အွန်လိုင်းပေါ်ကနေ ဖုန်းမဝယ်ခင် ဘာတွေ စစ်ဆေးဖို့လိုမလဲ

 

ယခင်က Second-hand ဆို “ဟင့်အင်း မဝယ်ချင်ဘူး၊ သူများသုံးပြီးသားချည်း” ဆိုတဲ့
အယူအဆဟောင်းတွေ ထားခဲ့ဖို့ အချိန်တန်ပါပြီ။

Second-hand ပေမယ့် ပစ္စည်းကောင်းပြီး ဈေးတန်တဲ့ ပစ္စည်းတွေ
အွန်လိုင်းပေါ်မှာ ဒုနဲ့ဒေးရှိနေပါပြီ။ အရေးကြီးတာက မဝယ်ခင် ပစ္စည်းတွေကို သေချာ စစ်ဆေးဖို့ပါပဲ။
ဘာတွေစစ်ဆေးဖို့လိုအပ်လဲဆိုတာကို ads.com.mm ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

 

1.png
#ဘာလို့ ဖုန်းပြန်ရောင်းကြတာလဲ –
စမတ်ဖုန်းတွေက နှစ်စဉ် မော်ဒယ်လ်အသစ် ထွက်လေ့ရှိတာကြောင့်
အမြဲတမ်း up-to-date ဖုန်းတွေကိုင်ချင်တဲ့သူတွေအဖို့ကတော့
ဖုန်းမော်ဒယ်အဟောင်းကို ရောင်းပြီး အသစ်ပြန်ဝယ်ကြတာမျိုးရှိသလို၊
တချို့ကလည်း ပိုက်ဆံ ပြန်ပေါ်ချင်လို့ ပြန်ရောင်းကြတဲ့အခါမျိုးလဲရှိတတ်ပါတယ်။
တချို့ကျပြန်တော့လည်း လက်ဆောင်ရလို့ ပိုနေတဲ့အခါ ပြန်ရောင်းတာမျိုးရှိသလို၊
ဝယ်ပြီးမှ အရောင်မကြိုက်တာမျိုး၊ တစ်ခုခုမကြိုက်တာမျိုးတွေကြောင့် ပြန်ရောင်းလေ့ရှိကြပါတယ်။

 

q.png
#ဘာလို့ Second-Hand ဖုန်းတွေကို ဝယ်ယူသင့်သလဲ –
ဘာလို့လဲဆိုတော့ ဖုန်းအသစ်ထက် ဈေးသက်သာလို့ပါပဲ။

3.png

#ဘာအားနည်းချက်တွေရှိလဲ –

ဖုန်းအသစ်ထက်စာရင် ဝရန်တီနည်းသွားမယ်။

Untitled-1.png

#မဝယ်ခင် ဘာတွေကို စစ်ဆေးဖို့ လိုမလဲ –
(၁) ဈေးနှုန်းကို နှိုင်းယှဉ်ကြည့်ပါ။
ဖုန်းအသစ်ဆို ဈေးဘယ်လောက်ပေါက်နေလဲ။
တခြားသူတွေကကော ဒီဖုန်းကို ဘယ်လောက်နဲ့ ပြန်ရောင်းနေကြလဲ
စသဖြင့် ဈေးနှုန်းကို ဆန်းစစ်ကြည့်သင့်ပါတယ်။

(၂) ဈေးနှုန်းအဆင်ပြေပြီ၊ ကြိုက်ပြီဆိုတော့မှ
ဖုန်းဆက်ချိန်းပါ။ သေချာအောင် အားနည်းချက်၊ အားသာချက်တို့ကို မေးမြန်းပါ။
အဆင်ပြေပြီိဆိုရင် လူချင်းတွေ့ဖို့ ချိန်းပါ။

(၃) လူချင်းတွေ့တဲ့အခါမှာ ဘာတွေယူသွားရမလဲဆိုတော့ 
အားဝင်မဝင်စစ်ဖို့အတွက် အားသွင်းကြိုးတစ်ချောင်း၊ ဆင်းမ်ကတ် ဖတ်မဖတ်သိရအောင်
ဆင်းမ်ကတ်တစ်ခုနဲ့ စပီကာ ကောင်းမကောင်း စမ်းဖို့ နားကြပ်တစ်စုံတို့ကို
လိုလိုမယ်မယ် ယူသွားသင့်ပါတယ်။

(၄) ဖုန်း ကိုယ့်လက်ထဲရောက်လာပြီဆိုရင်
ကင်မရာနေရာနဲ့ ဖုန်းကိုယ်ထည်မှာ အစင်းရာတွေမရှိမရှိ၊ အနာအဆာရှိမရှိ သေချာ စစ်ဆေးပါ။
အချိန်ယူပြီး သေချာစစ်ဆေးဖို့လိုပါတယ်။ တစ်ဖက်လူကို အားနာနေရင်

ကိုယ့်ဘက်က ခါးပါသွားလိမ့်မယ်ဆိုတာ သတိပြုပါ။

ဆင်းမ်ကတ်ထည့်ပြီး ဖုန်းခေါ်ကြည့်ပါ၊ မက်ဆေ့ခ်ျပို့ကြည့်ပါ။
အင်တာနက်စမ်းသုံးကြည့်ပါ။ ကင်မရာ စမ်းရိုက်ကြည့်ပါ။

(၅) နောက်ဆုံးတစ်ဆင့်က ဈေးနှုန်း ထပ်ညှိပါ။
ပစ္စည်းမှာ အနာအဆာနည်းနည်းပါတယ်၊ ကိုယ်ကလည်း ကြိုက်တယ်ဆိုရင်
အားနည်းချက်ကို ပြောပြီး ဈေးဆစ်ကြည့်ပါ။

(၆) ဈေးဆစ်တဲ့အခါမှာ ဈေးအရမ်းနှိမ်ပြီးတော့ မစစ်ပါနဲ့။
ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် ဈေးနှုန်းကိုပဲ ပြောမယ်ဆိုရင်
အချိန်ကုန်လည်းသက်သာ၊ လူလည်း သက်သာပါလိမ့်မယ်။

သတိပြုရန်
အပြင်မှာ လူချင်းမတွေ့မီ ဘယ်လိုအကြောင်းမျိုးနဲ့မှ ကြိုတင်ငွေ မပေးပါနဲ့။
ရောင်းသူဘက်က ကြိုတင်ငွေပေးချေဖို့ အတင်းအကျပ်ပြောဆိုလာမယ်ဆိုရင်လည်း
ပစ္စည်းကြည့်ပြီးမှ ငွေပေးချေနိုင်မယ့်အကြောင်း ပြောပါ။

အားလုံးပဲ အွန်လိုင်းပေါ်မှာ အဆင်ပြေပြေ ရောင်းဝယ်နိုင်ကြပါစေရှင့်။
အိမ်မှာနေရင်း အွန်လိုင်းပေါ်ကနေရောင်းဝယ်နိုင်တဲ့
မြန်မာနိုင်ငံရဲ့ လူသုံးများဆုံးနဲ့ အယုံကြည်ရဆုံး အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဒ်
Ads.com.mm မှာ အခမဲ့ရောင်းဝယ်နိုင်ပါတယ်။
အသေးစိတ်ကို chatbox မှ တဆင့်မေးမြန်းနိုင်သလို၊ ဖုန်း ၀၉၂၅၄၄၂၉၅၈၈ကိုလည်း
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

အခမဲ့ကြော်ငြာတင်ရန် >> https://goo.gl/zUWhef
ပစ္စည်းဝယ်ယူရန် >> https://goo.gl/xN1pgY

#SellAndBuyEverything #Adscommm #BuyingUsedPhone

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s