ယမန်နှစ်ကထက် အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်အား ပြည်တွင်းမှ အသုံးပြုသူ (၁၆) ရာခိုင်နူန်းအထိမြင့်တတ်လာ

မြန်မာပြည်၏ နံပါတ် (၁) အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ads.com.mm  တွင် တိုက်ရိုက်ဝင်ရောက်ကြည့်ရူသူဦးရေ စုစုပေါင်းအရေအတွက်သည် ယမန်နှစ် ၊ သြဂုတ်လတွင် ၀င်ရောက်ကြည့်ရူ လေ့လာသူဦးရေစုစုပေါင်း ရာခိုင်နူန်းမှာ ( ၅၅) ရာခိုင်နူန်းမှ ယခုနှစ် သြဂုတ်လတွင် (၇၁.၇၃) ရာခိုင်နူန်းရှိကာ ၊ (၁၆) ရာခိုင်နူန်းခန့်အထိမြင့်တက်လာခဲ့သည်။

11328896_517184045101594_1074837661_n

ထိုကဲ့သို့ အသုံးပြုမူမြင့်တတ်လာမူအပေါ် ယင်းဝက်ဘ်ဆိုက်၏ Country  Manager ဖြစ်သူ Mr. Nico Poma မှ “ကျွန်တော်တို့ရဲ့ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ကို ပြည်တွင်းကနေအသုံးပြုသူ (၁၆) ရာခိုင်နူန်း တိုးလာရတဲ့ အဓိကအကြောင်းအရင်းက ပြည်တွင်းမှာ အွန်လိုင်းအသုံးပြုတဲ့လူတွေ မြင့်တက်လာတာက ပထမတစ်ချက်ပါ၊ နောက်အကြောင်းရင်းတခုက ကျွန်တော်တို့ရဲ့ အွန်လိုင်းအခမဲ့ကြော်ငြာဝက်ဘ်ဆိုက်မှာ ကဏ္ဍစုံစုံလင်လင်ရှိတဲ့အပြင် ၊ လိုချင်တာတွေကို တနေရာတည်းမှာရတာကြောင့်နှင့် ၀န်ဆောင်ခအနေနဲ့တစ်ခုမှပေးစရာမလိုဘဲ ရောင်းချလိုရတဲ့ အကျိုးအမြတ်ကို အပြည့်အဝခံစားခွင့်ရှိတယ်ဆိုတဲ့ သဘောတရားကို နားလည်လာတာကြောင့်ဖြစ်ပါတယ်” ဟု ၄င်းမှပြောသည်။

အဆိုပါ ၀က်ဘ်ဆိုက်အား နေ့ စဉ်ဝင်ရောက်ကြည့်ရူသူဦးရေစုစုပေါင်း(၇,၀၀၀) နီးပါးရှိပြီး ၊ ၁ လလျှင် ကြည့်ရူသူဦးရေပေါင်း( ၃) သိန်း ကျော်ရှိကြောင်း ၄င်းမှထပ်မံပြောကြားသည်။

Ads.com.mm ၊ Head of Public Relation ဖြစ်သူ Mr. Elijah Htang မှ “ကျွန်တော်တို့  ဝက်ဘ်ဆိုက်ကို Relaunching ပြန်လုပ်ပြီးနောက်ပိုင်းမှာ အသုံးပြုသူတွေအတွက်ပိုပြီးတော့ သုံးရတာလွယ်ကူလာပါတယ်။ ရောင်းတဲ့လူတွေလည်းပိုမိုများပြားလာတာ ကိုတွေ့ရပါတယ်။ ကျွန်တော်တို့ ads ကိုအမြဲ အသုံးပြုသူတွေအတွက်     စိတ်ဝင်စားဖို့ ကောင်းတဲ့ Campaign တွေကိုလဲ လစဉ် ပြုလုပ်ပေးနေပါတယ်။ အသုံးပြုလိုတဲ့သူတွေကိုလည်း ကျွန်တော်တို့ လက်လှမ်းမှီတဲ့ Social Media တွေကနေတဆင့် မျှဝေပေးပါ တယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာဆို ကြော်ငြာပေါင်း    ( ၄၆,၀၀၀ ) ကျော်ရှိပြီး   ၊ လူကြည့်အများဆုံး ကဏ္ဍတွေကတော့ မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ၊ အိမ်ခြံမြေ ၊ ကားအရောင်းအ၀ယ်နှင့် အလုပ်အကိုင်ကဏ္ဍတို့ ဖြစ်ပါတယ်။ “ ဟု ပြောသည်။

www.ads.com.mm  သည် မြန်မာပြည်တွင် ၂၀၁၂ ခုနှစ်မှ စတင်လုပ်ကိုင်လာပြီး ၊ ဂျာမနီအခြေစိုက် Rocket Internet company ၏ Venture တစ်ခုဖြစ်ကာ မြန်မာနိုင်ငံ၏ နံပါတ် (၁) ကဏ္ဍစုံ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဖြစ်သည်။

www.ads.com.mm ၀က်ဘ်ဆိုက်အား၂၀၁၄ ခုနှစ် ၊ မတ်လတွင် အသုံးပြုသူများ လွယ်ကူစေရန်အတွက် ပုံစံအသစ်ဖြင့် ပြန်လည် မိတ်ဆက်ခဲ့သည်။ ယင်းဝက်ဘ်ဆိုက်သည် ကိုယ်ပိုင်တစ်နိုင်လုပ်ငန်းလုပ်ကိုင်သူများနှင့် စွန့်ဦးတီထွင်လုပ်ငန်းလုပ်ကိုင်သူတို့မှ   အထုးသဘောကျ ၊ နှစ်သက်သည်။

သင်အသုံးမပြုတော့တဲ့ အပိုပစ္စည်းတွေကို မြန်မာပြည်ရဲ့ နံပါတ် ၁ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက် www.ads.com.mm  မှာ အခုပဲ အခမဲ့ ရောင်း ၊ ၀ယ် ရင်း အပိုဝင်ငွေရှာဖွေလိုက်ပါ။