“အချိန်မီ အလုပ်မပြီးမြောက်ရခြင်းအကြောင်းရင်းများ”

blog.png

 

 

တော်တော်များများပြောကြတယ်။

အလုပ်မပြီးဘူး။ စာမကျက်ဖြစ်ဘူးတဲ့။

ဘာကြောင့်လည်းဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်နော်။

 

(၁) တစ်နေ့ကို တစ်ကြိမ်ထက်ပိုပြီး Facebook Newsfeed ပွတ်ခြင်း

ကျွန်မတို့ သတိမထားမိတဲ့အချိန်မှာပဲ social media တွေဟာ

ကျွန်မတို့ရဲ့ အချိန်တွေကို တော်တော်လေး သဲ့ယူနေကြပါတယ်။

ဒါ့အပြင် Social media မှာတွေ့ရတဲ့ တခြားသူတွေရဲ့ ပို့စ်တွေကြောင့်

အပြိုင်အဆိုင်စိတ်ကိုလည်း ပိုမိုတိုးစေပါတယ်။

ဒါကြောင့် ဖုန်းကိုအဝေးမှာထားလိုက်ပါ။

တစ်ချိန်လုံး အသုံးပြုမယ့်အစား

social media သုံးဖို့ အချိန်တစ်ခုသတ်မှတ်ပြီး

အသုံးပြုမယ်ဆိုရင် ပိုအဆင်ပြေမှာပါ။

 

(၂) ဖုန်း ringtone ကို အမြဲဖွင့်ထားခြင်း

ringtone ကို အမြဲဖွင့်ထားတာကြောင့်

အီးမေးလ်ဝင်တိုင်း မက်ဆေ့ခ်ျဝင်တိုင်း

အသံကြားနေရမှာဖြစ်ပါတယ်။

အဲ့လိုဖြစ်ခြင်းဟာ စိတ်အာရုံစူးစိုက်မှုကို လျော့နည်းစေပါတယ်။

ဒါကြောင့် ဖုန်းကို ဖွင့်ထားဖို့လိုအပ်တယ်ဆိုရင်

တခြား လူမှုရေးနဲ့ပက်သက်တဲ့ app တွေကို ပိတ်ထားလိုက်ပါ။

တစ်နာရီတစ်ခါလောက်ပဲ စစ်ပါ။

 

 

(၃) အနားမယူခြင်း

တစ်နာရီကို ၁၅မိနစ်လောက် အနားယူပေးသင့်ပါတယ်။

တချို့တွေက တစ်နေ့တာလုံး အနားမယူဘဲနဲ့

အလုပ်တောက်လျှောက်လုပ်တတ်ပါတယ်။

ဒါဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။

အနားမယူခြင်းဟာ သင့်ရဲ့ စွမ်းအင်ကို ကုန်ခန်းစေပြီး

အလုပ်လုပ်နိုင်စွမ်းကိုလျော့ကျစေပါတယ်။

 

 

(၄) အာဟာရမဖြစ်တဲ့ သွားရေစာမုန့်တွေကို စားသုံးခြင်း

အခုခေတ်မှာ အလုပ်များတာကိုအကြောင်းပြပြီး

လူတော်တော်များများရဲ့ မနက်စာတွေဟာ အဆင်သင့်ရတဲ့

မုန့်တွေကိုပဲ ရွေးချယ်စားသုံးလာကြတာကိုတွေ့ရပါတယ်။

တစ်နေ့တာလုံး စွမ်းအင်အပြည့်နဲ့ အလုပ်လုပ်နိုင်စေဖို့

ဗိုက်ပြည့်နေဖို့က အရေးကြီးဆုံးပါပဲ။

 

 

(၅) Youtube နွံနစ်ခြင်း

Youtube ကြည့်ရင်းနဲ့ ဘေလ်ကုန်မှ

အကြည့်ရပ်ဖြစ်တာမျိုး ကြုံဖူးကြတယ်ဟုတ်။

ဒါကြောင့် Youtube ဆိုတာလည်း နွံတစ်ခုဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေ။

ဒါကြောင့် Youtube ကြည့်မယ့်အစား သီချင်းလေးနားထောင်ပြီး

အလုပ်လုပ်တာက ပိုအဆင်ပြေပါတယ်။

 

အိမ်မှာအသုံးမလိုပိုနေတဲ့ အသုံးအဆောင်ပစ္စည်းတွေကနေ

အပိုဝင်ငွေပြန်ရှာချင်တဲ့ပရိတ်သတ်ကြီးအတွက်

Ads.com.mm အခမဲ့ကဏ္ဍစုံကြော်ငြာဝက်ဘ်ဆိုက်ဒ်တွင်

ဒီလင့်ခ်အတိုင်းသွားပြီး >> https://www.ads.com.mm/posts/new

အခမဲ့ကြော်ငြာတင်နိုင်ပါကြောင်း သတင်းကောင်းပါးပါရစေရှင့်။

 

အသုံးအဆောင်ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့

ပြန်ဝယ်ချင်သူများကတော့

ဒီလင့်ခ်မှာ>> https://www.ads.com.mm/catalog

ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးပါရစေရှင့်။

 

#SellAndBuyEverything #Adscommm

 

 

 

 

 

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s