အရောင်းအ၀ယ်ဖြစ်သွားတဲ့အကြောင်းမျှဝေရင်း ဆုငွေကျပ် ၄၀,၀၀၀ ရယူလိုက်ပါ

ဒီအစီအစဉ်လေးကတော့ www.ads.com.mm ၀က်ဘ်ဆိုက်မှ တစ်ဆင့် အရောင်းအ၀ယ်ဖြစ်သွားတဲ့ အကြောင်းလေးကို ပြန်လည်ဝေမျှပြောရင်း ဆုငွေကျပ် ၄၀,၀၀၀ ရယူနိုင်မယ့် အခွင့်အရေးလေးပါ။

success story prize-mm

မိမိ ရောင်းချင်တဲ့ ပစ္စည်းကို ဓာတ်ပုံရိုက်ပြီး www.ads.com.mm ၀က်ဘ်ဆိုက်မှာ အခမဲ့ ကြော်ငြာတင်လိုက်ပါ။ ၀ယ်သူနဲ့ အရောင်းအ၀ယ်ဖြစ်သွားပြီဆိုရင် www.ads.com.mm ၊ Facebook page (သို့) ၀၉-၂၅၄၂၈၂၅၄၅ ကို ဆက်သွယ်ပြောကြားနိုင်ပါတယ်။

အရောင်းအ၀ယ် ဖြစ်သွားတဲ့ ကြော်ငြာတွေထဲမှ ကျွန်တော်တို့ ၀က်ဘ်ဆိုက်ရဲ့စည်းမျဉ်းစည်းကမ်းကိုက်ညီတဲ့ အကောင်းဆုံး ကြော်ငြာ ၁ ခုကို ရွေးချယ်ပြီး ဆုငွေကျပ် ၄၀,၀၀၀  ပေးအပ်သွားမှာဖြစ်ပါတယ်။ ဆုငွေကို တစ်ပတ်တစ်ကြိမ် ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။

—စည်းကမ်းချက်—

၁။ www.ads.com.mm မှာ ကြော်ငြာတင်တဲ့အခါ သင် ရောင်းချင်တဲ့ပစ္စည်းရဲ့ မူရင်း ဓာတ်ပုံ ဖြစ်ရပါမယ်။ (အင်တာနက်မှ download ဆွဲထားသောပုံများ မဖြစ်ရပါဘူး)

၂။ ၀ယ်သူနှင့် အပြင်မှာ အရောင်းအ၀ယ် ပြုလုပ်နေတဲ့ ဓာတ်ပုံ ၁ ပုံ အနည်းဆုံးလိုအပ်ပါတယ်။

၃။ ဒီ Post ကို Like & Share ပြုလုပ်ရန်လည်းလိုအပ်ပါတယ်။

ကြော်ငြာတင်ပြီး ငွေကျပ် ၄၀,၀၀၀ ကံစမ်းရန် >>>

http://bit.ly/1FqJBtL

www.ads.com.mm

(အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက www.ads.com.mm ၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။)

Advertisements

ကိုသိန်းထိုက်ကတော့ သူရဲ့ အိမ်စီးကားလေးဖြစ်တဲ့ Honda Civic ကို စိတ်ကြိုက်ဈေးနှုန်းနဲ့ ၁ ရက်အတွင်း ရောင်းထွက်သွားပါပြီ။

Ads ။ အကို့နာမည်လေးနဲ့ နေရပ်လိမ်စာလေးကို မိတ်ဆက်ပေးပါအုန်း။

ကိုသိန်းထိုက် ။ ကိုသိန်းထိုက်ပါခင်ဗျာ။ မြောက်ဒဂုံ ၃၇ ရပ်ကွက်မှာနေပါတယ်။ လက်ရှိအလုပ်လုပ်နေတာကတော့ Sales & Marketing Manager ပါ။

Success-Story-1

Ads ။ ပထမဦးဆုံးမေးခွန်းအနေနဲ့ ကျွန်တော်တို့ရဲ့ ၀က်ဘ်ဆိုက်ကို ဘယ်လိုစသိခဲ့ပါသလဲ။

ကိုသိန်းထိုက် ။ ကျွန်တော်လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက သိခဲ့ပါတယ်။ အဲ့မှာ ပစ္စည်းတော်တော်များများ တင်ရောင်းနိုင်တယ်ဆိုပြီးတော့ပေါ့။ နောက်ပြီး ကျွန်တော့် မိတ်ဆွေတစ်ယောက်ကလည်း သူရဲ့ကားကို www.ads.com.mm ၀က်ဘ်ဆိုက်မှာ တင်ရောင်းတာတွေ့လိုက်တယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း အဲ့ဒီ ၀က်ဘ်ဆိုက်ကိုသွားပြီး ကျွန်တော်ကား ကြော်ငြာလေးကိုတင်လိုက်တာပါ။

Ads ။ အကို့ ကြော်ငြာတင်ပြီးတော့ ဖုန်းခေါ်ဆိုတဲ့သူ ဘယ်နှစ်ဦး ရှိခဲ့ပြီး ဘယ်နှစ်ရက်အတွင်း ရောင်းခဲ့ရလဲ ဆိုတာကို ပြောပြပေးပါဦး။

ကိုသိန်းထိုက် ။ ကျွန်တော့် ကားကို ဇူလိုင်လ၂၁ ရက်နေ့တင်ခဲ့ပါတယ်။ ကြော်ငြာတင်တာလည် ခဏပဲ၊ ၁၀ မိနစ်လောက်အကြာမှာ ကျွန်တော်ကားကြော်ငြာလေးတွေ့ ရတယ်။ အဲဒီနေ့တင်ဘဲ ဖုန်း (၁၅) ကြိမ်လောက်ဝင်လာတယ် ၀င်လာတဲ့ အထဲကမှ မှော်ဘီက ကိုဝ ဆိုတဲ့သူနဲ့ အရောင်းအ၀ယ်တည့်သွားတယ်။ (၂၂) ရက်နေ့မှာဘဲ စာချူပ်တွေ အပြီးချုပ်ပြီးအရောင်းအ၀ယ်ဖြစ်သွားပါတယ်။

Ads ။ ၀ယ်သူနဲ့ အပြင်မှာတွေ့တဲ့အခါ ဘယ်လိုအခက်အခဲလေးတွေကြုံရလဲပေါ့။ နောက်ပြီး ဒီဝက်ဘ်ဆိုက်ပေါ်ကနေတဆင့် ၀ယ်သူနဲ့ အပြင်မှာ တိုက်ရိုက်တွေ့ပြီး အကိုရဲ့အရောင်းအ၀ယ်ဖြစ်ခဲ့ပုံလေး ပြောပေးပါအုံး။

ကိုသိန်းထိုက် ။ အခက်အခဲတော့မရှိပါဘူး။ ကျွန်တော်လည်း ဖုန်းဆက်တဲ့သူတွေအများကြီးထဲမှာမှ ဒီတစ်ယောက်နဲ့တွေ့ဖြစ်သွားတာပေါ့နော်။ သူကလည်း မိသားစုစီးဖို့ အဆင်ပြေတယ်ဆိုပြီး သူ့ကိုရောင်းဖို့ ကမ်းလှမ်းပါတယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ Gandamar Whole Sale မှာချိန်းပြီး တစ်ခါတည်း စာချုပ်ချုပ်လက်မှတ်ထိုးတာပဲ။ ဘာမှ အခက်အခမဲ မရှိပါဘူးခင်ဗျ။

Ads ။ နောက်ပြီး အကိုအခုကားကိုရောင်းဖို့အတွက် အခြားပွဲစားအပ်ထားတာတို့ ၊ အခြား Facebook မှာ ကြော်ငြာထားသေးလားမသိဘူးခင်ဗျ။

ကိုသိန်းထိုက် ။ မရှိဘူးဆိုတာကလည်း ကျွန်တော့်အလုပ်က ၂၄ နာရီလုပ်ရတာဆိုတော့ အချိန်သိပ်မရှိဘူးပေါ့။ ဒါ့ကြောင့် ကျွန်တော်အနေနဲ့ အပြင်မှာပွဲစားလည်းမအပ်ဖြစ်ပါဘူး။ ဒါ့ကြောင့် ဒီဝက်ဘ်ဆိုက်မှာ ကျွန်တော်ရောင်းချင်တာလေး တင်လိုက်တာဗျ။

Ads ။ ဒီဝက်ဘ်ဆိုက်မှာတင်တော့ အကို့ စိတ်ထဲမှာ ရောင်းထွက်လိမ့်မယ်လို့ ထင်ရဲ့လားမသိဘူးခင်ဗျ။

ကိုသိန်းထိုက် ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ဒီလောက်လည်း လွယ်လွယ်ကူကူနဲ့ အမြန်ရောင်းထွက်မယ်လို့တော့ မထင်ဘူးထားဘူးပေါ့နော်။ နောက်ပြီး ရောင်းထွက်သွားတဲ့အခါ ကြော်ငြာခ ၊ ၀န်ဆောင်ခ ပေးစရာမလိုတဲ့အပြင် အချိန်ကုန်သက်သာပြီး လိုချင်တဲ့ ဈေးလည်းရခဲ့ပါတယ်။

သင်လည်း www.ads.com.mm မှာ အခုပဲ ကြော်ငြာပြီး အောင်မြင်တဲ့ အရောင်းအ၀ယ်အကြောင်းများကို မျှဝေရင်း ကျပ် ၂၀,၀၀၀ ရယူလိုက်ပါ။

ရောင်းချသူနဲ့ဘယ်နေရာမှာတွေ့သင့်ပါသလဲ?

ကျွန်တော်တို့ ads.com.mm  ပေါ်မှာ တင်ထားတဲ့ကြော်ငြာတွေကနေတဆင့် ဆက်သွယ်ဝယ်ယူပြီး ၊ ရောင်းသူနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာဆိုရင် အကောင်းဆုံးကတော့ ကိုယ်နေထိုင်ရာမြို့နယ်နဲ့ နီးစပ်ရာနေရာမှာ တွေ့ဆုံတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ နောက်ထပ် ရောင်းချသူနဲ့တွေ့ဆုံဖို့ကောင်းတဲ့နေရာတွေကတော့ လူထူထပ်တဲ့နေရာတွေ ဖြစ်တဲ့ ဈေးဝယ်စင်တာတွေ ၊ ကော်ဖီဆိုင်တွေအပြင် ၊ လူများတဲ့ ကားပတ်ကင်နေရာတွေမှာ တွေ့ဆုံနိုင်ပါတယ်။

Coffee Shop

ရောင်းဝယ်တဲ့အခါမှ နောက်ထပ် သတိပြုရာမှာတွေကတော့ –

ပစ္စည်းလက်ခံမရရှိသေးခင် ကြိုတင်ငွေပေးပို့တာမျိုးမလုပ်ပါနဲ့။

ရောင်းသူဘက်ကနေ အွန်လိုင်းကနေတဆင့် (သို့) ငွေလွှဲပေးဖို့ပြောလာတဲ့အခါမျိုးမှာဆိုရင် သင့်အနေနဲ့ “ပစ္စည်းမမြင်ရသေးခင် ငွေမလွှဲနိုင်ပါဘူးလို့ပြောဆိုလို့ရပါတယ်။”

သူငယ်ချင်းတစ်ယောက်ခေါ်သွားပါ။

သူငယ်ချင်းတစ်ယောက်ကိုခေါ်သွားတဲ့အတွက် သင့်အနေနဲ့လုံခြုံမှုပိုရှိစေမှာဖြစ်သလို ၊ ဈေးညှိနှိုင်းတဲ့အခါမှာလည်း ပိုမိုယုံကြည်မှုကိုရှိစေမှာပါ။ အကယ်လို့ သင့်အနေနဲ့ သူငယ်ချင်းတစ်ယောက်မခေါ်သွားနိုင်ရင်တောင်မှာ ဘယ်သွားမှာဆိုတာကို တစ်စုံတစ်ယောက်ကိုပြောခဲ့ပါ။

သင်နဲ့အတူ ငွေအများကြီး ယူဆောင်သွားတာကိုရှောင်ပါ။

ဈေးနှုန်းကြီးပစ္စည်းတွေပေးဝယ်ရတဲ့အခါမျိုးမှာ ရောင်းသူကို သင့်အနေနဲ့ ငွေအများကြီးသယ်လာမှာမဟုတ်ကြောင်း မဖြစ်မနေကြိုတင်အသိပေးပါ။ သင့်အနေနဲ့ ပစ္စည်းအမျိုးအစားကို တွေ့မြင်ပြီးနောက် ၊ ကြိုက်နှစ်သက်တဲ့အခါမှ ငွေထုတ်ပေးတာတွေ ၊ ငွေလွှဲပေးတာတွေ  ပြုလုပ်ပေးမယ်ဆိုတာကို သိပါစေ။

ဖိအားမ၀င်ပါနဲ့။

ရောင်းချသူတစ်ယောက်မဟုတ် နောက်တစ်ယောက်ဟာ ဆက်သွယ်လာပြီး သင့်ရဲ့ညှိနှိုင်းမှုအပေါ်မှာ မူတည်ပြီး ရောင်းချပေးဖို့အဆင့်သင့်ရှိနေတယ်ဆိုတာမမေ့ပါနဲ့။

သင်ရော် ရောင်းသူနဲ့တွေ့ဆုံတဲ့အခါမှာ ဘယ်လိုမျိုးနေရာမျိုးမှာ တွေ့ဆုံသင့်သလဲဆိုတာ မျှဝေပေးခဲ့ပါဦး။

Ads of the week : Steinway & Sons Grand Piano

ကျွန်တော်တို့ ads.com.mm မှာ ရောင်းချထားတဲ့ Steinway & Sons Grand Piano လေးပါ။

Steinway & Sons Grand Piano

ဗဟန်းမြို့နယ်မှာ ရောင်းချပေးနေတာဖြစ်ပြီး ၊ ရောင်းဈေးကတော့ ကျပ် ၁၃ သိန်း ၀န်းကျင်ဖြစ်ပါတယ်။

ဒီကြော်ငြာလေးနဲ့ပက်သက်ပြီး အသေးစိတ်ကိုတော့ www.ads.com.mm မှာ အထက်ဖော်ပြပါ ကြော်ငြာနာမည်နဲ့ ရှာဖွေကြည့်ရှုနိုင်ပါတယ်။