“သစ္စာထိပ်ထား ချစ်စရာ့တိရိစ္ဆာန်လေးများ”

blog

 

 

သတ္တဝါလေးတွေမှာလည်း ချစ်တတ်တဲ့နှလုံးသားရှိကြတယ်ဆိုရင်
ပရိတ်သတ်ကြီးယုံကြမလား။
သူတို့လေးတွေရဲ့ အထာ ချစ်ခြင်းတရားလေးတွေအကြောင်းကို
သိချင်တယ်ဆိုရင်တော့  ဖတ်ကြည့်လိုက်နော်။

 

(၁) ပင်လယ်စင်ရော်

ပင်လယ်စင်ရော်တွေရဲ့ ချစ်ကြိုးဟာ နှစ်ပေါင်းများစွာ တည်မြဲလေ့ရှိကြပါတယ်။
ပင်လယ်စင်ရော်တွေဟာ သူတို့ ဘယ်လောက်ဝေးဝေးခရီးနှင်ရပါစေ
သူတို့နေထိုင်ရာနေရာဆီ၊ သူတို့ရဲ့ ကြင်ဖက်တွေဆီ အမြဲပြန်လာလေ့ရှိသူများဖြစ်ကြပါတယ်။

ပင်လယ်စင်ရော်တွေဟာ တစ်နှစ်မှာ တစ်ခါသာ ဥဥလေ့ရှိကြတာကြောင့်
သူတို့ရဲ့ သားသမီးတွေကို ကောင်းကောင်းမွန်မွန်ပျိုးထောင်ဖို့
အကောင်းဆုံးကြင်ဖက်ကို ရှာဖို့က သူတို့အတွက်အရေးကြီးပါတယ်။

 

(၂) ခြ

ခြတွေဟာလည်း ကြင်ဖော်ရွေးပြီးသွားပြီဆိုရင်
တစ်သက်လုံးစာ လက်တွဲသွားလေ့ရှိကြပါတယ်။
အကယ်၍ လမ်းခွဲကြပြီဆိုရင်လည်း
တစ်ယောက် ဦးမှင်ကို တစ်ယောက်က ဝါးပစ်လေ့ရှိကြပါတယ်။

(၃) လယ်ကြွက်

လယ်ကြွက်လေးတွေဟာ တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးကြသူများဖြစ်ကြပါတယ်။
သူတို့ဟာ အမြဲ တိုးဝှေ့ပူးကပ်နေလေ့ရှိကြပြီး
တစ်ကောင်နဲ့တစ်ကောင် အမွေးတွေကို သန့်စင်ပေးလေ့ရှိကြပါတယ်။
သားပေါက်လေးတွေကို တူတူပျိုးထောင်ကြပြီး
တာဝန်တွေကို ခွဲဝေလုပ်ဆောင်လေ့ရှိကြသူများလည်းဖြစ်ကြပါတယ်။

(၄) ချိုးနီတူ

ချိုးနီတူဖိုဟာ ချိုးနီတူမကို ပိုးပန်းတဲ့အခါမှာ
အမနားမှာ စီစီညံအောင်ပျံသန်းလေ့ရှိကြပြီး
သူ့အတောင်ပံတွေကို ရိုက်ခတ်ကာ လေချွန်သံမျိုး ဖိုသံပေးလေ့ရှိပါတယ်။
အဲ့နောက် သူ့ရင်ကိုကော့ပြီး ခေါင်းအဆတ်မပြတ်ညိတ်ပြလေ့ရှိပါတယ်။
ဒါကို ချိုးနီတူမလေးက ခိုက်သွားပြီဆိုရင်တော့
တစ်သက်လုံးပေါင်းသင်းသွားကြလေ့ရှိကြပါတယ်။

(၅) ငန်း

လည်ပင်းတွေကို ယှက်လိုက်ရင် အသည်းပုံလေးပေါ်လာတာကြောင့်
အချစ်နဲ့ပက်သက်တဲ့ပုံတွေဆိုရင်
သူတို့ရဲ့ ပုံတွေက မပါမဖြစ်ပါပဲ။
သူတို့ရဲ့ ကြင်ဖက်ကို တစ်သက်တာအတွက် ရွေးချယ်လေ့ရှိသလို
ကြင်ဖက်သေဆုံးသွားတဲ့အခါမှာလည်း
တစ်ယောက်တည်းသာ နေလေ့ရှိကြပါတယ်။

(၆) ဆင်

ဆင်တွေဟာလည်း အချစ်ကြီးချစ်တတ်သူများဖြစ်ကြပါတယ်။
သူတို့ရဲ့ ကြင်ဖက်သေဆုံးသွားတဲ့အခါမှာ
လွမ်းနာကျပြီးတော့ အစားမစား မအိပ်စက်တတ်ကြဘဲ
မျက်ရည်တွင်တွင်သာကျပြီးတော့
သေပွဲဝင်လေ့ရှိကြပါတယ်။

(၇) ပင်ကွင်းငှက်

လူသားကောင်လေးတွေဟာ ကောင်မလေးရဲ့ အချစ်ကိုရရှိဖို့
ပန်းတွေ အရုပ်တွေနဲ့ ပိုးပန်းကြသလို
ပင်ကွင်းငှက်လေးတွေကလည်း ပင်ကွင်းမလေးတွေကို
ကျောက်တုံးလေးတွေပေးပြီးတော့ ပိုးပန်းကြပါတယ်တဲ့။
ကျောက်တုံးတွေဆိုပေမယ့် အထင်မသေးနဲ့နော်။
အကောင်းဆုံး အချောဆုံးကျောက်စရစ်ခဲလေးတွေကိုမှ ရွေးပေးတာပါ။
အကောင်းဆုံးကျောက်စရစ်ခဲလေးတွေကို ရဖို့
ပင်ကွင်းထီးလေးတွေ တစ်ကောင်နဲ့တစ်ကောင် လုကြရသေးတယ်တဲ့။
လုပြီးလို့ အကောင်းဆုံးကျောက်ခဲရပြီဆိုတော့မှ
သူအချစ်ဆုံး ပင်ကွင်းမလေးကို လက်ဆောင်ပေးကြပါတယ်။
ပင်ကွင်းမလေးက ကျောက်စရစ်ခဲလေးတွေကို လက်ခံလိုက်ပြီဆိုရင်တော့
စုံတွဲလေးတွေဖြစ်သွားကြပါပြီတဲ့။
#ချစ်စဖွယ်သားသားမီးမီးလေးတွေကို
Ads.com.mm အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဒ်မှာ
ဒီလင့်ခ်အတိုင်း >> https://www.ads.com.mm/pets
သွားရောက်ဝယ်ယူနိုင်တယ်ဆိုတာကိုလည်း သတင်းကောင်းပါးလိုက်ပါရစေနော်။
ဒါမှမဟုတ် မိမိမှာသားသားမီးမီးလေးတွေများနေလို့
စိတ်ချရတဲ့ပိုင်ရှင်ဆီကို တိုက်ရိုက်လက်လွှဲရောင်းချလိုတယ်ဆိုရင်တော့
ဒီလင့်ခ်မှာ >> https://www.ads.com.mm/posts/new
အခမဲ့ကြော်ငြာတင်ရောင်းချနိုင်ပါတယ်နော်။
#SellAndBuyEverything #Adscommm #Pets

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s