ဝိတ်ချဖို့အတွက် အစာအငတ်ခံဖို့ မလိုတော့ဘူးနော်။
အောက်ကနည်းလေးတွေကို ပေါ့ပေါ့ပါးပါး လုပ်ပေးသွားရုံပဲ။

(၁) ပရိုတင်းဓာတ်များများစားပေးပါ
မနက်စောစောမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာ စားသုံးပေးခြင်းဟာ
အစာစားချင်စိတ်ကို လျော့ကျစေပါတယ်တဲ့။
မနက်စာကို အရည်လေးနဲ့ပါ တွဲဖက်သုံးဆောင်ပေးရင် ပိုသင့်တော်ပါတယ်။
ရယ်ဒီမိတ်အချိုရည်အစား လက်ညှစ်သံပုရာသီးဖျော်ရည်သောက်ပေးတာမျိုးက
ပိုသင့်တော်ပါတယ်။

(၂) အမြဲ လှုပ်ရှားနေပါ
ရုံးစားပွဲမှာ အမြဲ ထိုင်နေမယ့်အစား ဟိုနားလေးလျှောက် ဒီနားလေးလျှောက်လိုက် လုပ်ပေးပါ။
ဥပမာ ရေ ခဏခဏ ထသောက်တာမျိုး၊ အပြင်လေ ခဏထွက်ရှူတာမျိုးပေါ့။
အမြဲ အထိုင်များရင် အညောင်းမိတတ်သလို ဝိတ်လည်း ပိုတက်တတ်ပါတယ်။

(၃) အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးမဝတဲ့အခါ အစားပိုစားဖြစ်တာကြောင့် အိပ်ရေးဝဝ အိပ်ဖို့လည်း
အရေးကြီးပါတယ်။

(၄) အိပ်ရာကနိုးနိုးချင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။
နေ့စဉ် မနက်ခင်းနေရောင်ခြည်ထိတွေ့တဲ့သူတွေဟာ နေမြင့်မှ ထတဲ့ သူတွေထက်စာရင်
ခန္ဓာကိုယ်အလေးချိန် ပိုနည်းတတ်ပါတယ်။

(၅) မနက်စောစော လမ်းလျှောက်ပေးပါ။
တကယ်လို့ အချိန်သီးသန့် မပေးနိုင်ဘူးဆိုလည်း
ရုံးနီးရင် လမ်းလျှောက်သွားတာမျိုး၊
ဝေးရင် မှတ်တိုင် တစ်မှတ်တိုင်လောက်
စောဆင်းပြီး လမ်းလျှောက်ပေးတာမျိုး လုပ်ပေးပါ။

(၆) ရုံး သို့ ကျောင်းကို သားရေစာ ယူသွားပါ။
ဆီကြော်မုန့်လို ရယ်ဒီမိတ်အစားအစာတွေကို စားသုံးခြင်းဟာ
ဝိတ်ပိုတက်စေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့
အသီးအနှံတွေကို ယူသွားပါ။

(၇) ခန္ဓာကိုယ်အလေးချိန်နဲ့ ပက်သက်ပြီး စိတ်မဖိစီးပါနဲ့။
စိတ်ဓာတ်စီးတဲ့အခါ သင့်ကို ပိုပြီးတော့တောင် ဝနိုင်စေပါတယ်တဲ့။
ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေဖို့ ယောဂကျင့်တာမျိုး၊
တရားထိုင်တာမျိုး၊ အသက်ရှူလေ့ကျင့်ခန်းတို့လိုမျိုး
စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။

(၈) ရေများများသောက်ပေးပါ။
ရေသောက်နည်းခြင်းဟာ အစားစားချင်စိတ် ပိုဖြစ်စေပါတယ်။
ဒါကြောင့် ရေ လုံလုံဝဝသောက်ပေးခြင်းဟာ
ကယ်လီရီတွေကို လျော့ချပေးနိုင်ပါတယ်။

ကဲ ဒါဆိုရင် ဝိတ်ချဖို့ အစားလျှော့စားမှဖြစ်မယ်ဆိုတဲ့ အတွေးတွေကို မေ့လိုက်တော့နော်။

ဝိတ်ကျချင်နေတဲ့ သူငယ်ချင်းတွေအတွက်လည်း share ပေးဖို့ မမေ့နဲ့ဦးနော့။

ခန္ဓာကိုယ် လှလှလေးရဖို့ အိမ်မှာတင် အားကစားလုပ်ချင်တဲ့သူတွေအနေနဲ့
အားကစားပစ္စည်းအစုံအလင်ကို ads.com.mm မှာ
ဒီလင့်ခ်အတိုင်း https://goo.gl/I1BLqx
ဝယ်ယူရရှိနိုင်ပြီနော်။
အားကစားပစ္စည်းမော်ဒယ် အသစ်တွေ ဝယ်ချင်လို့
ပြန်ရောင်းချင်တယ်ဆိုသူတွေကတော့
ဒီလင့်ခ်မှာ https://goo.gl/8WxDDJ
အခမဲ့ရောင်းချနိုင်တယ်ဆိုတာလည်း မမေ့နဲ့နော်။

#SellAndBuyEverything #Adscommm #Weightloss

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s