‘ကမ်းခြေမှာ ချစ်သူနဲ့တူတူ လုပ်ဆောင်သင့်တဲ့အရာများ”

blog.png

 

ကဲကဲ ကမ်းခြေရာသီလည်းရောက်
မင်္ဂလာဆောင်ရာသီလည်းရောက်ပြီဆိုတော့
ကမ်းခြေမှာ ချစ်သူနဲ့တူတူ အမှတ်တရလေးတွေဖန်တီးနိုင်မယ့်
နည်းလမ်းလေးတွေကို ပြောပေးမယ်နော်။

(၁) ခရုခွံလေးတွေကောက်ပါ

ကမ်းခြေတလျှောက် လမ်းလျှောက်ရင်း
ကာလာစုံ ခရုခွံလေးတွေကို တူတူကောက်ပါ။

(၂) အမှတ်တရဓာတ်ပုံလေးတွေရိုက်ပါ

တစ်ချိန်မှာ ပြန်လည်အမှတ်ရစေမယ့် ဓာတ်ပုံလေးတွေကို
ချစ်သူနဲ့တူတူ အကောင်းဆုံးပို့စ်တွေနဲ့ ဖန်တီးပါ။

(၃) သဲသောင်ပေါ်မှာ စာလေးတွေရေးပါ

သေးသေးကြီးကြီး အမှတ်တရဖြစ်စေမယ့် စာသားလေးတွေကို
သဲသောင်ပြင်ပေါ်မှာ တုတ်လေးတစ်ချောင်းနဲ့ရေးပါ။
အမှတ်တရဖြစ်ကျန်စေဖို့ ဓာတ်ပုံလေးရိုက်ထားဖို့လည်း မမေ့ပါနဲ့။

(၄) နေဝင်နေထွက်ချိန်ကို တူတူခံစားပါ

နေဝင်နေထွက်ချိန်ကို ချစ်သူနဲ့တူတူ ခံစားရတာ
ဘာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။
ဒီလို အဖိုးတန်အချိန်တွေကို အိပ်ချိန်နဲ့ လဲရတာ
တန်စေမှာပါ။

 

(၅) နေ့အိမ်မက်မက်ပါ

ကမ်းခြေနားက ခုံလေးတွေမှာ ပင်လယ်ပြင်ကျယ်ကြီးကို
ချစ်သူနဲ့တူတူ တစ်ဆုံးမျှော်ကြည့်ရင်း
နှစ်ယောက် အနာဂါတ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။

 

(၆) အနားယူပါ

နေ့လည်နေ့ခင်းကျ ဘာမှမလုပ်ပဲ
ဟိုတယ်ခန်းမှာ အေးဆေးအနားယူပါ။
အနားယူတဲ့အခါမှာ ဖုန်းတွေအားလုံးကိုပိတ်
လူမှုကွန်ယက်အားလုံးနဲ့ ခေတ္တဖြတ်တောက်ပြီး
ဘာမှမတွေးဘဲ အိပ်စက်အနားယူလိုက်ပါ။

(၇) သဲသောင်မှာ သဲအိမ်လေးတွေဆောက်ပါ

သဲအိမ်ဆောက်တယ်ဆိုတာ ကလေးတွေအတွက်ပဲ မဟုတ်ဘူးနော်။
လူကြီးတွေလည်း လုပ်လို့ရတဲ့ ပျော်စရာဂိမ်းတစ်ခုပါ။
နှစ်ယောက်တူတူ သဲအိမ်လေးတွေဆောက်နေရင်း တစ်ခုခုကို
ခံစားမိလာမှာပါ။

 

(၈) ဝင်းဒိုးရှော့ပင်းထွက်ပါ

ပင်လယ်ကမ်းခြေမှာ အမှတ်တရပစ္စည်းလေးတွေရောင်းတဲ့
ဆိုင်လေးတွေမှာ ဝင်းဒိုးရှော့ပင်းထွက်ရတာလည်း
အင်မတန်ပျော်စရာကောင်းတဲ့အရာတစ်ခုပါ။
ကြည့်ရင်းက ကြိုက်တာတွေ့ရင်လည်း
နှစ်ယောက်ဆင်တူ အမှတ်တရပစ္စည်းလေးတွေဖြစ်ဖြစ်
သူငယ်ချင်းမိတ်ဆွေတွေကို အမှတ်တရလက်ဆောင်ပေးဖို့
ဝယ်လို့ရပါသေးတယ်။

 

(၉) မီးပုံပွဲဆင်နွှဲပါ

ကမ်းခြေမှာ မီးပုံလေးဖိုပြီး ကြယ်ကြွေတာကို
ချစ်သူလေးနဲ့တူတူ ထိုင်ကြည့်ရတာလည်း ဖီးလ်လေးတစ်မျိုးပါပဲ။
ကမ်းခြေရောက်ရင် လုပ်ကြည့်ဖို့ မမေ့နဲ့ဦးနော်။

 

(၁၀) ကဗျာတိုလေးတွေရေးစပ်ပါ

ချစ်သူကိုရင်ခွင်ထဲထွေးပွေ့ရင်း
ကဗျာတိုလေးတွေ သီချင်းတိုလေးတွေ
သူမအတွက် ရေးဖွဲ့ကြည့်ပါ။
ကမ်းခြေမှာ ချစ်သူလေးနဲ့ အပျော်ရွှင်ဆုံး အချိန်ကာလလေးကို
ပိုင်ဆိုင်နိုင်ကြပါစေနော်။

ကမ်းခြေမှာ ချစ်သူလေးနဲ့ အမှတ်တရတွေဖန်တီးနိုင်ဖို့
ကင်မရာကောင်းကောင်းလေးရှိရင် ပိုမိုက်မှာပေါ့နော်။
ကင်မရာအလန်းစားလေးတွေကို
ဒီလင့်ခ်မှာ >> https://www.ads.com.mm/cameras-camcorders
ရှာဖွေလိုက်ပါ။

#SellAndBuyEverything #Adscommm #Beach #Honeymoon

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s