုရင် မျက်နှာအသားရေ ထိန်းသိမ်းဖို့လည်း
လိုအပ်ပါတယ်။
အလှဆုံးသတို့သမီးလေးဖြစ်ပါစေရှင့်။

မကြာခင်မှာ မင်္ဂလာဆောင်ကြမယ့် မင်္ဂလာမောင်မယ်တို့အနေနဲ့
ဈေးသက်သက်သာသာနဲ့ အိမ်ထောင်ပရိဘောဂတွေ
ဝယ်ယူချင်တယ်ဆိုရင်တော့
ဒီလင့်ခ်မှာ >> https://www.ads.com.mm/furniture-decoration
ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေရှင့်။

#SellAndBuyEverything #Adscommm #Bride #Furniture

Author: Jasmine

Digital Marketer, Blogger

Leave a comment