နပိုလီယန်ရဲ့ “ဒေါ်လာနှစ်သောင်းတန် ရည်းစားစာ”

blo.png

 

 

 

နပိုလီယန်ကို လူတိုင်းနီးပါးသိကြပေမယ့်

နပိုလီယန် နောက်ဆုံးထွက်သက်ထိ ရေရွတ်တမ်းတရလောက်အောင်

အချစ်ကြီးချစ်ခဲ့ရတဲ့ ချစ်သူကိုတော့ လူသိမများကြပါဘူး။
ဒီဇာတ်လမ်းလေးကို
ဆရာ ညီညီနိုင် ဘာသာပြန်ထားတဲ့
“ဒေးလ်ကာနက်ဂျီပြောပြတဲ့ တိုးတိုးတိတ်တိတ်ဖြစ်ရပ်များ” ဆိုတဲ့
စာအုပ်လေးထဲကနေ ကောက်နုတ် မျှဝေပေးလိုက်ပါတယ်။
(အဲ့စာအုပ်ထဲမှာ ကမ္ဘာကျော် ပုဂ္ဂ္ဂိုလ်အချို့ရဲ့ တိုးတိုးတိတ်တိတ်ဖြစ်ရပ်တွေကို

စိတ်ဝင်စားဖွယ် ဖတ်ရှုနိုင်ပါတယ်။ လက်မလွှတ်တမ်းဖတ်ထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ)

နပိုလီယန်လို စစ်သရဲတစ်ယောက် စစ်မြေပြင်မှာ

အပြင်းအထန်တိုက်ခိုက်နေဆဲကြားထဲက
အချိန်လုပြီးတော့ သူသိပ်ချစ်ရတဲ့ ဂျိုးဇက်ဖင်းထံ

မေတ္တာစာ တစ်နေ့ တစ်စောင် မှန်မှန်ရေးခဲ့ပါတယ်တဲ့။

(ကဲ အလုပ်ရှုပ်နေလို့ ချစ်သူကို အချိန်မပေးနိုင်ဘူးဆိုသူများ

နပိုလီယန်ကို နမူနာယူကြပါလို့)
အဲ့မေတ္တာစာတွေထဲကမှ ရှစ်စောင်မြောက်ရည်းစားစာကို

၁၉၉၃ခုနှစ် လန်ဒန်လေလံပွဲမှာ ဒေါ်လာနှစ်သောင်းဖြင့် ရောင်းချခဲ့ရပါတယ်။
ကဲကဲ ဒေါ်လာနှစ်သောင်းတန် ရည်းစားစာကို ဖတ်ကြည့်ကြပါဦး။
“အချစ်ဆုံး ဂျိုးဇက်ဖင်းရေ
မင်းကလေးက မောင့်ကို အချစ်နှောင်အိမ်ထဲက ရုန်းမထွက်နိုင်အောင် ပြုစားရက်ခဲ့တယ်နော်။
မောင်လေ မင်းစိတ်နဲ့ စားလို့လည်းမဝင်ဘူး။ အိပ်လို့ လည်းမပျော်ဘူး။

အပေါင်းအသင်းတွေကိုလည်း ဥပေက္ခာပြုထားမိတယ်။

ဂုဏ်ရှိဖို့လည်း ဂရုမစိုက်နိုင်တော့ဘူး။

မင်းကလေးအတွက် စစ်နိုင်အောင်တိုက်ဖို့ ခေါင်းထဲစွဲထားတယ်။

ဒါမှလည်း မင်းဝမ်းသာပျော်ရွှင်ရမှာမဟုတ်လား။

မင်းအတွက်သာမဟုတ်ဘူးဆိုရင်တော့ ဒီစစ်တပ်ကြီးကိုထားခဲ့ပြီး

ပဲရစ်ကို အရောက်ပြန်ပြေးလို့ မင်းရဲ့ခြေတော်ရင်းမှာ ဝပ်စင်းနေမိမှာ သေချာပါရဲ့။
မင်းဟာလေ မောင့်ကို အဆုံးအစမရှိတဲ့ အချစ်တွေနဲ့ လွှမ်းမိုးစေခဲ့တယ်။

မင်းဟာလေ မောင့်ကို အချစ်လှိုင်းတွေကြားမှာ ထုံရီမူးဝေနေစေခဲ့တယ်။

မင်းရဲ့ ဓာတ်ပုံကလေးကို တစ်နာရီတစ်ခါ ထုတ်မကြည့်ဘဲ

မနေနိုင်ခဲ့တာတော့ တကယ်ပါ။

ပြီးတော့ အဲ့ဓာတ်ပုံကလေးကို တစ်နာရီတစ်ခါမနမ်းဘဲ

အချိန်တွေ မကုန်စေခဲ့ပါဘူးလေ။”

တဲ့လေ။
ဒီလို မေတ္တာစာမျိုးကို မကြိုက်တဲ့မိန်းကလေး လက်ချိုးရေလို့တောင်ရလောက်ပါတယ်။
ဒါပေမဲ့ ဂျိုးဇက်ဖင်းကတော့ နပိုလီယန်ရဲ့ အချစ်တွေကို တန်ဖိုးမထားခဲ့ပါဘူး။

L

 

ပရိတ်သတ်ကြီးရေ မဖတ်ဖြစ်တော့တဲ့စာအုပ်အဟောင်းတွေကို

Ads.com.mm ကဏ္ဍစုံကြော်ငြာဝက်ဘ်ဆိုက်ဒ်

သီချင်း၊ ရုပ်ရှင်ကားနှင့်စာအုပ်များကဏ္ဍမှာ >> https://www.ads.com.mm/music-movies-books

အခမဲ့ကြော်ငြာတင်ရောင်းလို့ရတယ်ဆိုတာကော သိပြီးကြပြီလား။

ကြော်ငြာအခမဲ့တင်ရန်လင့်ခ် >>  https://www.ads.com.mm/posts/new

 

#SellAndBuyEverything #Adscommm #Napoleon #Loveletter

 

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s