အဖေများနေ့အတွက် ဘာတွေကြိုတင်စီစဉ်မလဲ ?

လာမယ့်တနင်္ဂနွေနေ့ ဇွန်လ ၁၈ရက်နေ့မှာ ကျရောက်မယ့် အဖေများနေ့မှာ အမှတ်တရ တစ်ခုဖြစ်အောင် ပြုလုပ်ပေးစေလိုတဲ့အတွက်ကြောင့် အကြံဉာဏ်ပြုဖော်ပြလိုက်ပါတယ်နော် အပန်းမကြီးတဲ့အရာလေးတွေဖြစ်လို့ တစ်ခုမဟုတ် တစ်ခုတော့ အမှတ်တရဖြစ်အောင်လုပ်ပေးလိုက်ကြဦးနော်

အဖေများနေ့အတွက် လက်ဆောင်ဝယ်ချင်တယ်ဆိုလည်း ဈေးတန်တန်နဲ့ ပစ္စည်းကောင်းရှိတဲ့ ဒီလင့်ခ် https://goo.gl/g0Ka1L ထဲမှာဝယ်ယူလို့ရပါတယ်နော်

ဘယ်အရာတွေက သင့်အဖေကို ပျော်ရွှင်နိုင်လဲဆိုတာ စဉ်းစားပါ copy.JPG

(၁) ဘယ်အရာတွေက သင့်အဖေကို ပျော်ရွှင်နိုင်လဲဆိုတာ စဉ်းစားပါ

ဒီနှစ်အဖေများနေ့က အားလပ်ရက် ဖြစ်တာကြောင့် အိမ်မှာ သက်တောင့်သက်သာဖြစ်စေမယ့်အရာတွေကိုလုပ်မယ်ဆိုလည်း အဆင်ပြေပါတယ် ငါးဖမ်းရတာကြိုက်လား အိမ်သန့်ရှင်းရေးတူတူလုပ်မလား ရုပ်ရှင်တူတူကြည့်မလား ငယ်ငယ်ကအကြောင်းတွေ ပြန်ပြောပြခိုင်းမလား သူလည်းအဆင်ပြေ ကိုယ်လည်း အဆင်ပြေတယ်ဆို လုပ်ကြည့်လိုက်ပါ မိဘနဲ့ သားသမီးကြားဆက်ဆံရေးပြေလည်စေတဲ့နေရာမှာ သူနဲ့ စကားကြာကြာပြော အချိန်ပေးတာတွေလည်း ပါဝင်ပါတယ်

ပွဲတစ်ခုစီစဉ်ပါ ဒါမှမဟုတ် အပြင်ကို တစ်ခုခုတူတူထွက်စားကြပါ copy

(၂) ပွဲတစ်ခုစီစဉ်ပါ ဒါမှမဟုတ် အပြင်ကို တစ်ခုခုတူတူထွက်စားကြပါ

သင့်အဖေက လက်ဆောင်ကြိုက်တတ်သူမျိုးမဟုတ်ဘူးဆိုရင် သူဟာ သူ့မိသားစုနဲ့ အချိန်ကုန်ချင်တယ်ဆိုတာ သေချာပါတယ် ဥပမာ- သင့်အဖေက မုန့်ဟင်းခါးကြိုက်တယ်ဆိုရင် အိမ်မှာမုန့်ဟင်းခါး အိုးကြီးချက်ပြီး တူတူစားကြတဲ့သဘောပေါ့

သူ့ကို အိပ်ရေးဝဝအိပ်ခိုင်းလိုက်ပါ copy

(၃) သူ့ကို အိပ်ရေးဝဝအိပ်ခိုင်းလိုက်ပါ

အရင်နေ့တွေမှာ သင့်အဖေက အလုပ်ရှိလို့စောစောထနေကြဆိုရင် ဒီနေ့တစ်ရက်တော့ သူ့ကို အိပ်ရေးဝအောင်အိပ်ခိုင်းလိုက်ပါ သူ့အတွက် ဟင်းတွေဘာတွေချက်တာပဲဖြစ်ဖြစ် ပွဲစီစဉ်နေတာပဲဖြစ်ဖြစ် သူမနိုးအောင် တိုးတိုးတိတ်တိတ်လုပ်ပေါ့

Happy Father's Day လို့ပြောဖို့မမေ့ပါနဲ့ copy

(၄) Happy Father’s Day လို့ပြောဖို့မမေ့ပါနဲ့

အဖေများနေ့ဆိုတာ သိပေမယ့်လည်း ဤနေ့က သူ့နေ့ဆိုတာ ပြောပြဖို့မမေ့ပါနဲ့ ကိုယ့်ချစ်သူ သူငယ်ချင်းတွေကို အချိန်မရွေးဖက်ကြတတ်ပေမယ့် ကိုယ့်အဖေကို ဖက် ဖို့ကြဝန်လေးတတ်ကြပါတယ် ထိုနေ့မှာ အဆင်ပြေမယ်ဆို ကိုယ့်ဖေဖေကို ခဏဖြစ်ဖြစ် ဖတ်ပြီး မိဘရဲ့နွေးထွေးမှုကို ခံစားလိုက်ပါ

ဘာလုပ်ချင်လဲဆိုတာ မေးပါ copy

(၅) ဘာလုပ်ချင်လဲဆိုတာ မေးပါ

ကိုယ့်အဖေတွက် တစ်ခုခုစီစဉ်ရတော့မယ်ဆိုရင် တကယ်တမ်းကျ သူဘာကြိုက်တတ်လဲဆိုတာ ရုတ်တရက် မသိတာလည်းဖြစ်တတ်ပါတယ် သူကြိုက်မယ်ထင်တာပဲဆိုတဲ့အရာတွေ လုပ်ပေးလိုက်မယ်ဆိုတာထက် သူဘာလုပ်ချင်လဲ ဘာလိုချင်လဲ ပွင့်ပွင့်လင်းလင်းမေးလိုက်တာက ပိုအဆင်ပြေမှာပါ ကိုယ့်မှာ အစီအစဉ်တွေဆွဲထားပြီးကာမှ သူက အိမ်မှာပဲအနားယူချင်တယ်ပြောလည်း သူလုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်ပါ

စကားပြောဖို့အချိန်ပေးပါ copy

(၆) စကားပြောဖို့ အချိန်ပေးပါ

တကယ်တမ်း တွက်ကြည့်မယ်ဆိုရင် သူနဲ့ကိုယ် တွေ့ရတဲ့အချိန်က အရမ်းနည်းပါတယ် အဖေများနေ့မှာ ၂ယောက်လုံးအားလပ်ရတယ်ဆိုရင် ကိုယ်သိချင်နေတာတွေ သူ့ကိုပြောပြချင်နေတာတွေ သူ့အမြင် ကိုယ့်အမြင်ကောင်းကောင်းဖလှယ်ဖို့ အချိန်ပေးလိုက်ပါ

ငယ်ငယ်တုန်းက ဓာတ်ပုံတွေ ပြန်ကြည့်ပါ copy

(၇) ငယ်ငယ်တုန်းက ဓာတ်ပုံတွေ ပြန်ကြည့်ပါ

အိမ်မှာအေးဆေးနေမယ်ဆို သိမ်းထားတဲ့ အယ်လ်ဘမ် ဟောင်းတွေ ထုတ်ပြီး ငယ်ငယ်တုန်းက ပုံတွေပြန်ကြည့်ပြီး ငယ်ငယ်ကအချိန်တွေဆီ တစ်ခေါက်ပြန်သွားလိုက်ပါ

 အပန်းမကြီးတဲ့အရာလေးတွေဖြစ်လို့ တစ်ခုမဟုတ် တစ်ခုတော့ အမှတ်တရဖြစ်အောင်လုပ်ပေးလိုက်ကြဦးနော်

ဟန်းနီးမွန်းခရီးလေးကို ဒီလိုဖြတ်သန်းမယ်

0.png

တစ်သက်မှာ တစ်ခါသာထွက်ရတဲ့
ဟန်းနီးမွန်းခရီးလေးကို ဒီလိုလေးဖြတ်သန်းကြမယ်။

နေဝင်ချိန်ကို တူတူကြည့်ပါ
ပျင်းစရာကောင်းမှာပဲလို့ ထင်မိပါလိမ့်မယ်။
ဒါပေမယ့် ဒါဟာ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာတစ်ခုဆိုတာ
လုပ်ဖူးကြည့်မှသိပါလိမ့်မယ်။
နေဝင်ချိန်ကို ညားခါစ ပူပူနွေးနွေး ဇနီးလေးနဲ့ တူတူကြည့်ရတာဟာ
တကယ်ကို တမူထူးတဲ့ ခံစားချက်လေးတစ်မျိုးဖြစ်စေပါလိမ့်မယ်။

Continue reading “ဟန်းနီးမွန်းခရီးလေးကို ဒီလိုဖြတ်သန်းမယ်”

ဘာကြောင့် ပျော်ရွှင်နေတဲ့အတွဲတွေဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပို့စ်တင်တာနည်းလာကြတာလဲ?

blog.png

#သူတို့ ပျော်ရွှင်နေကြောင်း သက်သေပြစရာမလိုဘူး။
Social Media ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်
ချစ်တယ် လွမ်းတယ်ပြောနေမယ့်အစား
တကယ့်လက်တွေ့ နှစ်ယောက်တည်း သီးသန့်
ချစ်ကြလွမ်းကြလေ့ရှိတယ်။
#ပြဿနာဖြစ်တိုင်း ဖေ့ဘွတ်ပေါ်တင်တာဟာ အဖြေမဟုတ်မှန်း သူတို့သိကြတယ်။
ဖေ့ဘွတ်ပေါ်တင်တဲ့အခါ ချစ်တဲ့သူတွေက စိတ်မကောင်းဖြစ်ကြသလို
မနာလိုတဲ့သူတွေကလည်း မီးလောင်ရာလေပင့်လေ့ရှိကြတယ်။
ဒါကြောင့် ပြဿနာတွေက ပိုပိုကြီးလာလေ့ရှိတယ်။
ဒါကြောင့်မို့ ပြဿနာဖြစ်ပြီဆိုရင်လည်း
နှစ်ယောက်တည်းသီးသန့် မျက်နှာချင်းဆိုင် ဖြေရှင်းလေ့ရှိကြတယ်။
#Social Media ပေါ်မှာ အချိန်ကုန်မယ့်အစား
နှစ်ယောက်တည်းသီးသန့် အချိန်ပေးလေ့ရှိကြတယ်။
#ပို့စ်တွေကို ကြည့်ပြီး တခြားသူတွေ ဆုံးဖြတ်မှာကို မလိုလားကြဘူး။
သူတို့တင်တဲ့ပို့စ်တွေကို ကြည့်ပြီး
သူတို့တော့ ပျော်နေတာပဲ
သူတို့ အဆင်မပြေဘူးပဲ
အစရှိတဲ့ ဝေဖန်ပြောဆိုချက်တွေကိုလက်မခံလိုကြဘူး။

ဒီအချက်တွေကြောင့် လူမှုကွန်ယက်စာမျက်နှာတွေမှာ
သူတို့ရဲ့ relationship အကြောင်းတွေ အတင်နည်းလာတာပဲဖြစ်ပါတယ်။

အိမ်မှာ အသုံးမလိုပိုနေတဲ့ပစ္စည်းတွေကို
ads.com.mm ကဏ္ဍစုံကြော်ငြာဝက်ဘ်ဆိုက်ဒ်မှာ
ဒီလင့်ခ်အတိုင်း >> https://www.ads.com.mm/posts/new
အခမဲ့တင်ရောင်းလို့ရတယ်ဆိုတာလည်း မမေ့နဲ့ဦးနော်။
😉

#SellAndBuyEverything #Adscommm #Happycouple

“လူတစ်ယောက်ရဲ့ အိပ်ချိန်”

bl.png

 

[Zawgyi]


တစ်နေ့ကို ၁၄-၁၇နာရီ

တစ်နေ့ကို ၁၂-၁၅နာရီ
တစ်နေ့ကို ၁၁-၁၄နာရီ
တစ်နေ့ကို ၁၀-၁၃နာရီ
တစ်နေ့ကို ၉-၁၁နာရီ
# ဆယ်ကျော်သက်အရွယ် (၁၄-၁၇နှစ်)
တစ်နေ့ကို ၈-၁၀နာရီ

# လူငယ်အရွယ် (၁၈-၂၅နှစ်)
တစ်နေ့ကို ၇-၉နာရီ
တစ်နေ့ကို ၇-၉နာရီ

တစ်နေ့ကို ၇-၈နာရီ
ပရိတ်သတ်ကြီးအနေနဲ့

#SellAndBuyEverything #Adscommm #Baby #Sleep
– – – – – – – – – – – – – –

[Unicode]

 

လူတစ်ယောက်ဟာ အသက်အရွယ်ပေါ်လိုက်ပြီး
လိုအပ်တဲ့အိပ်ချိန် ကွာခြားကြပါတယ်။
ဒါကြောင့် သင့်အရွယ်ပေါ်မူတည်ပြီး
အိပ်ချိန်ဘယ်နာရီရှိသင့်လဲဆိုတာ
ဆက်ဖတ်ကြည့်လိုက်ပါဦး

# မွေးခါစကလေး (၀-၃လသားအရွယ်)
တစ်နေ့ကို ၁၄-၁ရနာရီ

# နို့စို့ကလေး (၄-၁၁လသားအရွယ် )
တစ်နေ့ကို ၁၂-၁၅နာရီ
# လမ်းလျှောက်တတ်ခါစအရွယ် (၁-၂နှစ်)
တစ်နေ့ကို ၁၁-၁၄နာရီ
# မူကြိုကလေးအရွယ် (၃-၅နှစ်)
တစ်နေ့ကို ၁၀-၁၃နာရီ
# ကျောင်းတက်အရွယ်  (၆-၁၃နှစ်)
တစ်နေ့ကို ၉-၁၁နာရီ
# ဆယ်ကျော်သက်အရွယ် (၁၄-၁ရနှစ်)
တစ်နေ့ကို ၈-၁ဝနာရီ

# လူငယ်အရွယ် (၁၈-၂၅နှစ်)
တစ်နေ့ကို ၇-၉နာရီ

 

# အရွယ်ရောက်သူ (၂၆-၆၄နှစ်)
တစ်နေ့ကို ၇-၉နာရီ
# သက်ကြီးရွယ်အိုများ (၆၅နှစ်နှင့်အထက်)
တစ်နေ့ကို ၇-၈နာရီ
Happy Life မှ မူရင်းပို့စ်အား
Ads.com.mm မှ ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။
ပရိတ်သတ်ကြီးအနေနဲ့
သားသားမီးမီး တူတူမ ပူတူတူးလေးတွေအတွက်
အသုံးအဆောင်ပစ္စည်းလေးတွေ ဝယ်ပေးချင်ရင်တော့
အောက်ပါလင့်ခ်လေးကိုနှိပ်ပြီး
https://www.ads.com.mm/toys-kid-stuff
သွားကြည့်ကြည့်လိုက်နော်။
ဒါမှမဟုတ် ခေးလေးတွေက အရွယ်ရောက်သွားလို့
သူတို့ငယ်ငယ်တုန်းကသုံးခဲ့တဲ့ ပစ္စည်းလေးတွေ ပိုနေလို့
ချောင်မထိုးထားနဲ့နော်။
http://www.ads.com.mm ကိုသွားပြီး
အခမဲ့ကြော်ငြာတင်လိုက်နော်။