ဆရာကြီးတွေပြောတဲ့ အရက်နာကျခြင်းမှ အမြန်ဆုံးသက်သာစေမည့် နည်းလမ်းကြီး (၆) သွယ်

မနေ့က TGIF မှာ အပြတ်ကဲထားလို့ အိပ်ရာထဲက
မထူနိုင် ပင်ပန်းနေပြီး အရက်နာကျနေတယ်ဆိုရင်တော့
ဒီနည်းလမ်းလေးတွေက အထောက်အကူဖြစ်စေမှာပါ။

(၁) ရေများများသောက်ပါ။
အရက်သေစာတွေဟာ မကြာခဏ ဆီးသွားစေတာမို့
ရေဓာတ်ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ရေဓာတ်ပြန်ဖြည့်တင်းပေးဖို့အတွက်
ရေများများသောက်ပေးဖို့လိုအပ်ပါတယ်တဲ့။

(၂) အရက်နဲ့ ပြန်ဖြေတာမျိုး ရှောင်ကြဉ်ပါ။
အရက်နာကျတာကို အရက်နဲ့ ပြန်ဖြည်တာက
အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။
အရက်ပိုသောက်မိစေတာပဲ ရှိတာမို့ ရေရှည်မှာ
ကျန်းမာရေးအတွက် မကောင်းပါဘူး။

(၃) လိင်ဆက်ဆံခြင်း
မအံ့သြပါနဲ့။ လိင်ဆက်ဆံခြင်းဟာလည်း အရက်နာကျတာကို
သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါတဲ့။

(၄) သံပရာရည်
ရေနွေးထဲကို သံပရာရည် (လဘက်ရည်ဇွန်း (၂)ဇွန်း)နဲ့
ပျားရည် (လဘက်ရည်ဇွန်း တစ်ဇွန်း)ကို ထည့်ပြီး နှံ့စပ်စွာမွှေပေးပါ။
ဖြေးဖြေးချင်းတော့ သောက်ပေးနော်။
အိပ်ရာထထချင်း သောက်ပေးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် တစ်နေ့လုံး နှစ်ကြိမ်မှသုံးကြိမ်အထိ
သောက်သွားပေးလို့လည်းရပါတယ်တဲ့။

(၅) ပျားရည်
ပျားရည် (လဘက်ရည်ဇွန်း သုံးဇွန်းမှ လေးဇွန်း) ကို
တစ်နာရီခြားတစ်ခါ သောက်ပေးလို့ရပါတယ်။
ဒါမှမဟုတ်လည်း ပျားရည်ကို ရေနဲ့ ဖျော်ပြီး
သောက်ပေးလို့လည်းရပါသေးတယ်တဲ့။

(၆) ခရမ်းချဉ်သီးဖျော်ရည်
ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ အင်ဇိုင်းတွေ များစွာပါဝင်တဲ့ ခရမ်းချဉ်သီးဟာ
အရက်နာကျခြင်းကို မြန်မြန်သက်သာစေတယ်လို့ ဆိုပါတယ်။
ခရမ်းချဉ်သီးရည် တစ်ဖန်ခွက်ထဲကို သံပုရာရည် (လဘက်ရည်ဇွန်း တစ်ဇွန်း)၊
ပျားရည် (လဘက်ရည်ဇွန်း တစ်ဇွန်း) နဲ့ ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ကို
ရောထည့်ပြီး နှံ့စပ်အောင်မွှေပေးပါ။
မနက်တစ်ခွက် နေ့လည်တစ်ခွက် သောက်ပေးပါတဲ့။

ကဲဒါဆိုရင်တော့ အထက်ပါနည်းလမ်းလေးတွေနဲ့
အရက်နာကျတဲ့ ဒဏ်ကနေ မြန်မြန်သက်သာနိုင်ပြီပေါ့။
အရက်နာ ခဏခဏကျတတ်တဲ့ သူငယ်ချင်းတွေအတွက်လည်း
share ပေးဖို့မမေ့နဲ့ဦးနော်။

လက်ဆောင်ရထားပေမယ့် မသောက်ဖြစ်ဘဲ သိမ်းထားတဲ့
ပုလင်းကောင်းတွေရှိရင် သိမ်းမထားဘဲ
ads.com.mm မှာ ဒီလင့်ခ်အတိုင်း https://goo.gl/PyoV2a
ကြော်ငြာတင်ရောင်းချပြီး အပိုငွေပြန်ရှာဖို့ မမေ့နဲ့နော်။
ဟဲဟဲ ပုလင်းကောင်းဆိုတာ သိတယ်ဟုတ် 😉

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s