“မနက္စာ ပံုမွန္မစားရင္ ဘာျဖစ္မလဲ”

blog.png

 

[Zawgyi]

ယေန႕ေခတ္မွာ လူအမ်ားစုဟာ အလုပ္ကို ဦးစားေပးလာႀကတာနဲ႕အမ်ွ
မနက္စာစားဖို႕ကို ေမ့ေလ်ာ့လာႀကပါတယ္။
ေစ်းကြက္ရွာေဖြေရး ကုမၸဏီ NPD Group ကေန
ၿပဳလုပ္တဲ့ ၂၀၁၁ခုနွစ္ေလ့လာမႈက
အသက္၃၅နွစ္နွင့္၅၄နွစ္ႀကားမွာရွိတဲ့
အမ်ိဳးသား၁၈ရာခိုင္နႈန္းနွင့္ အမ်ိဳးသမီး၁၃ရာခိုင္နႈန္းခန္႕ဟာ
မနက္စာ စားေလ့မရွိသူမ်ားျဖစ္ႀကတယ္လို႕ဆိုပါတယ္။
မနက္စာ ပံုမွန္မစားတဲ့သူေတြဟာ ေအာက္ပါအေျခေနေတြကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။

(၁) ဆီးခ်ိဳေရာဂါျဖစ္နိုင္ေခ်ကို ပိုတိုးေစတယ္။
ေန႕စဥ္မနက္စာစားေလ့ရွိတဲ့ အမ်ိဳးသမီးေတြထက္စာရင္
တစ္ပါတ္ကို ပ်မ္းမွ်အားျဖင့္ မနက္စာစားႀကိမ္
သံုညမွ ေျခာက္ႀကိမ္ပဲစားေလ့ရွိတဲ့ အမ်ိဳးသမီးေတြဟာ
ဆီးခ်ိဳ အမ်ိဳးအစား(၂) ျဖစ္နိုင္ေခ်ပိုမ်ားတယ္လို႕ဆိုပါတယ္။
(၂) နွလံုးေရာဂါ
မနက္စာစားသံုးျခင္းဟာ
ေသြးတိုးေရာဂါနွင့္ ဆက္စပ္မႈရွိၿပီး
အင္ဆူလင္ခံနိုင္ရည္အားနွင့္
သႀကားထဲေသြးပါဝင္နႈန္းျမင့္မားျခင္းနွင့္လည္း
ဆက္စပ္ေနတယ္လို႕ေတြ႕ရွိခဲ့ၾကပါတယ္။

(၃) မွတ္ဥာဏ္စြမ္းရည္
မနက္စာပံုမွန္စားသံုးတဲ့သူေတြဟာ မွတ္ဥာဏ္စြမ္းရည္
ပိုျမင့္မားေလ့ရွိႀကတယ္လို႕ဆိုပါတယ္။
(၄) ခႏၶာကိုယ္အေလးခ်ိန္က်ဆင္းမႈ
မနက္စာ အျပည့္အဝစားသံုးတဲ့သူေတြဟာ မနက္စာမစားေသာသူမ်ားနွင့္နႈိင္းယွဥ္တဲ့အခါမွာ
ပ်မ္းမွ်အားျဖင့္ သံုးလအတြင္း ၁၈.၈ေပါင္က်ဆင္းသြားေလ့ရွိတယ္လို႕ ဆိုပါတယ္။
(၅) အာရံုစူးစိုက္မႈ
ဗိုက္ဆာေနတဲ့အခ်ိန္မွာ
အလုပ္ေပၚမွာျဖစ္ျဖစ္ စာထဲမွာျဖစ္ျဖစ္
အာရံုစူးစိုက္နိုင္စြမ္းနည္းသြားေလ့ရွိၿပီး
တစ္ခါတစ္ရံ ေခါင္းကိုက္တာမ်ိဳး
အားနည္းတာမ်ိဳး၊ အစာအိမ္နာက်င္တာမ်ိဳးကဲ့သုိ႕ေသာ
ေဝဒနာေတြခံစားရနိုင္ပါတယ္။

ဒါေႀကာင့္ ေန႕စဥ္မနက္ခင္းတိုင္းမွာ
ဂ်ံဳနွင့္လုပ္တဲ့မုန္႕မ်ား၊ အဆီပါဝင္မႈနည္းေသာအစားအစာမ်ား၊
နို႕ထြက္ပစၥည္းမ်ား၊ သစ္သီးဝလံမ်ားနွင့္ ဟင္းသီးဟင္းရြက္မ်ားပါဝင္ေသာ
က်န္းမာေရးနွင့္ညီညြတ္သည့္ မနက္စာကို ေရြးခ်ယ္စားသံုးျခင္းျဖင့္
သင့္ရဲ႕ အာရံုစူးစိုက္မႈကို တိုးတက္ေစၿပီး
တစ္ေန႕တာလံုးလန္းဆန္းေစပါလိမ့္မယ္။

ပရိတ္သတ္ႀကီးအေနနဲ႕ Ads.com.mm ဝက္ဘ္ဆိုက္ဒ္မွာ
အစားအေသာက္ေတြကိုလည္း
https://www.ads.com.mm/agriculture-food
ဝယ္ယူရရွိနိုင္တယ္ဆိုတာကိုလည္း သတင္းေကာင္းပါးလိုက္ပါရေစေနာ္။

စိုက္ပ်ိဳးေရးနွင့္စားေသာက္ကုန္ဆိုင္ရာပစၥည္းေတြ
ပရိတ္သတ္ႀကီးမွာ ေရာင္းစရာရွိတယ္ဆိုရင္လည္း
ads.com.mm မွာ ေအာက္ပါလင့္ခ္အတိုင္းသြားၿပီး
https://www.ads.com.mm/posts/new
အခမဲ့ေႀကာ္ျငာတင္နိုင္ပါတယ္ေနာ္။
#SellAndBuyEverything #Adscommm #Breakfast

– – – – – – – – – – – – – – – – – – – – – – – – – – – –

[Unicode]

ယနေ့ခေတ်မှာ လူအများစုဟာ အလုပ်ကို ဦးစားပေးလာကြတာနဲ့အမျှ
မနက်စာစားဖို့ကို မေ့လျော့လာကြပါတယ်။
ဈေးကွက်ရှာဖွေရေး ကုမ္ပဏီ NPD Group ကနေ
ပြုလုပ်တဲ့ ၂၀၁၁ခုနှစ်လေ့လာမှုက
အသက်၃၅နှစ်နှင့်၅၄နှစ်ကြားမှာရှိတဲ့
အမျိုးသား၁၈ရာခိုင်နှုန်းနှင့် အမျိုးသမီး၁၃ရာခိုင်နှုန်းခန့်ဟာ
မနက်စာ စားလေ့မရှိသူများဖြစ်ကြတယ်လို့ဆိုပါတယ်။
မနက်စာ ပုံမှန်မစားတဲ့သူတွေဟာ အောက်ပါအခြေနေတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

(၁) ဆီးချိုရောဂါဖြစ်နိုင်ချေကို ပိုတိုးစေတယ်။
နေ့စဉ်မနက်စာစားလေ့ရှိတဲ့ အမျိုးသမီးတွေထက်စာရင်
တစ်ပါတ်ကို ပျမ်းမျှအားဖြင့် မနက်စာစားကြိမ်
သုံညမှ ခြောက်ကြိမ်ပဲစားလေ့ရှိတဲ့ အမျိုးသမီးတွေဟာ
ဆီးချို အမျိုးအစား(၂) ဖြစ်နိုင်ချေပိုများတယ်လို့ဆိုပါတယ်။
(၂) နှလုံးရောဂါ
မနက်စာစားသုံးခြင်းဟာ
သွေးတိုးရောဂါနှင့် ဆက်စပ်မှုရှိပြီး
အင်ဆူလင်ခံနိုင်ရည်အားနှင့်
သကြားထဲသွေးပါဝင်နှုန်းမြင့်မားခြင်းနှင့်လည်း
ဆက်စပ်နေတယ်လို့တွေ့ရှိခဲ့ကြပါတယ်။

(၃) မှတ်ဉာဏ်စွမ်းရည်
မနက်စာပုံမှန်စားသုံးတဲ့သူတွေဟာ မှတ်ဉာဏ်စွမ်းရည်
ပိုမြင့်မားလေ့ရှိကြတယ်လို့ဆိုပါတယ်။
(၄) ခန္ဓာကိုယ်အလေးချိန်ကျဆင်းမှု
မနက်စာ အပြည့်အဝစားသုံးတဲ့သူတွေဟာ မနက်စာမစားသောသူများနှင့်နှိုင်းယှဉ်တဲ့အခါမှာ
ပျမ်းမျှအားဖြင့် သုံးလအတွင်း ၁၈.၈ပေါင်ကျဆင်းသွားလေ့ရှိတယ်လို့ ဆိုပါတယ်။
(၅) အာရုံစူးစိုက်မှု
ဗိုက်ဆာနေတဲ့အချိန်မှာ
အလုပ်ပေါ်မှာဖြစ်ဖြစ် စာထဲမှာဖြစ်ဖြစ်
အာရုံစူးစိုက်နိုင်စွမ်းနည်းသွားလေ့ရှိပြီး
တစ်ခါတစ်ရံ ခေါင်းကိုက်တာမျိုး
အားနည်းတာမျိုး၊ အစာအိမ်နာကျင်တာမျိုးကဲ့သို့သော
ဝေဒနာတွေခံစားရနိုင်ပါတယ်။

ဒါကြောင့် နေ့စဉ်မနက်ခင်းတိုင်းမှာ
ဂျုံနှင့်လုပ်တဲ့မုန့်များ၊ အဆီပါဝင်မှုနည်းသောအစားအစာများ၊
နို့ထွက်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များပါဝင်သော
ကျန်းမာရေးနှင့်ညီညွတ်သည့် မနက်စာကို ရွေးချယ်စားသုံးခြင်းဖြင့်
သင့်ရဲ့ အာရုံစူးစိုက်မှုကို တိုးတက်စေပြီး
တစ်နေ့တာလုံးလန်းဆန်းစေပါလိမ့်မယ်။

ပရိတ်သတ်ကြီးအနေနဲ့ Ads.com.mm ဝက်ဘ်ဆိုက်ဒ်မှာ
အစားအသောက်တွေကိုလည်း
https://www.ads.com.mm/agriculture-food
ဝယ်ယူရရှိနိုင်တယ်ဆိုတာကိုလည်း သတင်းကောင်းပါးလိုက်ပါရစေနော်။

စိုက်ပျိုးရေးနှင့်စားသောက်ကုန်ဆိုင်ရာပစ္စည်းတွေ
ပရိတ်သတ်ကြီးမှာ ရောင်းစရာရှိတယ်ဆိုရင်လည်း
ads.com.mm မှာ အောက်ပါလင့်ခ်အတိုင်းသွားပြီး
https://www.ads.com.mm/posts/new
အခမဲ့ကြော်ငြာတင်နိုင်ပါတယ်နော်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s