“ချစ်သူ မလို ခွေးလေးတစ်ကောင်သာ လိုပါသည်”

သူများတွေ ရည်းစားကိုယ်စီနဲ့ သာယာနေချိန် ကိုယ်ကတော့ တစ်ယောက်တည်းဖြစ်နေလို့ စိတ်အားငယ်နေလား။ ဒါဆိုရင်တော့ စိတ်အားငယ်မနေပါနဲ့တော့။ ရည်းစားထက် ကိုယ့်အပေါ် မပြောင်းလဲ သစ္စာရှိတဲ့ အိမ်မွေးခွေးလေးတွေ ရှိပါတယ်။

1.png

(၁) ပြင်သစ်ခွေးဘီလူး

အဖော်ရှာနေတာပဲဖြစ်ဖြစ် သင့်နဲ့ သင့်ရဲ့ အနာဂါတ်ကြင်ယာဖော်ကြားမှာ မြားနတ်မောင်လေးကို ရှာနေတယ်ဆိုရင်တော့ ပြင်သစ်ခွေးဘီလူးလေးတွေက အသင့်တော်ဆုံးပါပဲ။ ဒီခွေးလေးတွေဟာဆို သခင် အိမ်ပြန်လာပြီဆိုတာနဲ့ မြူးထူးခုန်ပေါက်နေတတ်တဲ့အပြင် ခဏခဏ အပြင်ထွက်လမ်းလျှောက်ပေးဖို့ ဂျီကျတတ်ပါတယ်။ အဲ့လိုလမ်းထွက်လျှောက်ရင်းနဲ့ သခင့်ရဲ့ ကြင်ယာဖော်လောင်းကို သခင့်ထံ အရောက်ခေါ်လာတတ်ပါတယ်။ မြားနတ်မောင်ခွေးဘီလူးလေးပေါ့။

2.png

(၂) ဂျာမန်သိုးထိန်းခွေး

သစ္စာလည်းရှိ၊ လုံခြုံရေးအတွက်စိတ်ချရတဲ့ ခွေးလေးတွေကို ရှာဖွေနေတဲ့ တစ်ကိုယ်တည်းသမားလေးတွေအတွက် ဒီခွေးလေးကတော့ အသင့်တော်ဆုံးဖြစ်မှာပါ။ ဒီခွေးလေးရှိနေပြီဆိုရင် “တစ်ယောက်တည်းလည်း နေရဲပါတယ်၊ တစ်ယောက်တည်းလည်း သွားရဲပါတယ်”လို့ ပြောရလောက်အောင် သခင့်လုံခြုံရေးကို အပြည့်အဝယူနိုင်တဲ့ ခွေးလေးတွေပါ။

3.png

(၃) လက်ဗရာဒေါ ရီထရီဗာခွေး

ဖောရွေပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ လက်ဗရာဒေါခွေးလေးတွေကတော့ အထီးကျန်တတ်ပြီး သူငယ်ချင်းနည်းတဲ့

တစ်ကိုယ်တည်းသမားတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သူစိမ်းတွေကို မကြောက်တတ်ဘဲ အပေါင်းအသင်းမင်တဲ့ ဒီခွေးလေးတွေဟာ သင့်ကို သူငယ်ချင်းအသစ်တွေ တိုးစေမှာမို့လို့ပါပဲ။

4

(၄) အင်္ဂလိပ်ခွေးဘီလူး

ခွေးလေးတွေကို လမ်းလျှောက်ထွက်ပေးဖို့ အချိန်လည်း သိပ်မရှိ၊ အားတဲ့အချိန်မှာ တီဗီလေးကြည့်၊ ဘောလုံးပွဲလေးကြည့်တတ်တဲ့ တစ်ကိုယ်တည်းသမားတွေအတွက် အဖော်ကောင်းပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က အပျင်းကြီးကြတာကိုး။ ဒါပေမယ့် သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ပါးရေတွန့်နေတာတွေက သူတို့ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်နေပြန်ရော။

5.png

(၅) ချီဟွားဟွား

ချီဟွားဟွားခွေးလေးတွေက သူတို့ရဲ့ သခင်တွေကို အရမ်းတွယ်တာတတ်တဲ့အပြင် အရမ်းလည်း သဝန်တိုတတ်မို့ သင်ပျင်းရမှာမဟုတ်ပါဘူး။ အကောင်သေးသေးလေးတွေမို့ ဘယ်သွားသွား ခေါ်သွားလို့ရတာမို့ တစ်ယောက်တည်း ဖြစ်နေလို့ အထီးကျန်စရာ မလိုတော့ဘူးပေါ့နော်။

6.png

(၆) ခွေးသမင်အို

အိုနေပြီဆိုလို့ အဖော်မရဘူးမထင်နဲ့နော်။ သူတို့က သခင် Jogging လုပ်တိုင်း (ရွရွလေးပြေးခြင်း) အဖော်လိုက်ပေးဖို့ ဝန်မလေးဘူး။

7

(၇) Dalmatian

(အမွေးတိုဖြူဖြူမှာ အနက်ကွက်တွေ ပါတဲ့ခွေးအမျိုးအစား)

သူကတော့ သခင်ကလွဲရင် ဘယ်သူပဲလာလာ အဖက်မလုပ်တတ်တဲ့သူမျိုး။ ခုခေတ်စကားနဲ့ဆို ခပ်ချေချေ နေတတ်တဲ့ ကောင်မျိုးပေါ့။ အဲ့တော့ သခင်တွေက အကဲပိုရပြန်၊ အချစ်ပိုရပြန်ရော။

8.png

(၈) Boxer

(ခွေးဘီလူးနဲ့ဆင်ပေမယ့် ခြေတံပိုရှည်သော ခွေးအမျိုးအစား)

သင်က စွန့်စွန့်စားစားခရီးထွက်ရတာ ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီလိုခွေးလေးတွေက အဖော်ကောင်းပဲနော်။ သူတို့က လူအရမ်းယဉ်ပြီး သူစိမ်းတွေနဲ့လည်း အဆင်ပြေအောင် နေတတ်ကြတာမို့ သင့်ကို အပေါင်းအသင်းအသစ်တွေတောင် တိုးစေဦးမှာပါ။

9.png

(၉) Pug

(ပြားသောမျက်နှာတွင် အရေပြားက အတွန့်တွန့်အခေါက်ခေါက်ရှိသောအမွေးတို ခွေးအမျိုးအစား)

သူတို့ကတော့ အလုပ်များတတ်တဲ့ သခင်တွေနဲ့ အံကိုက်ပါပဲ။ ခပ်အေးအေးပဲ နေတတ်တဲ့ ကောင်လေးတွေပေါ့။

အမှန်တော့ အပျင်းကြီးကြတာပါ :p

10.png

(၁၀) Poodle

ခွေးလေးတွေကိုချစ်ပေမယ့် ခွေးလေးတွေနဲ့မတည့်လို့ အလက်ဂျစ်ဖြစ်တတ်တဲ့သူတွေအတွက်ကတော့ Poodle ခွေးလေးတွေက အကောင်းဆုံးပါပဲ။ သူတို့ကို အမွှေးလေးတွေ ပုံမှန် ပုံသွင်းပေးဖို့တော့ မမေ့နဲ့နော်။

ကဲခုဆိုရင်  ရည်းစားမရှိလည်း  ခွေးလေးတစ်ကောင် ရှိနေရင်အိုကေပြီပေါ့။ မျက်နှာငယ်စရာကို လိုတော့ဘူးရယ်။ ခွေးလေးတွေ မရှိသေးလို့ ဝယ်ချင်တယ်ဆိုလည်း

ခပ်ဝေးဝေးမှာ နေပူခံပြီး သွားရှာနေစရာမလိုဘူးနော်။ ads.com.mm ဝက်ဘ်ဆိုက်ဒ်မှာ

ဒီလင့်ခ်အတိုင်း https://goo.gl/RA4NzG သွားပြီး စိတ်ကြိုက် ရှာဖွေ ဝယ်မွေးရုံပဲနော်။ စိတ်ကြိုက် ခွေးလေး တွေ့ပြီဆိုတာနဲ့ ကြော်ငြာပုံလေးကိုနှိပ် ပြီးရင် ဝက်ဘ်ဆိုက်ဒ်ရဲ့ ညာဘက်ထောင့်မှာ ရှိတဲ့

“ဖုန်းခေါ်မည်” ဆိုတဲ့ ခလုတ်လေးကိုနှိပ်ပြီး ရောင်းသူနဲ့ တိုက်ရိုက်ဆက်သွယ်ဝယ်ယူရုံပဲလေ့နော်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s