အဖေများနေ့အတွက် ဘာတွေကြိုတင်စီစဉ်မလဲ ?

လာမယ့်တနင်္ဂနွေနေ့ ဇွန်လ ၁၈ရက်နေ့မှာ ကျရောက်မယ့် အဖေများနေ့မှာ အမှတ်တရ တစ်ခုဖြစ်အောင် ပြုလုပ်ပေးစေလိုတဲ့အတွက်ကြောင့် အကြံဉာဏ်ပြုဖော်ပြလိုက်ပါတယ်နော် အပန်းမကြီးတဲ့အရာလေးတွေဖြစ်လို့ တစ်ခုမဟုတ် တစ်ခုတော့ အမှတ်တရဖြစ်အောင်လုပ်ပေးလိုက်ကြဦးနော်

အဖေများနေ့အတွက် လက်ဆောင်ဝယ်ချင်တယ်ဆိုလည်း ဈေးတန်တန်နဲ့ ပစ္စည်းကောင်းရှိတဲ့ ဒီလင့်ခ် https://goo.gl/g0Ka1L ထဲမှာဝယ်ယူလို့ရပါတယ်နော်

ဘယ်အရာတွေက သင့်အဖေကို ပျော်ရွှင်နိုင်လဲဆိုတာ စဉ်းစားပါ copy.JPG

(၁) ဘယ်အရာတွေက သင့်အဖေကို ပျော်ရွှင်နိုင်လဲဆိုတာ စဉ်းစားပါ

ဒီနှစ်အဖေများနေ့က အားလပ်ရက် ဖြစ်တာကြောင့် အိမ်မှာ သက်တောင့်သက်သာဖြစ်စေမယ့်အရာတွေကိုလုပ်မယ်ဆိုလည်း အဆင်ပြေပါတယ် ငါးဖမ်းရတာကြိုက်လား အိမ်သန့်ရှင်းရေးတူတူလုပ်မလား ရုပ်ရှင်တူတူကြည့်မလား ငယ်ငယ်ကအကြောင်းတွေ ပြန်ပြောပြခိုင်းမလား သူလည်းအဆင်ပြေ ကိုယ်လည်း အဆင်ပြေတယ်ဆို လုပ်ကြည့်လိုက်ပါ မိဘနဲ့ သားသမီးကြားဆက်ဆံရေးပြေလည်စေတဲ့နေရာမှာ သူနဲ့ စကားကြာကြာပြော အချိန်ပေးတာတွေလည်း ပါဝင်ပါတယ်

ပွဲတစ်ခုစီစဉ်ပါ ဒါမှမဟုတ် အပြင်ကို တစ်ခုခုတူတူထွက်စားကြပါ copy

(၂) ပွဲတစ်ခုစီစဉ်ပါ ဒါမှမဟုတ် အပြင်ကို တစ်ခုခုတူတူထွက်စားကြပါ

သင့်အဖေက လက်ဆောင်ကြိုက်တတ်သူမျိုးမဟုတ်ဘူးဆိုရင် သူဟာ သူ့မိသားစုနဲ့ အချိန်ကုန်ချင်တယ်ဆိုတာ သေချာပါတယ် ဥပမာ- သင့်အဖေက မုန့်ဟင်းခါးကြိုက်တယ်ဆိုရင် အိမ်မှာမုန့်ဟင်းခါး အိုးကြီးချက်ပြီး တူတူစားကြတဲ့သဘောပေါ့

သူ့ကို အိပ်ရေးဝဝအိပ်ခိုင်းလိုက်ပါ copy

(၃) သူ့ကို အိပ်ရေးဝဝအိပ်ခိုင်းလိုက်ပါ

အရင်နေ့တွေမှာ သင့်အဖေက အလုပ်ရှိလို့စောစောထနေကြဆိုရင် ဒီနေ့တစ်ရက်တော့ သူ့ကို အိပ်ရေးဝအောင်အိပ်ခိုင်းလိုက်ပါ သူ့အတွက် ဟင်းတွေဘာတွေချက်တာပဲဖြစ်ဖြစ် ပွဲစီစဉ်နေတာပဲဖြစ်ဖြစ် သူမနိုးအောင် တိုးတိုးတိတ်တိတ်လုပ်ပေါ့

Happy Father's Day လို့ပြောဖို့မမေ့ပါနဲ့ copy

(၄) Happy Father’s Day လို့ပြောဖို့မမေ့ပါနဲ့

အဖေများနေ့ဆိုတာ သိပေမယ့်လည်း ဤနေ့က သူ့နေ့ဆိုတာ ပြောပြဖို့မမေ့ပါနဲ့ ကိုယ့်ချစ်သူ သူငယ်ချင်းတွေကို အချိန်မရွေးဖက်ကြတတ်ပေမယ့် ကိုယ့်အဖေကို ဖက် ဖို့ကြဝန်လေးတတ်ကြပါတယ် ထိုနေ့မှာ အဆင်ပြေမယ်ဆို ကိုယ့်ဖေဖေကို ခဏဖြစ်ဖြစ် ဖတ်ပြီး မိဘရဲ့နွေးထွေးမှုကို ခံစားလိုက်ပါ

ဘာလုပ်ချင်လဲဆိုတာ မေးပါ copy

(၅) ဘာလုပ်ချင်လဲဆိုတာ မေးပါ

ကိုယ့်အဖေတွက် တစ်ခုခုစီစဉ်ရတော့မယ်ဆိုရင် တကယ်တမ်းကျ သူဘာကြိုက်တတ်လဲဆိုတာ ရုတ်တရက် မသိတာလည်းဖြစ်တတ်ပါတယ် သူကြိုက်မယ်ထင်တာပဲဆိုတဲ့အရာတွေ လုပ်ပေးလိုက်မယ်ဆိုတာထက် သူဘာလုပ်ချင်လဲ ဘာလိုချင်လဲ ပွင့်ပွင့်လင်းလင်းမေးလိုက်တာက ပိုအဆင်ပြေမှာပါ ကိုယ့်မှာ အစီအစဉ်တွေဆွဲထားပြီးကာမှ သူက အိမ်မှာပဲအနားယူချင်တယ်ပြောလည်း သူလုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်ပါ

စကားပြောဖို့အချိန်ပေးပါ copy

(၆) စကားပြောဖို့ အချိန်ပေးပါ

တကယ်တမ်း တွက်ကြည့်မယ်ဆိုရင် သူနဲ့ကိုယ် တွေ့ရတဲ့အချိန်က အရမ်းနည်းပါတယ် အဖေများနေ့မှာ ၂ယောက်လုံးအားလပ်ရတယ်ဆိုရင် ကိုယ်သိချင်နေတာတွေ သူ့ကိုပြောပြချင်နေတာတွေ သူ့အမြင် ကိုယ့်အမြင်ကောင်းကောင်းဖလှယ်ဖို့ အချိန်ပေးလိုက်ပါ

ငယ်ငယ်တုန်းက ဓာတ်ပုံတွေ ပြန်ကြည့်ပါ copy

(၇) ငယ်ငယ်တုန်းက ဓာတ်ပုံတွေ ပြန်ကြည့်ပါ

အိမ်မှာအေးဆေးနေမယ်ဆို သိမ်းထားတဲ့ အယ်လ်ဘမ် ဟောင်းတွေ ထုတ်ပြီး ငယ်ငယ်တုန်းက ပုံတွေပြန်ကြည့်ပြီး ငယ်ငယ်ကအချိန်တွေဆီ တစ်ခေါက်ပြန်သွားလိုက်ပါ

 အပန်းမကြီးတဲ့အရာလေးတွေဖြစ်လို့ တစ်ခုမဟုတ် တစ်ခုတော့ အမှတ်တရဖြစ်အောင်လုပ်ပေးလိုက်ကြဦးနော်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s