“လက်သည်းလေးတွေ သန့်ရှင်းနေစေဖို့”

blo.png

 

စတိုင်ကျလှပဖို့ဆိုရင်

မျက်နှာလေးလှပကြော့ရှင်းနေဖို့အပြင်

လူမြင်များတဲ့ လက်ချောင်းလေးတွေပါ လှပသန့်ရှင်းဖို့လိုအပ်ပါတယ်။

ဒီတော့ လက်ချောင်းလေးတွေကို လှပနေအောင်

ဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာ

ဖော်ပြပေးလိုက်ရပါတယ်နော်။

ကြမ်းတမ်းတဲ့ လက်သည်းညှိတံ အသုံးပြုခြင်းဟာ

လက်သည်းတွေကို အားနည်းစေပြီး၊

လက်သည်းကျိုးခြင်းနှင့် ကွာခြင်းကိုလည်း ဖြစ်စေပါတယ်။

လက်သည်းကို အမြဲပုံသွင်းနေသင့်ပါတယ်။

လက်ထိပ်ကနေ ၀.၃လက်မထက် ပိုမရှည်ပါစေနဲ့။

လက်သည်းပန်းကုံးဖြစ်နေတဲ့နေရာတွေကို ထိုးဆွမညှပ်ပါနဲ့။

အဆိုပါအရေပြားဟာ လက်သည်းရှည်စေတဲ့ အဓိကနေရာကို

ကာကွယ်ပေးထားတာကြောင့် အဆိုပါနေရာတွေကို ထိုးဆွခြင်းဟာ

လက်သည်းခွံတွေကို ပါးစေပါတယ်။

အဲ့အစား လက်သည်းပန်းကုံးဖြစ်တဲ့နေရာတွေကို

အလှဆီလိမ်းပေးပြီးတော့ တွန်းပေးပါ။

တွန်းဖို့အတွက် သီးသန့်ကိရိယာဝယ်စရာမလိုပါဘူး။

ခဲဖျက်ကို တစ်ရှူးနဲ့ ပတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။

လက်သည်းနီအရောင်ရင့်ရင့်တွေကို မကြာခဏဆိုးတဲ့အခါမှ

လက်သည်းခွံလေးတွေမှာ အဝါရောင်စွန်းထင်းကျန်တတ်ပါတယ်။

ဒါဘာလို့ဖြစ်သလဲဆိုတော့

လက်သည်းခွံလေးတွေလည်း လူတွေလိုပဲ

အသက်ရှူဖို့ လိုအပ်တာကြောင့်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် လက်သည်းခွံလေးတွေမှာ

အဝါရောင်မစွန်းကျန်ခဲ့ဖို့အတွက်

လက်သည်းနီမဆိုးခင်မှာ

အောက်ခံ Base Coat လေး ခံဆိုးဖို့ လိုအပ်ပါတယ်။

မိတ်ကပ်လိမ်းပြီး ဖျက်ဆေးနဲ့ဖျက်ပြီးမှ သန့်စင်ရသလို

လက်သည်းလှလှလေးနီဆိုးပြီး ဖျက်တဲ့အခါမှာ

စနစ်တကျသန့်စင်ပေးဖို့အရေးကြီးတယ်နော်။

ပထမဆုံး တင်နာနဲ့ စတင်ဖျက်ပါ။

ဒီနေရာမှာ နည်းလမ်းကောင်းလေးတစ်ခုပေးချင်ပါတယ်။

တင်နာ အကုန်ကျသက်သာစေချင်ရင်

ဖန်ပုလင်းလေးတစ်လုံးထဲကို ဖော့ထည့်ပြီး တင်နာရည်လောင်းချပါ။

အဖုံးပြန်ပိတ်ပါ။

လက်သည်းနီဖျက်ချင်တဲ့အခါကျ ထိုပုလင်းထဲ လက်ချောင်းထည့်လိုက်ရုံပါပဲ။

အကုန်အကျလည်းသက်သာ၊ ညစ်ပတ်မှုလည်း သက်သာစေတဲ့

နည်းလမ်းကောင်းလေးဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။

တင်နာနဲ့ လက်သည်းဖျက်ပြီးပြီဆိုရင်တော့

ရေနွေးနွေးလေးမှာ ခတ္တခဏစိမ်ထားပါ။

ထို့နောက် သံပုရာသီးလေးနဲ့ ပွတ်တိုက်ပေးပါ။

ဒါဆိုရင်တော့ လက်သည်းလေးတော်တော်သန့်သွားလောက်ပါပြီ။

လက်သည်းနီကို နားနားပြီးတော့မှ ဆိုးသင့်ပါတယ်။

ဥပမာ ၂ပါတ်တစ်ခါ (သို့) တစ်လတစ်ခါလောက်ပေါ့။

 

ဖက်ရှင်နှင့်အလှအပပစ္စည်းများကို

Ads.com.mm တွင်အောက်ပါလင့်ခ်အတိုင်းသွားရောက်ပြီး

https://www.ads.com.mm/fashion-beauty

ဝယ်ယူနိုင်ပါပြီရှင့်။

 

မိမိမှာ အသုံးမလို ပိုနေတဲ့ ပစ္စည်းတွေကနေ

အပိုဝင်ငွေရှာချင်တယ်ဆိုရင်တော့

အောက်ပါလင့်ခ်လေးကိုနှိပ်ပြီး

https://www.ads.com.mm/posts/new

အခမဲ့ကြော်ငြာတင်လိုက်နော်။

 

#SellAndBuyEverything #Adscommm #Nail

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s