နှင်းဆီပန်းရဲ့ နောက်ကွယ်

ချစ်သူများနေ့မှာ ချစ်သူကို ပန်းစည်းလက်ဆောင်ပေးချင်တဲ့ကောင်လေးတွေအတွက်
နှင်းဆီပန်းမဝယ်ခင် နှင်းဆီပန်းနဲ့ပက်သက်တဲ့ ဗဟုသုတလေးကို မျှဝေပေးလိုက်ပါရစေ။
နှင်းဆီပန်းပေးတဲ့အခါမှာ အပွင့်ရေပေါ် မူတည်ပြီးတော့ အဓိပ္ပာယ်ကွဲပြားလေ့ရှိပါတယ်တဲ့။
ကဲဒါဆိုရင် ချစ်သူများနေ့မှာ ကောင်မလေးကို ပန်းမပေးခင်
အရင်ဆုံး သေချာစဉ်းစားပြီးတော့မှ ပန်းပေးကြရအောင်။

ပန်းလက်ဆောင်
ပန်းတွေထဲရယ်မှ နှင်းဆီဟာ “မင်းကို ချစ်တယ်” ဆိုတာကို အကောင်းဆုံး ဖော်ပြပေးနိုင်တဲ့
ကဗျာအဆန်ဆုံး ပန်းပဲဖြစ်ပါတယ်။

တစ်ပွင့်
မြင်မြင်ချင်းချစ်မိသွားတယ် သို့ နှစ်တွေကြာလာတာတောင်မှ မင်းကို ချစ်နေမိတုန်းပဲ။

နှင်းဆီ (၂)ပွင့်
ကိုယ်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မြတ်မြတ်နိုးနိုး ချစ်ကြတယ်။

နှင်းဆီ (၃)ပွင့်
ကိုယ် မင်းကို ချစ်တယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကောင်မလေးကို ပေးလေ့ရှိကြတယ်။

နှင်းဆီ (၆)ပွင့်
သူမကို အရူးအမူးစွဲလမ်းနေတဲ့အခါမျိုး၊ “ကိုယ့်ကို မင်းလေးရဲ့ လူဖြစ်ခွင့်ပေးပါ” ဆိုတဲ့
အခါမျိုးတွေမှာ နှင်းဆီ (၆) ပွင့်ကို ပေးလေ့ရှိကြပါတယ်။

နှင်းဆီ (၉)ပွင့်
“မင်းအတွက် ထာဝရလူ ဖြစ်ပါရစေ” လို့ ပြောချင်တဲ့အခါမျိုးမှာ နှင်းဆီ (၉)ပွင့် ပေးလေ့ရှိကြပါတယ်။

နှင်းဆီ (၁၀)ပွင့်
နှင်းဆီ (၁၀)ပွင့် ရဲ့ အဓိပ္ပာယ်ကတော့ “မင်းလေးဟာ ကိုယ့်အတွက် ပြီးပြည့်စုံလွန်းပါတယ်” လို့
အဓိပ္ပာယ်ရပါတယ်။

နှင်းဆီ (၁၂)ပွင့်
နှင်းဆီ ပန်း တစ်ဒါဇင်ကျတော့ “ကိုယ့်ရဲ့ မိန်းကလေး ဖြစ်ပါတော့ကွာ” လို့
ခွင့်တောင်းတာပါ။

နှင်းဆီ (၁၃)ပွင့်
ကိုယ်ချစ်တဲ့ကောင်မလေးကို နှင်းဆီပန်း (၁၃)ပွင့်တော့ ဘယ်တော့မှ မပေးမိစေနဲ့နော်။
(၁၃)ပွင့်ရဲ့ အဓိပ္ပာယ်က “တစ်သက်လုံး သူငယ်ချင်းပဲ ဖြစ်သွားကြမယ်နော်” ဆိုတဲ့
အဓိပ္ပာယ်ပါတဲ့။

နှင်းဆီ (၁၅)ပွင့်
နှင်းဆီ (၁၅)ပွင့် လာပေးရင် မေးလိုက်ပါ ချစ်သူကောင်လေးကို။
အပြစ်လုပ်ထားတာ ရှိလို့လားလို့။
ဘာလို့ဆို (၁၅)ပွင့်ဆိုတာ ”ကိုယ်တောင်းပန်ပါတယ်နော်”
ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေလို့ပါပဲ။

နှင်းဆီ အပွင့် (၂၀)
“ကိုယ့်ကို ယုံပေးပါ။ ကိုယ်ဟာ မင်းတစ်ယောက်တည်းအတွက်ပါပဲကွာ” ဆိုတဲ့ အဓိပ္ပာယ်ပါ။

နှင်းဆီ (၂၁)ပွင့်
“ကိုယ်ဟာ မင်းလေးအတွက်ပါပဲကွာ” ဆိုတဲ့ အဓိပ္ပာယ်ပါ။

နှင်းဆီ (၂၄)ပွင့်
တစ်ဒါဇင်တုန်းက ကိုယ့်ရဲ့ မိန်းကလေး ဖြစ်ပေးပါတဲ့။ ကဲ နှစ်ဒါဇင်ကျတော့
ကိုယ်ဟာ မင်းအတွက်ပါတဲ့လေ။

နှင်းဆီ အပွင့် (၄၀)
မင်းအတွက် ကိုယ့်အချစ်တွေဟာ အစစ်အမှန်တွေပါတဲ့။

ကဲ ကောင်မလေးကို ဘယ်နှစ်ပွင့် ပေးမယ်လို့ ဆုံးဖြတ်ပြီးကြပြီလဲ။

ကောင်မလေးတွေကလည်း ကောင်လေးတွေကို mention ခေါ်ပေးဖို့ မမေ့နဲ့ဦးနော်။

Valentines Day အတွက် အထူးစပါယ်ရှယ် ဝန်ဆောင်မှုတွေကို
ads.com.mm မှာ ဒီလင့်ခ်အတိုင်း>> https://goo.gl/SB9vN7
ကြည့်လို့ရပါပြီနော်။

 

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s