ဇီကာဗိုင်းရပ်စ် ကာကွယ်ရေး နှိုးဆော်ချက်

zika

 

ဧရာဝတီ

ဇီကာဗိုင်းရပ်စ်သည် အေဒီစ်(Aedes) ခြင်ကျားမှ တဆင့်ကူးစက်ခြင်းဖြစ်ပြီး၊ အဆိုပါ ခြင်ကျားသည် နေ့အချိန် လူကိုကိုက်ခြင်းမှ ကူးစက်ရောဂါဖြစ်စေနိုင်သည်။

အဆိုပါ ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားပြီး၊ ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ကားတာယာ၊ ပလတ်စတစ်ခွက် စသည့်တို့တွင် တွေ့ရသည်။

ထို့ကြောင့် ရေလှောင်ထားသည့် အိုးခွက်များကို ခြင်များ ၀င်ရောက်ကာ ဥမဥနိုင်စေရန် လုံခြုံစွာ ဖုံး အုပ်ထားရန်၊ ခြင်ကျား လောက်လန်းတွေ့ရှိပါ က ရေကိုသွန်ပစ်ရန်၊ ခြင်ကိုက် မခံရစေရန် ခြင်ဆေး လိမ်းခြင်း၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ၀တ်ဆင်ခြင်း၊ နေအိမ်ခြင်လုံဇကာများ တပ်ဆင် ခြင်း လိုအပ်ပါသည်။

ခြင်ကိုက်ခံရပြီး ၂ရက်မှ ၇ရက်အတွင်း ရောဂါလက္ခဏာ စတင်ဖြစ်ပေါ်နိုင်ပြီး၊ ရောဂါကူးစက်ခံရသူ ၅ ဦးတွင် ၁ ဦး၌ ရောဂါ လက္ခဏာ ပေါ်ပေါက်ကြောင်း သိရှိနိုင်သည်။

အဓိက ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား/ အဆစ်များ နာကျင်ခြင်း တို့ ဖြစ်တတ်ပါသည်။ ဇီကာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း ၏ နောက်ဆွဲတွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွားခြင်းအပေါ် ဆက်စပ်မှု ရှိ မရှိ သက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးစားလျက်ရှိပါသည်။

ဇီကာ ဗိုင်းရပ်စ် ရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါ သက်သာရန်အတွက်သာ ကုသ ပေးနိုင်ပါသည်။ အနားယူခြင်း ၊ ရေလုံလောက်စွာ သောက်သုံးခြင်း၊ ဆေးမြီတိုများနှင့် အခြားအကိုက် အခဲပျောက်ဆေးများကို မသောက်ရန် ဖြစ်ပါသည်။

ပါရာစီတမော့ဆေးကိုသာ အညွှန်းအတိုင်းသောက်သုံးရန်နှင့် ဇီကာ ဗိုင်းရပ်စ်ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများသို့ သွားရောက်ပြသ စစ်ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။

credit #ကျန်းမာရေးဝန်ကြီးဌာန

 

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s