ဇွန်လ မွေးဖွားသူတွေရဲ့ သူမတူတဲ့ စရိုက်လက္ခဏာများ

ဇွန်လမှာမွေးဖွားသူတွေကတော့ Gemini မေထုန် နှင့် Cancer ကရကဋ် အတွင်းကျရောက်တဲ့သူတွေဖြစ်ကြပါတယ် ဇွန်လဖွားတွေဟာ အရာရာကို စိတ်ထိခိုက်လွယ်သလို သိပ်လည်း စပ်စုတတ်ပြီး အမေးအမြန်းထူသူတွေပေါ့ သူတို့ဟာ စိတ်ကူးယဉ်တတ်ကြပြီး တစ်ခါတစ်လေ အတွေးထဲမှာ ပျော်မွေ့နေတတ်ကြတယ် ဇွန်လဖွားတွေမှာ သူ မတူတဲ့ စရိုက်လက္ခဏာ (၁၀) မျိုးရှိကြသေးတယ် ကိုယ်က ဘယ်လိုလူမျိုးလဲဆိုတာ အောက်မှာ စပ်စုကြည့်လိုက်ဦးနော်

(၁) စိတ်ကူးအသစ်တွေ၊ တီထွင်လိုစိတ်တွေနဲ့ ပြည့်နှက်နေသူတွေဖြစ်တယ်

ဇွန်လဖွားတွေဟာ မလုပ်နိုင်ဘူးလို့ပြောတာကို မကြိုက်ကြဘူး သူတို့ဟာ သူတို့စိတ်ကူးတွေကို တကယ်အကောင်အထည်ဖေါ်အောင် စွမ်းဆောင်နိုင်ကြသူတွေဖြစ်ပြီး ဘယ်ကိစ္စမဆို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်တတ်ကြတယ်၊ သူတို့ရဲ့စိတ်တွေက အမြဲတက်ကြွ လန်းဆန်းနေပြီး သူမတူတဲ့ စိတ်ကူးတွေ တီထွင်ဆန်းသစ်မှုတွေနဲ့ ပြည့်နှက်နေတာကြောင့် တခါတလေ တခြားသူတွေက သူတို့ကို စိတ်မနှံ့သူတွေအဖြစ်ထင်ကောင်း ထင်တတ်ကြသေးတယ် ဒါပေမယ့် သူတို့က ပြန်ဖြေရှင်းနေမှာမဟုတ်ဘဲ သူတို့မှန်ရာကို လုပ်တတ်တဲ့သူတွေသာ ဖြစ်တယ်

(၂) လူတိုင်းက သူတို့နဲ့ သူငယ်ချင်းဖြစ်ချင်ကြတယ်
ဇွန်လဖွားတွေက ထူးခြားတဲ့ ဆွဲဆောင်မှုနဲ့ လူအများရဲ့ အာရုံစူးစိုက်မှုကို ခံရတဲ့သူတွေဖြစ်ကြတယ် အဲ့လိုအရာတွေကြောင့်လည်း ဆွဲဆောင်မှုရှိတဲ့ လက်တွဲဖော်ကိုပိုင်ဆိုင်ရတတ်တယ် သူတို့ရဲ့ လုပ်ယူစရာမလိုဘဲ အော်တို ဆွဲဆောင်မှုရှိနေတာတွေကြောင့် လူတိုင်းက သူတို့နဲ့ပေါင်းရင် သူတို့လိုဆွဲဆောင်မှုရှိလာမယ်ထင်တဲ့အတွက် သူတို့နဲ့ ရင်နှီးချင် သူငယ်ချင်းဖြစ် ချင်ကြတယ် သူတို့ဟာ အဝတ်အစား၊ ရုပ်ရှင်နဲ့ စာအုပ်တွေကို သိပ်နှစ်သက်တဲ့သူတွေပေါ့

(၃)စိတ်ခံစားမှုတွေကို အကောင်းဆုံးထိန်းချုပ်နိုင်ကြတယ်
သူတို့ဟာ စိတ်ခံစားလွယ်တဲ့သူတွေဖြစ်တဲ့အတွက် သူတို့ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ အနားမှာရှိတဲ့သူတွေက သူတို့ကို ဥပေက္ခာပြုထားတယ်လို့ထင်တဲ့အခါ အရမ်းဝမ်းနည်းတတ်ကြပါတယ်၊ သူတို့ခံစားချက်ကို အမြဲထုတ်ပြမနေတတ်ဘဲ စိတ်ထဲကြိတ်ပြီးသာခံစားတတ်ကြတယ် သူတကယ်ချစ်တဲ့သူတွေရှေ့မှာသာ ခံစားမှုကိုပေါက်ကွဲတတ်ပြီး အချော့ခံချင်တာ ဇွန်လမွေးဖွားသူတွေပါ

(၄) ရန်သူကနေ သူငယ်ချင်း တွေဖြစ်သွားတတ်ကြတယ်
ဇွန်လမွေးဖွားသူတွေမှာ ရန်သူဆိုတာ မရှိသလောက်ပါပဲ အကယ်၍ရှိခဲ့မယ်ဆိုရင်တောင် သူတို့ရဲ့ သူ မတူတဲ့ အစွမ်းအစကြောင့် ရန်သူကနေ အရင်းနှီးဆုံးမိတ်ဆွေအဖြစ်ပြောင်းလဲသွားတတ်ကြတယ် သူတို့ဟာ တခြားသူတွေရဲ့ စိတ်ထဲ ငါသာဖြစ်ခဲ့ရင် ဆိုတဲ့စာနာတွေးပေးတတ်မှုကြောင့် ကြင်နာတတ်တဲ့သူတွေဆိုရင်လည်း မမှားပါဘူး

(၅) ဟာသဉာဏ်ရှိပြီး ဉာဏ်ကောင်းတဲ့သူတွေဖြစ်ကြတယ်
ဇွန်လမှာမွေးဖွားသူတွေဟာ ဘယ်အရာကိုမဆို ဟာသ အဖြစ်ပြောင်းလဲပြောဆိုနိုင်တဲ့ အရည်အချင်းရှိကြတယ် သူတို့ရယ်ပုံ ရယ်ဟန်တွေက ဘေးမှာရှိတဲ့အခြားသူတွေကိုပါ ကူးစက်လွယ်တတ်ပြီး အပျော်တွေ ပေးနိုင်တယ်
တခါတလေ သူတို့ရဲ့ ဟာသတွေက အဓိပ္ပါယ်ရှိတဲ့ အရာတွေကိုသေချာ မီးမောင်းထိုးပြနိုင်ကြတယ် သူတို့အနားမှာရှိတဲ့သူတွေကို ပျော်အောင် အတတ်နိုင်ဆုံးပေးဆပ်တတ်ကြသူတွေသာဖြစ်တယ်

(၆) အမြဲငြင်းခုံလေ့ရှိကြတယ်
အကယ်၍ ဇွန်လဖွားတွေနဲ့ စကားရည်လုတော့မယ် ငြင်းခုံတော့မယ်ဆိုရင် မြန်မြန်သာ အရှုံးပေးလိုက်တော့
ဘာလို့လဲဆိုတော့ သူတို့ဟာ ငြင်းခုံတဲ့နေရာလည်း သိပ်တော်ကြပြီး အနိုင်မရမချင်းကို ငြင်းနေမှာမို့လို့ပဲ အဲ့ဒီငြင်းခုံရတာ စကားရည်လုရတာကလည်း သူတို့ ဝါသနာတစ်ရပ်လို့ဖြစ်နေရော သူတို့မှားနေမှန်းသိနေတာတောင်မှ အနိုင်မရမချင်း ငြင်းခုံနေဦးမှာ ဇွန်လဖွားတွေပဲ

(၇) နှာစေး ၊ နှာချေတာတွေလည်း လွယ်လွယ်ဖြစ်တတ်ကြတယ်
အနားမှာရှိတဲ့ ဇွန်လ မွေးသူအချို့ ကိုသတိထားကြည့်ကြည့်ပါ သူတို့ဟာ နည်းနည်းအေးလာပြီဆိုတာနဲ့ နှာစေး၊ နှာချေတာတွေဖြစ်တတ်ကြပါတယ် သူတို့ကိုမွေးတဲ့လရဲ့ ရာသီဥတုကြောင့်ပဲဖြစ်တယ် နွေရာသီပူပြင်းနေတာကနေ မိုးအကူးပိုင်းမှာ ဆိုတော့ ရာသီအကူးအပြောင်းမှာအဖြစ်များတဲ့  နှာစေး၊ နှာချေ တာတွေကို လွယ်လွယ်ခံစားရပါတယ် ကြိုတင်ကာကွယ်ဖို့အတွက် ဂရုစိုက်ပေးမှဖြစ်မယ်နော်

(၈) သူတို့ရဲ့ ဝတ်စားပုံကို အမြဲသတိထားသူတွေဖြစ်တယ်
သူတို့ဟာ အဝတ်အစားဝတ်တဲ့အခါလည်း အရမ်းဇီဇာကြောင်တတ်ကြသေးတယ် လူအများကြားထဲမှာ ထင်သာမြင်သာရှိတာမျိုး သူတို့ လူကြားထဲသွားရင် လူအများ သူတို့ကို သတိထားမိတာမျိုးကို ပိုနှစ်သက်ကြသူတွေပါ သူမတူတဲ့ ဒီဇိုင်းတွေနဲ့ ထင်ပေါ်ချင်သူများလည်း ဖြစ်တယ်

(၉)အကောင်းဆုံးကိုပဲ လိုချင်ကြတယ်
သူတို့ရဲ့ မိုက်ရူးရဲဆန်မှုတွေထဲမှာ အကောင်းဆုံးဆိုတဲ့အရာက ကြီးဆိုးနေတယ် သူတို့လိုချင်တာတွေ့ပြီဆို အဲ့အရာရဲ့ အကောင်းဆုံးကိုပဲလိုချင်ကြတယ် အဲ့တာကြောင့် သူတို့လိုချင်တဲ့အရာ သူတို့ဆီကို လွယ်လွယ်နဲ့ရောက်မလာဘူးဆိုရင် စိတ်ပျက်လွယ်တတ်ကြပြီးတော့ ခံစားလွယ်တတ်ကြတယ် သူတို့နာကျင်ပြီး ခံစားနေရပြီးဆိုလည်း သူတို့ရဲ့ အနီးဆုံးလူ ဒါမှမဟုတ် အချစ်ဆုံးလူကိုသာလျှင် ရင်ဖွင့်တတ်ကြတယ်

(၁ဝ) ဆုံးဖြတ်ချက် မြန်မြန်မချနိုင်ဘူး
လူတိုင်းကတော့ မပြည့်စုံပါဘူး၊ ဘယ်သူမဆို လိုအပ်ချက် အားနည်းချက်တော့ရှိစမြဲပါပဲ ဒီလိုပါပဲ ဇွန်လဖွားတွေရဲ့ အားနည်းချက်ကတော့ ဆုံးဖြတ်ချက်ချဖို့ တွန့်ဆိုင်းနေတတ်တာပါ သူတို့ရဲ့ သိချင်စိတ် စူးစမ်းစိတ်တွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တွေဝေစေနိုင်တဲ့အပြင် ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ချင်တဲ့စိတ်တွေကြောင့် ဆုံးဖြတ်မြန်မြန်မချနိုင်တာပဲဖြစ်တယ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s