လူသိပ်မသိတဲ့ ဇန်နဝါရီလဖွားလေးတွေအကြောင်း

ဇန်နဝါရီလ ရောက်ပြီဆိုတော့ ဇန်နဝါရီလဖွားလေးတွေရဲ့ အကြောင်းလေးတွေကို ဖော်ပြပေးမယ်နော်။

 

(၁) ဇန်နဝါရီလဖွားလေးတွေဟာ အသက်မွေးဝမ်းကြောင်းနဲ့ ပက်သက်ရင် လေးစားမှုနဲ့ အောင်မြင်မှုကို တခြားလမှာ မွေးဖွားသူတွေထက် အလေးထားတတ်ကြတယ်။

(၂) ဇန်နဝါရီလ မွေးဖွားသူတွေဟာ ဟာသဥာဏ်ရွှင်တတ်ကြတယ်

တစ်ခါတလေ အစအနောက်သန်တတ်တဲ့သူအကျင့်ကြောင့် တချို့လူတွေက သူတို့ကို အထင်မှားတတ်ကြပေမယ့် သူတို့မှာ တစ်ပါးသူကို ထိခိုက်စေလိုစိတ် လုံးဝမရှိကြပါဘူး။

(၃) တစ်ဖက်သားကို လွှမ်းမိုးနိုင်စွမ်းရှိကြပါတယ်။

ဒါ့အပြင် ဆရာလည်းလုပ်တတ်ကြပါတယ်။ ခေါင်းဆောင်မလုပ်ရဘူးဆိုရင် အသင်းသားလုပ်ဖို့ကိုလည်း ဝါဿနာမပါကြပါဘူး။ သူတို့ဆီက အကြံဥာဏ်တောင်းရင် အကြံဥာဏ်တစ်ခုတည်းကိုပဲ မပြောင်းမလဲ ပေးတတ်လေ့ရှိတယ်။ အဲ့လိုအကျင့်က အဖွဲ့ထဲမှာ သူတို့ကို အထင်ပေါ်ဆုံးဖြစ်စေတတ်ပါတယ်။

(၄) ကိုယ့်အားကိုယ်ကိုးလေ့ရှိတတ်ကြတယ်

အရာအားလုံးကို တစ်ကိုယ်တည်း လုပ်နိုင်တယ်လို့ ယုံကြည်တတ်ကြတယ်။ အမှန်တော့ သူတို့က သူတို့ကိုယ်ကိုယ်ထက် ဘယ်သူ့ကိုမှ မယုံတာပါ။

(၅) စိတ်ပျို ကိုယ်နုကြတော့ အသက်ကြီးလာတာနဲ့အမျှ ပိုပိုနုလာတတ်ကြတယ်။

 

(၆) ထူးထူးဆန်းဆန်းတွေ လုပ်တတ်ကြတယ်

ပျင်းတဲ့အချိန်မှာ ထူးထူးဆန်းဆန်း ပေါက်တတ်ကရတွေ လုပ်တတ်ကြတယ်။

ဒါကြောင့် သူငယ်ချင်းတွေထဲမှာ ဇန်နဝါရီလဖွားလေးတွေပါတယ်ဆိုရင် ပျင်းရတယ်ကို ရှိမှာမဟုတ်ပါဘူး။

(၇) အပျော်အပါးလည်း ခုံမင်ကြတယ်

အပျော်အပါး လုပ်ရတာပဲဖြစ်ဖြစ် စွန့်စွန်းစားစားခရီးထွက်ရတာမျိုးတွေကို သူတို့ နှစ်သက်ကြပါတယ်။

(၈) ခံစားချက်တွေကို မဖော်ပြတတ်ကြပါဘူး

သူတို့ရဲ့ ခံစားချက်နဲ့ အချစ်ကို မဖော်ပြတတ်ကြပါဘူး။ သူတို့ကိုယ် သူတို့ အရင်နားလည်ဖို့ အချိန်ယူလေ့ရှိကြတယ်။ ဒါကြောင့် ဇန်နဝါရီလဖွားလေးတွေကို စချစ်မိပြီဆိုရင် နာကျင်ရမှာတော့ အမှန်ပါပဲ။

(၉) လူမသိသူမသိ ရိုင်းတတ်ကြတယ်

လူရှေ့သူရှေ့မှာတော့ သူတို့ဟာ လိမ္မာလေးတွေပါ။ ဒါပေမယ့် သူတို့ သက်တောင့်သက်သာဖြစ်တဲ့ သူတွေရှေ့မှာတော့ ရိုင်းတတ်ကြပါတယ်။ ပြောရရင်တော့ သူတို့ ချစ်တဲ့သူတွေရှေ့မှာ ကလေးဆိုး ဆိုးတာမျိုးပေါ့နော်။ ဒါဟာ အမှန်တော့ သူတို့ရဲ့ သဘာဝပါ။ 😛

ads.com.mm မှာ Second hand အပြင် မသုံးရသေးတဲ့ ပစ္စည်းအသစ်လေးတွေကိုလည်း လာရောင်းတတ်လေ့ရှိတာမို့ ဇန်နဝါရီလဖွား သူငယ်ချင်းမိတ်ဆွေတွေအတွက် ပစ္စည်းကောင်းလေးတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ပေးချင်ရင် ဒီလင့်ခ်မှာ http://bit.ly/1DZGCqe ရှာလို့ရတယ်နော်။

 

 

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s