“သားသားမီးမီးလေးတွေပိုင်ဆိုင်ထားရခြင်းရဲ့ ကောင်းကျိုးများ”

 

ကလေး ယူရမလား မယူရဘူးလား ဝေခွဲမရဖြစ်နေရင်
ဒီစာကို ပြီးတဲ့အထိ ဖတ်ကြည့်လိုက်ပါ။ ပြီးကျမှ ဆုံးဖြတ်ပေါ့နော်။

(၁) ကလေးဆိုတာ အိမ်တစ်အိမ်ရဲ့ ဆည်းလည်းတဲ့။
မှန်ပါတယ်။ ကလေးလေးတစ်ယောက်ရှိနေတဲ့ အိမ်ဆိုရင် ဘယ်တော့မှ တိတ်တယ်မရှိ။
ကလေးချော့သံ၊ မြူသံ၊ ခိုးခိုးခစ်ခစ်ရယ်သံတွေနဲ့ ပြည့်နေတတ်တာမို့ ဆည်းလည်းသံလို့
တင်စားခေါ်ဝေါ်ကြတာထင်ပါရဲ့။

(၂) မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို ပိုတိုးလာစေတယ်။
“အချစ်က နှစ်နှစ်ခွဲပဲ ခံတယ်” လို့ တချို့စာအုပ်တွေမှာ ဖော်ပြလေ့ရှိကြတယ်။
များသောအားဖြင့် အိမ်ထောင်သက်ကြာလာလေ တစ်ယောက်နဲ့တစ်ယောက် စိတ်ကုန်လာလေ့ရှိတတ်ကြပါတယ်။
အဲ့အချိန်မှာ ကလေးက ပြန်လည်ရင်ကြားစေ့ပေးတတ်ပါတယ်။
သားသမီးဆိုတာ မိဘနှစ်ပါးကြားက ပေါင်းကူးတံတားလေးလိုပါပဲ။

(၃) ဘဝ အဓိပ္ပာယ် ပိုရှိလာစေပါတယ်။
နှစ်ယောက်တည်းနေရင်းက တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်မိတာလည်းရှိမယ်၊
ကလေးဆန်ဆန် ရန်ဖြစ်ကြတာလည်းရှိမယ်။
ဒါပေမယ့် ကလေးလေးတစ်ယောက် ဘဝထဲ ဝင်လာတဲ့အခါမှာတော့
ဘဝက ပိုအဓိပ္ပာယ်ရှိလာသလို ခံစားရပါလိမ့်မယ်။
ပြုစုစောင့်ရှောက်ရမယ့် ကလေးလေးတစ်ယောက်
ဘဝထဲ ဝင်လာတဲ့အခါမှာ တာဝန်သိစိတ်၊ တာဝန်ယူစိတ်တွေ ပိုရှိလာပါလိမ့်မယ်။

(၄) မိဘမေတ္တာကို ပိုနားလည်လာစေတယ်။
အရင်က မိဘအပေါ် အထင်မြင်လွဲမှားခဲ့သမျှ ကိုယ်ကိုယ်တိုင် မိဘ ဘဝရောက်လာတဲ့အခါမှာ
ကိုယ်ချင်းစာ နားလည်လာတတ်ပါတယ်။

သတိချပ်ရမှာတစ်ခုက အိမ်ထောင်တစ်ခု မတည်ထောင်ခင် အရင်ဆုံး အောက်ခြေခိုင်အောင် တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
အောက်ခြေခိုင်ဖို့ လုံလောက်တဲ့ အလုပ်အကိုင်လေး တစ်ခု ရှိထားဖို့က အရေးကြီးဆုံးပါပဲ။
အောက်ခြေသာ မခိုင်ဘူးဆိုရင် ဘယ်လောက်ပဲ အဆင်တန်ဆာ ဆင်ဆင် ဘဝမုန်တိုင်းလာတဲ့အခါ
ယိမ်းယိုင်သွားမှာ အသေချာပါပဲ။

ချစ်ရတဲ့ ဆည်းလည်း သားသားမီးမီးတွေအတွက် အသုံးအဆောင်ပစ္စည်းလေးတွေ ရှာနေတယ်ဆိုရင်
ads.com.mm မှာ ဒီလင့်ခ်အတိုင်း https://goo.gl/ayNlVF
ရှာဖွေဝယ်ယူလို့ရပါတယ်နော်။

ဒါမှမဟုတ် သားသားမီးမီးလေးတွေ အရွယ်ရောက်သွားလို့ သူတို့ငယ်ငယ်တုန်းက ပစ္စည်းလေးတွေ ပိုနေတယ်ဆိုရင်တော့
ဒီလင့်ခ်မှာ https://goo.gl/vyNc2o
သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပြန်ရောင်းလို့ရပါတယ်လို့ သတင်းကောင်းပါးပါရစေရှင်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s