ဟန်းနီးမွန်းခရီးလေးကို ဒီလိုဖြတ်သန်းမယ်

0.png

တစ်သက်မှာ တစ်ခါသာထွက်ရတဲ့
ဟန်းနီးမွန်းခရီးလေးကို ဒီလိုလေးဖြတ်သန်းကြမယ်။

နေဝင်ချိန်ကို တူတူကြည့်ပါ
ပျင်းစရာကောင်းမှာပဲလို့ ထင်မိပါလိမ့်မယ်။
ဒါပေမယ့် ဒါဟာ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာတစ်ခုဆိုတာ
လုပ်ဖူးကြည့်မှသိပါလိမ့်မယ်။
နေဝင်ချိန်ကို ညားခါစ ပူပူနွေးနွေး ဇနီးလေးနဲ့ တူတူကြည့်ရတာဟာ
တကယ်ကို တမူထူးတဲ့ ခံစားချက်လေးတစ်မျိုးဖြစ်စေပါလိမ့်မယ်။


ကဗျာဆန်ဆန် ညစာလေးတူတူစားပါ
ဖယောင်းတိုင်လေးတွေ ဝိုင်ပုလင်းလေးတွေ
သူမကြိုက်တတ်တဲ့အစားအစာလေးတွေ
ပန်းလေးတွေနဲ့ ဆင်ယင်ထားတဲ့ညစာကို
တူတူစားသုံးပါ။
မျက်နှာချင်းဆိုင် ထိုင်ဖို့လည်းမမေ့ပါနဲ့။
ရူးကြောင်ကြောင်အလုပ်တွေလည်းလုပ်ကြည့်ပါ
ဥပမာ တူတူပုန်းတမ်းကစားတာမျိုး
ခေါင်းအုံးရိုက်ကစားတာမျိုး အစရှိတဲ့
ကလေးကစားနည်းလေးတွေကစားရင်း နှစ်ယောက်အတူ
ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ။
အပန်းဖြေပါ
ဟန်းနီးမွန်းဆိုတာ အပန်းဖြေဖို့အတွက်ပါ
ဒါကြောင့် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အရာတွေကို လုပ်ဆောင်ပါ။
ဥပမာ Spa သွားတာမျိုး ကိုယ်လက်ပေါ့ပါးစေမယ့်အရာတွေကို
တူတူလုပ်ကြည့်ပါ။

စွန့်စွန့်စားစားခရီးထွက်ပါ
ရေငုပ်တာမျိုး တောင်တက်ခရီးစဉ်လိုမျိုးအစရှိတဲ့
စွန့်စွန့်စားစားခရီးတွေ ထွက်ပါ။
ဒီလိုလုပ်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အားပေးတတ်လာမယ်
ပိုပြီး ဂရုစိုက်တတ်လာတာကို တွေ့ရမှာပါ
လက်လေးကိုင်ပြီး လမ်းလျှောက်ထွက်ဖို့လည်း မမေ့ပါနဲ့
ချစ်ဇနီးလေးလက်ကို ဆွဲကိုင်လို့
ညနေနေဝင်ချိန်လေးမှာ လမ်းလျှောက်ရတာဟာ
ဘဝခရီးကို နှစ်ယောက်အတူစတင်လိုက်သလိုပါပဲ။
ဆည်းလည်းလေးတွေဖြစ်လာမယ့် သားသားမီးမီးလေးတွေ
ဖန်တီးဖို့လည်းမမေ့ပါနဲ့။

ပျော်ရွှင်ဖွယ် ဟန်းနီးမွန်းခရီးစဉ်လေးဖြစ်ပါစေနော်/
ဟန်းနီးမွန်းထွက်ဖို့ ပိုက်ဆံကုန်မှာ စိုးရိမ်နေလား?
ဒါဆို မစိုးရိမ်နဲ့တော့နော်
ချောင်းသာကို အခမဲ့ ဟန်းနီးမွန်းထွက်နိုင်မယ့်အခွင့်အရေးလေးကို ads က ကျင်းပပေးနေတယ်နော်။
အသေးစိတ်ကို ဒီလင့်ခ်မှာ http://bit.ly/2fXT2YC
ဖတ်လို့ရပါတယ်ရှင့် 😉
#SellAndBuyEverything #Adscommm #Honeymoon

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s