💦 💦💦ads သူငယ်ချင်းတို့ထဲမှာ သင်္ကြန်လည်ကြမယ့်သူတွေပါလား 💦💦 ðŸ’¦

သင်္ကြန်ရေစိုစိုမှာ အလှမပျက်စေဖို့ သင်္ကြန်မိတ်ကပ်လိမ်းနည်းလေး မျှဝေပေးချင်ပါတယ်။

ဒီနှစ်နွေက အရင်နှစ်တွေကထက် ပိုပူတာကြောင့် မိတ်ကပ်လိမ်းတာကိုလည်း ပိုဂရုစိုက်ဖို့လိုပါမယ်။

Advertisements

 

ဒါဆိုရင် သင်္ကြန်ရေစိုစိုမှာ အလှမပျက်စေဖို့ သင်္ကြန်မိတ်ကပ်လိမ်းနည်းလေး မျှဝေပေးချင်ပါတယ်။

ဒီနှစ်နွေက အရင်နှစ်တွေကထက် ပိုပူတာကြောင့် မိတ်ကပ်လိမ်းတာကိုလည်း ပိုဂရုစိုက်ဖို့လိုပါမယ်။

ပြီးတော့ ရေစိုဒဏ်ခံနိုင်ဖို့လည်း လိုသေးတယ်ဆိုတော့ ပိုလို့တောင်လိုသေးတယ်နော်။

ဒါကြောင့် မိတ်ကပ်ရွေးတဲ့အခါမှာ ရေစိုခံတဲ့ မိတ်ကပ်တွေ၊ Eyeshadow တွေ Eyeliner တွေ ရွေးဖို့အရေးကြီးပါတယ်။

အဆင့်(၁) မိတ်ကပ်မလိမ်းခင် မျက်နှာကို ပြောင်နေအောင်သစ်ပါ။

အဆင့်(၂) နေကအရမ်းပူတာဆိုတော့ နေပူဒဏ်ခံနိုင်ဖို့ နေလောင်ခံလိမ်းဆေးလေး လိမ်းပေးဖို့ မမေ့ပါနဲ့။

အဆင့်(၃) ဖောင်ဒေးရှင်းမိတ်ကပ်လေးကို လက်ထိပ်လေးတွေနဲ့ ပုတ်ပြီးလိမ်းပေးပါ။

အဆင့်(၄) အပေါ်ကနေ ပေါင်ဒါမှုန့်လေးပုတ်ပေးပါ။

အဆင့်(၅) ဆွဲနေကျအတိုင်း မျက်ခုံးမွှေးဆွဲခဲတံနဲ့ဘောင်ကွပ်ပြီး အမှုန့်ကို ဘောင်ထဲထည့်ပေးပါ။

အရေးကြီးတာ ရေစိုခံစေဖို့ eyebrow mascara လေးနဲ့ထပ်ပေးဖို့ပါ။

အဆင့်(၆) Eye Primer လေး အရင်လိမ်းပေးပြီး Eyeshadow စခြယ်ပါ။

အရောင်ရွေးတဲ့အခါမှာ သဘာဝဆန်တဲ့အရောင်လေးတွေရွေးသုံးပေးပါ။

အဆင့်(၇) သဘာဝဆန်ချင်ရင်တော့ ရေစိုခံ Eyeliner လေးကို ပါးပါးလေးဆွဲပါ။

ထင်းချင်ရင်တော့ နည်းနည်းပိုဆွဲပါ။

အဆင့်(၈) မျက်တောင်လေးတွေကော့စင်းနေအောင် ရေစိုခံ Mascara လေးနဲ့ကော့ပါမယ်။

သင်္ကြန်လည်မယ်ဆိုရင် မျက်တောင်တုတပ်တာထက် Mascara လေးပဲတပ်သင့်ပါတယ်။

ရေထိတာများရင် ကွာကျမှာစိုးလို့ရယ်။ မဏ္ဍပ်ထိုင်မယ်ဆိုရင်တော့ မျက်တောင်တုပါးပါးလေးတော့တပ်လို့ရပါတယ်။

အဆင့်(၉) ပါးနီ ခပ်ပါးပါးလေးခြယ်ပါ။

အဆင့်(၁၀) နှုတ်ခမ်းနီရွေးတဲ့အခါမှာ ရေစိုပိုခံအောင် Matte နှုတ်ခမ်းနီမျိုးကို ရွေးသင့်ပါတယ်။

ပိုပြီးတော့ ရေစိုခံအောင် အပေါ်ကနေ တစ်ရှူးလေးနဲ့အုပ်ပြီး ပေါင်ဒါလေးနဲ့ ပုတ်ပေးပါ။

ကဲဒါဆိုရင်တော့ သင်္ကြန်လည်ဖို့အတွက် မိတ်ကပ်အဆင်သင့်ဖြစ်ပြီနော်။

မိတ်ကပ်ပစ္စည်းတွေ အခမဲ့ရောင်းဝယ်ချင်တယ်ဆိုရင်

ads.com.mm မှာ ဒီလင့်ခ်အတိုင်း>> https://goo.gl/1un3DY

ရောင်းဝယ်နိုင်တယ်နော်။

 

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s