“ငယ်ရွယ်စဉ်မှာ ခရီးသွားသင့်တယ်လို့ ဘာကြောင့်ပြောကြတာလဲ”

blog.png

 

ငယ်ရွယ်တုန်းမှာ ပိုက်ဆံဖိရှာပြီး

အသက်ကြီးမှ ခရီးထွက်မယ်ဆိုတဲ့ စိတ်ကူးကို
လက်တွေ့အကောင်အထည်ဖော်ဖို့ တကယ်တမ်းကျတော့
မလွယ်ကူပါဘူး။
အသက်ကြီးတဲ့အချိန်မှာ
ငွေကြေးအတိုင်းအတာတစ်ခုလောက်ထိ ပိုင်ဆိုင်နေမှာဖြစ်ပေမယ့်
စိတ်သွားတိုင်း လူက လိုက်နိုင်တဲ့ အရွယ်မဟုတ်တော့ပါဘူး။
ဒါကြောင့် ငယ်ရွယ်ဖျတ်လတ်နေတဲ့အရွယ်မှာ ခရီးသွားဖို့
အောက်ပါအချက်အလက်တွေနဲ့ အကြံပေးလိုက်ပါရစေ။

(၁) ကမ္ဘာကြီးကကျယ်သလောက် လူ့ဘဝလေးက တိုတိုလေးပါ
သင်အခုချိန်မှာ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေပါစေ
ကျန်းမာရေးဆိုတာ ပုံသေတွက်ထားလို့ရတဲ့အရာတစ်ခု
မဟုတ်ပါဘူး။
(၂) အပြင်လောကကို လေ့လာနိုင်မယ့် ပျော်ရွှင်ဖွယ်အခွင့်အလမ်းတစ်ခုပါ
သင်နေထိုင်ရာ မြို့ နယ် တိုင်း နိုင်ငံထဲကနေ ခဏလောက်
အပြင်ထွက်ပြီး လေ့လာခြင်းဟာ သင့်ကို
သင့်နေရာဒေသနဲ့မတူတဲ့
အရာတွေကို လေ့လာခွင့်ရစေမှာပါ။

(၃) သူငယ်ချင်းအသစ်တွေ ရနိုင်မယ့်အခွင့်အရေး
ခရီးထွက်ရင်းနဲ့ မိတ်ဆွေသူငယ်ချင်းဖွဲ့ရတာ လွယ်ကြောင်း
သဘောပေါက်လာပါလိမ့်မယ်။

(၄) သင့်ကိုယ်သင် ဘယ်လိုချစ်ရမယ်ဆိုတာ နားလည်လာပါလိမ့်မယ်
ခရီးသွားတဲ့အခါမှာ ကျန်းမာရေးက အရေးကြီးကြောင်း
သင်သဘောပေါက်လာပါလိမ့်မယ်။
(၅) သင်သိခဲ့တဲ့အရာတွေက ပါးမွှားလေးတွေဆိုတာ
သင်သဘောပေါက်လာပါလိမ့်မယ်
သင့်နေရာဒေသ အပြင်ဘက်ကို ခရီးထွက်တဲ့အခါမှာ
သင်မသိသေးတဲ့အရာတွေ အများကြီး ရှိသေးကြောင်း
နားလည်သဘောပေါက်လာလိမ့်မယ်။

(၆) မိသားစုကို ကျေးဇူးတင်စိတ်ဖြစ်လာပါလိမ့်မယ်
သင်ခရီးသွားတဲ့အခါမှာ သင့်မိဘရဲ့ ချစ်ခြင်းမေတ္တာတွေကို
နားလည်လာပါလိမ့်မယ်။
သင့်အတွက် အရာရာအဆင်ပြေအောင်
လုပ်ပေးထားလေ့ရှိတဲ့ မိခင်ရဲ့
ချစ်ခြင်းမေတ္တာကို လွမ်းဆွတ်လာပါလိမ့်မယ်။
(၇) ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ်ပိုများလာပါလိမ့်မယ်
ခရီးထွက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုပဲ အားကိုးရတာကြောင့်
ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ်ပိုများလာပါလိမ့်မယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေကြောင့်
ငယ်ရွယ်စဉ်မှာ ခရီးသွားသင့်တယ်ကြောင်း အကြံပေးလိုက်ပါရစေ။

ခရီးသွားရတာ ဝါဿနာပါတဲ့သူတွေအနေနဲ့
Ads.com.mm အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဒ်မှာ
အောက်ပါလင့်ခ်အတိုင်းသွားပြီး
https://www.ads.com.mm/travel-events-tickets
ခရီးသွားလက်မှတ်တွေကို အေဂျင်စီနဲ့တိုက်ရိုက် ဝယ်ယူနိုင်ကြောင်း
သတင်းကောင်းပါးလိုက်ပါရစေနော်။

ads.com.mm ဝက်ဘ်ဆိုက်ဒ်ရဲ့ ကြော်ငြာရှင်တွေအတွက်
အထူးသတင်းကောင်းလေးတစ်ခုရှိသေးတယ်နော်။
အခမဲ့ကြော်ငြာတင်ရင်း ဘားအံခရီးစဉ်ကို သူငယ်ချင်းတစ်ယောက်နဲ့တူတူ
ခရီးထွက်နိုင်မယ့်အခွင့်ရေးလေးရှိကြောင်း လက်တို့လိုက်ပါရစေ။
အသေးစိတ်ကိုတော့
ဒီလင့်ခ်မှာ >> http://bit.ly/2cLIiLD
ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

#SellAndBuyEverything #Adscommm #Tickets #Travelling

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s