ကုန်ပစ္စည်းအလျင်အမြန် ရောင်းထွက်နိုင်စေမည့် Ads ရဲ့ VIP ဝန်ဆောင်မှုအသစ်

မြန်မာနိုင်ငံရဲ့ အခမဲ့ကြော်ငြာဝက်ဆိုက်ဘ်တစ်ခုဖြစ်တဲ့ Ads.com.mm မှ တစ်ပတ်ရစ် ပစ္စည်းများကို ရောင်းသူနဲ့ဝယ်သူကြား လွယ်ကူလျင်မြန်စွာ အရောင်းအဝယ် ပြုလုပ်နိုင်စေရန် VIP ဝန်ဆောင်မှုအသစ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလကစပြီး အသုံးပြုနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

“ဒီ VIP ကြော်ငြာဝန်ဆောင်မှုဟာ ဝက်ဘ်ဆိုက် ပုံမှန်အသုံးပြုတွေရော စီးပွားရေးလုပ်ကိုင်နေသူအတွက်ပါ မိမိရဲ့ ကုန်ပစ္စည်းကို ဝက်ဘ်ဆိုက်မှာ အများမြင်သာအောင် ဆောင်ရွက်ပေးထားတဲ့အတွက် မိမိတို့ ရောင်းလိုတဲ့ ကုန်ပစ္စည်းကို သက်ဆိုင်ရာကဏ္ဍရဲ့ထိပ်ဆုံးမှာ အဝါရောင်နောက်ခံဖြင့် ပြသပေးထားမည်ဖြစ်ပြီး ကြော်ငြာအသစ်များတက်လာလျှင်လည်း နောက်စာမျက်နှာများသို့ ရောက်ရှိမသွားအောင် လုပ်ဆောင်ပေးထားပါတယ်။ ရောင်းကုန်ကို လျင်လျင်မြန်မြန် ရောင်းထွက်စေနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ ထိထိရောက်ရောက် အသုံးပြုနိုင်သလို အကျိုးအမြတ်များများ ရရှိစေမှာပါ” လို့ Ads.com.mm မှ တာဝန်ရှိသူ ကိုဟိန်းအောင်ကျော်က ပြောပါတယ်။

အဆိုပါ VIP ဝန်ဆောင်မှုရဲ့ ငွေပေးချေစနစ်ကို Door to Door Purchase နဲ့Online Transaction Purchase  စသဖြင့် ဝက်ဆိုက်ဘ် အသုံးပြုသူများအတွက် အချိန်ကုန်သက်သာစေမယ့် စနစ်နှစ်မျိုးဖြင့် လွယ်ကူစွာ ငွေပေးချေနိုင်ကြောင်း သိရပါတယ်။ Door to Door Purchase စနစ်မှာ ရန်ကုန်မြို့တွင်း ကျပ်နှစ်သောင်းဖိုးနှင့်အထက် ဝယ်ယူပါက VIP ကူပွန်များကို ဝယ်ယူသူရဲ့အိမ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ပါတယ်။

Online Transaction Purchase စနစ်တွင်မူ Mobile Banking မှ ဖြစ်စေ၊ Online ငွေပေးချေမှုစနစ်မှဖြစ်စေ ငွေပေးချေမှုဆောင်ရွက်ပြီး VIP ကူပွန်များကို မှာယူနိုင်ပါတယ်။ ဘဏ်များမှငွေပေးချေရန်အတွက်လည်း AYA, CB နဲ့ KBZဘဏ်တို့ဖြင့် ချိတ်ဆက်ထားပြီး Online ငွေပေးချေမ စနစ်များ အနေဖြင့် OK Dollar နဲ့ Wave Money တို့မှတစ်ဆင့် ကျသင့်ငွေကို ပေးချေနိုင်မယ်လို့ သိရပါတယ်။

“Ads မှာအခမဲ့ အရောင်းအ၀ယ်ပြုလုပ်ရတာ ပိုပြီးတော့ ရောင်းထွက်တယ်။ ဒီ VIP ဝန်ဆောင်မှုကို စသိခဲ့တာသိပ်မကြာသေးပါဘူး။ VIP နဲ့တင်တဲ့အတွက် ကျွန်တော်တင်တဲ့ ပစ္စည်းကို ၀ယ်လက်က အရင်တွေ့ရလိမ့်မယ်။ အဲ့ဒါကြောင့် အရောင်းအဝယ်မှာ ပိုပြီး မြန်ဆန်တာပေါ့” လို့ Ads.com.mm ဝက်ဘ်ဆိုက် အသုံးပြုပြီး ကားအရောင်းအဝယ်လုပ်သူ ကိုရဲမြင့်က ဆိုပါတယ်။

အွန်လိုင်းအသုံးပြုပြီး အရောင်းအ၀ယ်ပြုလုပ်ခြင်းကြောင့် ရောင်းလိုတဲ့ ပစ္စည်းများကို လူပိုသိလာပြီး အထူးသဖြင့် နယ်မှ အသုံးပြုသူများအတွက် မိမိဝယ်လိုတဲ့ပစ္စည်းရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းများကို မှန်မှန်ကန်ကန် သိရှိပြီး  အလိမ်အညာမခံရဘဲ အရောင်းအဝယ်များ ပိုမိုပြုလုပ်လာကြကြောင်း ၎င်းရဲ့ အရောင်းအတွေ့ အကြုံကို ပြောပါတယ်။ Ads ရဲ့ VIP ဝန်ဆောင်မှု အသေးစိတ် အချက်အလက်တွေကို https://goo.gl/OuqVr2  မှာ ဖတ်ရှုနိုင်ကြောင်း သိရပါတယ်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s