Eyeliner ကို အခြေခံက စလေ့လာကြမယ်

Eyeliner အမျိုးအစား

Eyeliner မှာ ခဲတံရယ်၊ ဆော့ပင်ရယ်၊ အရည်ဘူးလေးရယ်၊ ဂျယ်လ်ဘူးလေးတွေရယ်ဆိုပြီး လေးမျိုးရှိပါတယ်။
ခုမှ စဆိုးမယ့်သူတွေကတော့ ခဲတံကိုရွေးပါလို့ အကြံပေးချင်ပါတယ်။
တကယ်လို့ ဆွဲရင်း မညီမညာဖြစ်သွားတာတို့၊ မလှမပဖြစ်သွားတဲ့အခါမျိုးကျ
ခဲတံက ပြန်ပြင်ရ ပြန်ညှိရ အရမ်းလွယ်ပါတယ်။

အဲ နည်းနည်းလေးကျွမ်းလာပြီဆိုရင်တော့ ဆော့ပင်နဲ့စမ်းဆွဲကြည့်ပါ။
ဆော့ပင်ချွန်လေးနဲ့က Wing လေးတွေဆွဲရတာပိုလွယ်ပါတယ်။ ခဲတံနဲ့ Wing ဆွဲရင် သိပ်အဆင်မပြေနိုင်ပါဘူး။ Continue reading “Eyeliner ကို အခြေခံက စလေ့လာကြမယ်”

လွယ်လွယ်ကူကူရနိုင်တဲ့ရေခဲလေးတွေနဲ့ ဝက်ခြံကု ကြမယ်

blog.png

ဝက်ခြံရောင်ရမ်းမှုကို လျင်မြန်စွာ လျော့ကျစေဖို့ ရေခဲကို အသုံးပြုနိုင်ပါတယ်။ ရေခဲဟာ မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးများနဲ့စုပုံနေတဲ့ အဆီတွေကို ဖယ်ရှားပေးပါတယ်။ ရေခဲတုံးပဲဖြစ်ဖြစ် ရေခဲအပိုင်းအစပဲဖြစ်ဖြစ် အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ ပိတ်စတစ်ခုထဲမှာ ရေခဲထည့်ပြီး ဝက်ခြံပေါက်နေတဲ့ နေရာတွေကိုစက္ကန့်အနည်းလောက်ကပ်ထားပေးရမှာပါ။(နူးညံ့တဲ့ပိတ်စ)။ အဲ့နောက် ကပ်လိုက်ခွာလိုက် ထပ်ခါတလဲလဲ ပြုလုပ်ပေးရပါမယ်။

Continue reading “လွယ်လွယ်ကူကူရနိုင်တဲ့ရေခဲလေးတွေနဲ့ ဝက်ခြံကု ကြမယ်”

“ချိုင်းမည်းခြင်းအတွက် မုန့်ဖုတ်ဆော်ဒါ”

baking.png

 

 

လက်ပြတ်အင်္ကျီလေးတွေရဲ့ ရန်သူတော်က ချိုင်းမည်းတာ ဖြစ်နေသလား?

 

ဒါဆိုရင်တော့ စိတ်မပူပါနဲ့။

ကုန်စုံဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့

မုန့်ဖုတ်ဆော်ဒါလေးရှိတယ်လေ။

 

မုန့်ဖုတ်ဆော်ဒါဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့နေရာမှာ ကူညီပေးတဲ့အပြင်

ချိုင်းကြားမည်းစေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့

ချွေးပေါက်ပိတ်နေတာကိုလည်း ဖယ်ရှားပေးပါတယ်။

မုန့်ဖုတ်ဆော်ဒါကို အသုံးပြုခြင်းဖြင့် ဓာတုပစ္စည်းတွေပါဝင်တဲ့

ချွေးတိတ်ဆေးတွေ ချွေးနံ့ပျောက်ဆေးတွေ

သုံးဖို့မလိုတော့ဘူးဆိုတာ သတိပြုမိလာပါလိမ့်မယ်။

ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို အမြစ်ဖြတ်ပေးပြီး

အနံ့အသက်ကိုလည်း ကင်းဝေးစေပါတယ်။

ထို့ပြင် ချိုင်းကြားကိုလည်း ဖြူစေပါတယ်။

 

အသုံးပြုနည်း

– – – – – – –

မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ ဖျော်ပြီး အနှစ်လေးရအောင်လုပ်ပါ။

ဒီအနှစ်ကို ချိုင်းကြားမှာ သုတ်လိမ်းပေးပြီး မည်းနေတဲ့နေရာတွေကို

ညင်သာစွာ လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ဆေးပစ်ပြီး

လက်နဲ့ ပုတ်ကာခြောက်သွေ့အောင်လုပ်ပါ။

 

နေ့စဉ်ပုံမှန်အသုံးပြုပေးသွားမယ်ဆိုရင်

လူကြားထဲမှာ ရဲရဲဝံ့ဂံ့ လက်မြှောက်နိုင်ပြီပေါ့။

 

ပရိတ်သတ်ကြီးအနေနဲ့ ဖက်ရှင်နဲ့အသုံးအဆောင်ပစ္စည်းလန်းလန်းတွေကို

တစ်နေရာတည်းမှာ ဝယ်ယူချင်တယ်ဆိုရင်တော့

ဒီလင့်ခ်လေးမှာ >> https://www.ads.com.mm/fashion-beauty

ဝယ်ယူနိုင်ပါတယ်ရှင့်။

ဒါမှမဟုတ် အသုံးမလိုပိုနေတဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကို

ပြန်ရောင်းချင်တယ်ဆိုရင်တော့

ဒီလင့်ခ်မှာ >> https://www.ads.com.mm/posts/new

အခမဲ့ကြော်ငြာတင်ရောင်းချနိုင်ပါတယ်ရှင့်။

 

#SellAndBuyEverything #Adscommm #Fashion #Beauty #DarkUnderArms

 

 

 

“အလှအပအတွက် မရှိမဖြစ် ရှားစောင်းလက်ပက်ဂျယ်လ်”

blog.png

 

 

 

ဒီတစ်ပါတ်မှာတော့

အသားအရေထိန်းသိမ်းလိုတဲ့ ပျိုမေတွေအတွက်

ရှားစောင်းလက်ပက်ရဲ့ အရေးပါပုံ အခန်းကဏ္ဍလေးကို

တင်ဆက်ပေးလိုက်ပါတယ်နော်။

 

တင်းတိတ်ဖြစ်နေသူများအတွက်

ညအိပ်ရာမဝင်ခင်
လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပက်ဂျယ်လ်လေးကို
တင်းတိတ်ဖြစ်နေတဲ့နေရာတွေမှာ လိမ်းပြီး
ညအိပ်ရာဝင်ပါ။
မနက်မိုးလင်းကျတော့မှ မျက်နှာသစ်ပါ။
နေ့စဉ်ပြုလုပ်ပေးသွားမယ်ဆိုရင်
ထူးခြားတဲ့ရလဒ်ကို ရရှိမှာပါ။

နောက်တစ်နည်းကတော့
ရှားစောင်းလက်ပက်ဂျယ်လ် (စားပွဲတင်ဇွန်း၂ဇွန်း)နှင့်
ပျားရည်စစ်စစ် (စားပွဲတင်ဇွန်းတစ်ဝက်)
တို့ကို နှံ့စပ်စွာရောနယ်ပြီး ၁၀မိနစ်ခန့်
ထားထားပါ။
ထို့နောက်မှ မျက်နှာပေါ်မှာ လိမ်းပေးပပြီး
သဘာဝအတိုင်း ခြောက်အောင်ထားပေးပါ။
မိနစ်၂၀ခန့်ထားပြီး ကြက်သီးနွေးရေလေးနဲ့
ဆေးကြောပေးပါ။
တစ်နေ့တစ်ကြိမ် မှန်မှန်လုပ်ပေးပါ။
 

ဒူးခေါင်းနှင့်တံတောင်ဆစ်မည်းသူများအတွက်

ရှားစောင်းလက်ပက်ဂျယ်လ်ကို မည်းနေတဲ့နေရာတွေမှာ

လိမ်းပေးပြီးနာရီဝက်ခန့် ထားထားပေးပါ။

ထို့နောက် ရေနဲ့ ဆေးချလိုက်ပါ။

 

 

မျက်နှာပြင်ပေါ်က အမည်းစက်တွေကြောင့် စိတ်ညစ်နေရသူများအတွက်

 

လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပက်ဂျယ်လ်ကို

အမည်းစက်ဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပါ။

ထို့နောက် မျက်နှာကို လက်ထိပ်လေးနဲ့

မိနစ်အနည်းငယ်လောက် ညင်ညင်သာသာ နှိပ်ပေးပါ။

ထို့နောက် ၁၅မိနစ်-မိနစ်၂၀လောက်ထားပြီး ရေနဲ့ဆေးကြောလိုက်ပါ၊

တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်ခန့် နေ့စဉ်ပုံမှန်လုပ်ပေးသင့်ပါတယ်။

 

ဖက်ရှင်နဲ့အလှအပဆိုင်ရာပစ္စည်းတွေကို

Ads.com.mm အခမဲ့ကဏ္ဍစုံကြော်ငြာဝက်ဘ်ဆိုက်ဒ်မှာ

ဒီလင့်ခ်အတိုင်း >> https://www.ads.com.mm/fashion-beauty

ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါးပါရစေရှင့်။

ဒါမှမဟုတ် မသုံးဖြစ်တော့တဲ့ ဖက်ရှင်နဲ့ အလှအပဆိုင်ရာပစ္စည်းတွေကို

ပြန်ရောင်းချင်ရင်တော့

ဒီလင့်ခ်မှာ >> https://www.ads.com.mm/posts/new

အခမဲ့ကြော်ငြာတင်လို့ရပါသေးတယ်နော်။

 

#SellAndBuyEverything #Adscommm #Aloevera