“ေခြး ေၾကာင္ေလးေတြကို ႏိုင္ငံျခားသို႔ ေခၚေဆာင္သြားလိုသူမ်ားအတြက္”

blog

 

 

[Zawgyi]

ၿမန္မာျပည္မွာ ေခြးေတြေၾကာင္ေတြကို ကားေပၚယာဥ္ေပၚ
လက္ခံသယ္ေဆာင္ခြင့္ မရွိဘူးလို႔ေျပာၾကပါတယ္။
ေမ့ေဆးေပးသယ္ရတယ္လို႔လည္း ေျပာၾကပါတယ္။
အေတာ္စိတ္မေကာင္းစရာပါဘဲ။
ဒါကလည္း လူေတြရဲ႕ ယဥ္ေက်းမႈေပၚမွာမူတည္သလို
အထူးသျဖင့္ ေခြးေမြးသူမ်ားရဲ႕ ေခြးနဲ႕ဘဝေနထိုင္မႈေပၚမွာ
မူတည္လို႔ ျဖစ္ေနတဲ႔ျပသနာပါ။
ေခြးကိုမိသားစုလိုသေဘာထား ေခၚေဆာင္ခရီးသြားတဲ့ အေလ့အထရွိမယ္ဆိုရင္
ကားေပၚ ရထားေပၚတင္ခြင့္ႏွင့္ ခရီးသြားေနက်ေခြးဟာ
လူေတြႏွင့္ဘာျပသနာမွမရွိပါဘူး။
အထူးအဆန္းလည္း မဟုတ္ပါဘူး။
သူတို႔ဟာ ကေလးေတြထက္ ထိန္းရသက္သာၿပီး
ဘာေမ့ေဆးမွ ေပးစရာမလို ရႈေမ်ွာ္ခင္းၾကည့္
လိုက္ခ်င္လိုက္မယ္ ဒါမွမဟုတ္ ၿငိမ္ၿငိမ္ေလးနဲ႕အိပ္ၿပီးလိုက္ၾကပါတယ္။

ႏိုင္ငံျခားမွာေတာ့ လူေတြဟာ ေခြးေတြကို
ဘယ္သြားသြား မိသားစုလို ေခၚေဆာင္သြားေလ့ရွိတဲ႔အတြက္
ကား ရထား ေလယာဥ္ အားလံုးနဲ႕
သယ္ယူ ေခၚေဆာင္ခြင့္ရွိပါတယ္။
အဲလိုအခြင့္အေရးရွိတဲ႔အတြက္ ႏိုင္ငံျခားကေခြးေတြ
ျမန္မာျပည္ကို သယ္လာၿပီး ျပန္ေခၚသြားၾကသလို
ျမန္မာျပည္ကေခြးေတြကို ႏိုင္ငံျခားေခၚသြားတာေတြ လုပ္လို႔ရပါတယ္။
လုပ္လည္းလုပ္ေနၾကပါတယ္။ သူမ်ားေပးပစ္ခဲ့စရာလည္း မလိုပါဘူး။
ေခၚသြားလို႔မရဘူးဆိုတာလည္းမဟုတ္ပါဘူး။ တစ္ခုေတာ့ရွိပါတယ္။
ကိုယ္သြားမယ့္နိုင္ငံနဲ႕ ကိုယ္စီးမယ့္ ေလယာဥ္လိုင္းေပၚမူတည္တဲ႔အတြက္
သံရံုးေတြနဲ႕ ေလယာဥ္လိုင္းကို ႀကိဳတင္စံုစမ္းထားဖို႔လိုပါတယ္။
ေခြးေခၚယူခြင့္ရွိဖို႔ လုပ္ေဆာင္ခ်ိန္ဟာ အနည္းဆံုး
တစ္လႀကိဳလုပ္မွ အခ်ိန္မွီပါတယ္။

တစ္ခ်ိဳ႕ႏိုင္ငံေတြက ကိုယ့္ႏိုင္ငံဖက္က က်န္းမာေရး ဓာတ္ခြဲခန္းရဲ႕
ေဆးစစ္ခ်က္ေအာင္ျမင္မူ အေထာက္အထား စစ္ေဆးခ်က္၊
တက္တူးနံပါတ္ပါတာနဲ႕တင္ၿပီးႏိုင္ပါတယ္။
ျပင္သစ္လို ႏိုင္ငံေတြကေတာ့ သူတို႔ႏိုင္ငံက
ကိုယ္သြားမဲ႔ ေဒသဆိုင္ရာ ဓာတ္ခြဲခန္းကို
ျမန္မာအစိုးရအသိအမွတ္ျပဳ ဌာနဆိုင္ရာ
ဆရာဝန္နဲ႕ စစ္ထားတဲ႔ ဓာတ္ခြဲခန္းကေသြးကို
စစ္ၿပီးတဲ႔အျပင္ အဲဒီေသြးကို တိေမြးကုဦးစီးဌာနက
ေထာက္ခံခ်က္ေတြနဲ႕အတူ DHL နဲ႔ပို႔ေပးရပါတယ္။
DHL ကိုလည္းကိုယ္ပို႔မဲ့ပစၥည္းအတြက္ ဘယ္လို
ထုတ္ပိုးျပင္ဆင္ေပးရမယ္ဆိုတာ ေမးရပါတယ္။
ပို႔အၿပီး တစ္ပတ္အတြင္းမွာ ျပင္သစ္ဓာတ္ခြဲခန္းက
ေသြးစစ္တမ္း ေရာဂါကင္းရွင္းမႈ စာရြက္စာတမ္းကို
ျမန္မာျပည္ကိုျပန္ပို႔ေပးပါတယ္။
အဲဒီစာရြက္ဟာ ေခြးအတြက္ ျပည္ဝင္ခြင့္ဗီဇာပါဘဲ။

အဲဒီစာရြက္နဲ႕ ရန္ကုန္တိေမြးကုဦးစီးဌာနက တက္တူးနံပတ္၊
လိုအပ္တဲ့စာရြက္စာတမ္းနဲ႕ ေလယာဥ္ေပၚတက္ရပါတယ္။
ထိုင္းေလေၾကာင္းကေတာ့ သယ္ယူခြင့္ရွိတာ ေသခ်ာပါတယ္။
လက္မွတ္လုပ္ခ်ိန္မွာ ေခြးသယ္ယူလိုေၾကာင္းေျပာၿပီး
ေလေႀကာင္းလိုင္းကသတ္မွတ္ခ်က္ကန့္သတ္ညႊန္ၾကားမူမ်ားကို ယူရပါမယ္။
ေခြးအတြက္ ထိုင္ခံုတစ္ခု ဝယ္ယူရပါတယ္။
အေကာင္ေသးၿပီး အေလးခ်ိန္ 5 kg မေက်ာ္ရင္
လူနဲ႕အတုူလိုက္ပါခြင့္ရွိပါတယ္။
ဒါေပမဲ့ ေပါင္ေပၚတင္ သယ္ယူခြင့္မရွိပါဘူး။
သတ္မွတ္ထားတဲ့ ျခင္းအရြယ္အစားထဲထည့္ၿပီး ေဘးခံုမွာတင္ေခၚရပါတယ္။
အေကာင္ႀကီးရင္ ကုန္ေတြနဲ႕အတူ ေခြးအတြက္သတ္မွတ္ထားတဲ႔
ေနရာေတြကလိုက္ဖို႔ ေခြးကိုလူနဲ႔ခြဲထည့္လိုက္ရပါတယ္။
ႏွစ္မ်ိဳးလံုးအတြက္ ေခၚသြားမယ့္ေခြးဟာ ခံႏိုင္ရည္ရွိဖို႔
က်န္းမာေရးေကာင္းေအာင္ ျပင္ဆင္ထားဖို႔ေတာ့လိုပါတယ္။
အထူးသျဖင့္ ကုန္တင္တဲ႔အပိုင္းဖက္နဲ႕ လိုက္ရမယ့္ေခြးေတြက
လူနဲ႔အတူလိုက္ရတဲ႔ ေခြးေတြေလာက္ သိပ္သက္ေသာင့္သက္သာ
မရွိႏိုင္တဲ့အတြက္ သူတို႔အတြက္ႀကိဳတင္ကာကြယ္မူ
အေကာင္းဆံုးျဖစ္ႏိုင္တာေတြကို ျပင္ဆင္ထားရပါမယ္။

ဒါေၾကာင့္ ေခြးေလးေတြကို ကိုယ္နဲ႔အတူ ႏိုင္ငံျခားသို႔ ေခၚမဲ႔သူမ်ားဟာ
ကိုယ္သြားမယ့္နိုင္ငံရဲ႕သံရံုးကိုအရင္သြားၿပီး သူတို႔သတ္မွတ္ထားတဲ့
အခ်က္အလက္ေတြကိုယူပါ။
ေလေၾကာင္းလိုင္းကို ေမးပါ။ တစ္ႏိုင္ငံနဲ႕တစ္ႏိုင္ငံမတူပါဘူး။
ေလယာဥ္ဆားဗစ္ေတြလည္းမတူပါဘူး။ ေဆးစစ္မႈႏွင့္ သံရံုးလိုအပ္ခ်က္ေတြကို
ျမန္မာျပည္မွာ အရင္လုပ္ဖို႔ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း-
တိရိစာၦန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွာလုပ္ရပါတယ္။
အဲဒီမွာ ေခြး ေၾကာင္ေလးေတြအတြက္
Microchip နံပတ္ကိုယူရပါတယ္ –
တက္တူးဆိုတာက နံပါတ္ပါတဲ႔ Microchip အျပားေလးကို
ေခြးလည္ပင္းတစ္ဝိုက္ အေရျပားလႊာထဲမွာ ထိုးသြင္းထည့္ေပးလိုက္တာပါ။
တစ္သက္စာ လိုင္စင္မွတ္ပံုတင္ထားလိုက္တဲ႔ သေဘာပါ။
သူ႔ကို ႏိုင္ငံတကာ ေခၚသြားလို႔ရပါတယ္။
ပတ္စ္ပို႔သေဘာလည္းေဆာင္ပါတယ္။
ေလဆိပ္ေတြက လည္ပင္းေလးကို စက္နဲ႕စစ္ရံုပါဘဲ။
အဲဒီတက္တူးက ႏိုင္ငံျခားမသြားလည္း လုပ္ထားလို႔ရပါတယ္။
အရင္က အင္းစိန္မွာရွိပါတယ္။
ႏိုင္ငံျခားသြားရင္ေတာ့ စာရြက္စာတမ္း တက္တူးနံပါတ္အကုန္ရဖို႔
မသြားခင္ တစ္လ အခိ်န္ယူရပါတယ္။
အဲလိုဘဲ ေခြးေတြနဲ႕ႏိုင္ငံတကာသြားလာေနလို႕
ျမန္မာျပည္က လမ္းေခြးေတြလည္း ေခၚလို႔ရလို႔
ႏိုင္ငံျခားေရာက္ေနတဲ့ ျမန္မာေခြးေတြ အေတာ္မ်ားမ်ားရွိေနပါတယ္။

ေခြးတက္တူးနံပါတ္ယူဖို႔ ထည့္ဖို႔နဲ႕ လိုအပ္တာေတြကို
စနစ္တက်လုပ္ဖို႔သိခ်င္ရင္ေတာ့ စမ္းေခ်ာင္းမင္းလမ္းထဲက
“ေအး” တိေမြးကုေဆးခန္းက ေဒါက္တာခင္ေစာသာထံကို
သြားေမးလို႔ရပါတယ္။
ႏိုင္ငံျခားသြားဖို႔ ေခြးအတြက္ျပင္ဆင္မူေတြအားလံုးကို
အစိုးရဌာနဆိုင္ရာ တာဝန္ခံဆရာဝန္ျဖစ္သူ
သူနဲ႕လုပ္ခဲ႔ရတဲ႔အတြက္ အားလံုးအဆင္ေျပခဲ႔ပါတယ္။
ဌာနမွာ အခုလက္ရွိလုပ္မလုပ္ေတာ့မသိပါဘူး။
ဒါေပမဲ႔ သူ႔ေဆးခန္းဆိုေတာ့ ေခြးေလးေတြအတြက္
က်န္းမာေရးစစ္ရင္း သိခ်င္တာေမးလို႔ရႏိုင္ေလာက္ပါတယ္။
ေသြးေဖာက္ေသြးစစ္ ေသြးပို႔ သံရံုးညႊန္ၾကားမူေတြကို သူနဲ႕လုပ္ခဲ႔ရတာပါ။
စမ္းေခ်ာင္း မင္းလမ္းမွာ ရွိအံုးမယ္လို႔ထင္ပါတယ္။

Credit to-Kitty Puppy Magazine

အိမ္ေမြးတိရိစၦာန္ေခြးေလးေတြ ေႀကာင္ေလးေတြ
ေမြးခ်င္လို႕ဝယ္ယူခ်င္တယ္ဆိုရင္ေတာ့
Ads.com.mm မွာ
ေအာက္ပါလင့္ခ္အတိုင္း
https://www.ads.com.mm/pets
ေရာင္းသူနဲ႕ တုိက္ရိုက္ဆက္သြယ္ဝယ္ယူနိုင္ပါတယ္ေနာ္။
ပါပီေလးေတြ ေႀကာင္ေလးေတြ အိမ္မွာ အရမ္းမ်ားေနလို႕
ျပန္ေရာင္းခ်င္တယ္ဆိုရင္ေတာ့
ads.com.mm မွာ ေအာက္ပါလင့္ခ္အတိုင္း
https://www.ads.com.mm/posts/new
အခမဲ့ေႀကာ္ျငာတင္ေရာင္းခ်လို႕ရပါတယ္ေနာ္။

#SellAndBuyEverything #Adscommm #Pet #Abroad

– – – – – – – – – – – – – – – – – – – – – – – – – –

[Unicode]

“ခွေး ကြောင်လေးတွေကို နိုင်ငံခြားသို့ ခေါ်ဆောင်သွားလိုသူများအတွက်”
– – – – – – – – – – – – – – – – – – – – – – –

မြန်မာပြည်မှာ ခွေးတွေကြောင်တွေကို ကားပေါ်ယာဉ်ပေါ်
လက်ခံသယ်ဆောင်ခွင့် မရှိဘူးလို့ပြောကြပါတယ်။
မေ့ဆေးပေးသယ်ရတယ်လို့လည်း ပြောကြပါတယ်။
အတော်စိတ်မကောင်းစရာပါဘဲ။
ဒါကလည်း လူတွေရဲ့ ယဉ်ကျေးမှုပေါ်မှာမူတည်သလို
အထူးသဖြင့် ခွေးမွေးသူများရဲ့ ခွေးနဲ့ဘဝနေထိုင်မှုပေါ်မှာ
မူတည်လို့ ဖြစ်နေတဲ့ပြသနာပါ။
ခွေးကိုမိသားစုလိုသဘောထား ခေါ်ဆောင်ခရီးသွားတဲ့ အလေ့အထရှိမယ်ဆိုရင်
ကားပေါ် ရထားပေါ်တင်ခွင့်နှင့် ခရီးသွားနေကျခွေးဟာ
လူတွေနှင့်ဘာပြသနာမှမရှိပါဘူး။
အထူးအဆန်းလည်း မဟုတ်ပါဘူး။
သူတို့ဟာ ကလေးတွေထက် ထိန်းရသက်သာပြီး
ဘာမေ့ဆေးမှ ပေးစရာမလို ရှုမျှော်ခင်းကြည့်
လိုက်ချင်လိုက်မယ် ဒါမှမဟုတ် ငြိမ်ငြိမ်လေးနဲ့အိပ်ပြီးလိုက်ကြပါတယ်။

နိုင်ငံခြားမှာတော့ လူတွေဟာ ခွေးတွေကို
ဘယ်သွားသွား မိသားစုလို ခေါ်ဆောင်သွားလေ့ရှိတဲ့အတွက်
ကား ရထား လေယာဉ် အားလုံးနဲ့
သယ်ယူ ခေါ်ဆောင်ခွင့်ရှိပါတယ်။
အဲလိုအခွင့်အရေးရှိတဲ့အတွက် နိုင်ငံခြားကခွေးတွေ
မြန်မာပြည်ကို သယ်လာပြီး ပြန်ခေါ်သွားကြသလို
မြန်မာပြည်ကခွေးတွေကို နိုင်ငံခြားခေါ်သွားတာတွေ လုပ်လို့ရပါတယ်။
လုပ်လည်းလုပ်နေကြပါတယ်။ သူများပေးပစ်ခဲ့စရာလည်း မလိုပါဘူး။
ခေါ်သွားလို့မရဘူးဆိုတာလည်းမဟုတ်ပါဘူး။ တစ်ခုတော့ရှိပါတယ်။
ကိုယ်သွားမယ့်နိုင်ငံနဲ့ ကိုယ်စီးမယ့် လေယာဉ်လိုင်းပေါ်မူတည်တဲ့အတွက်
သံရုံးတွေနဲ့ လေယာဉ်လိုင်းကို ကြိုတင်စုံစမ်းထားဖို့လိုပါတယ်။
ခွေးခေါ်ယူခွင့်ရှိဖို့ လုပ်ဆောင်ချိန်ဟာ အနည်းဆုံး
တစ်လကြိုလုပ်မှ အချိန်မှီပါတယ်။

တစ်ချို့နိုင်ငံတွေက ကိုယ့်နိုင်ငံဖက်က ကျန်းမာရေး ဓာတ်ခွဲခန်းရဲ့
ဆေးစစ်ချက်အောင်မြင်မူ အထောက်အထား စစ်ဆေးချက်၊
တက်တူးနံပါတ်ပါတာနဲ့တင်ပြီးနိုင်ပါတယ်။
ပြင်သစ်လို နိုင်ငံတွေကတော့ သူတို့နိုင်ငံက
ကိုယ်သွားမဲ့ ဒေသဆိုင်ရာ ဓာတ်ခွဲခန်းကို
မြန်မာအစိုးရအသိအမှတ်ပြု ဌာနဆိုင်ရာ
ဆရာဝန်နဲ့ စစ်ထားတဲ့ ဓာတ်ခွဲခန်းကသွေးကို
စစ်ပြီးတဲ့အပြင် အဲဒီသွေးကို တိမွေးကုဦးစီးဌာနက
ထောက်ခံချက်တွေနဲ့အတူ DHL နဲ့ပို့ပေးရပါတယ်။
DHL ကိုလည်းကိုယ်ပို့မဲ့ပစ္စည်းအတွက် ဘယ်လို
ထုတ်ပိုးပြင်ဆင်ပေးရမယ်ဆိုတာ မေးရပါတယ်။
ပို့အပြီး တစ်ပတ်အတွင်းမှာ ပြင်သစ်ဓာတ်ခွဲခန်းက
သွေးစစ်တမ်း ရောဂါကင်းရှင်းမှု စာရွက်စာတမ်းကို
မြန်မာပြည်ကိုပြန်ပို့ပေးပါတယ်။
အဲဒီစာရွက်ဟာ ခွေးအတွက် ပြည်ဝင်ခွင့်ဗီဇာပါဘဲ။

အဲဒီစာရွက်နဲ့ ရန်ကုန်တိမွေးကုဦးစီးဌာနက တက်တူးနံပတ်၊
လိုအပ်တဲ့စာရွက်စာတမ်းနဲ့ လေယာဉ်ပေါ်တက်ရပါတယ်။
ထိုင်းလေကြောင်းကတော့ သယ်ယူခွင့်ရှိတာ သေချာပါတယ်။
လက်မှတ်လုပ်ချိန်မှာ ခွေးသယ်ယူလိုကြောင်းပြောပြီး
လေကြောင်းလိုင်းကသတ်မှတ်ချက်ကန့်သတ်ညွှန်ကြားမူများကို ယူရပါမယ်။
ခွေးအတွက် ထိုင်ခုံတစ်ခု ဝယ်ယူရပါတယ်။
အကောင်သေးပြီး အလေးချိန် 5 kg မကျော်ရင်
လူနဲ့အတုူလိုက်ပါခွင့်ရှိပါတယ်။
ဒါပေမဲ့ ပေါင်ပေါ်တင် သယ်ယူခွင့်မရှိပါဘူး။
သတ်မှတ်ထားတဲ့ ခြင်းအရွယ်အစားထဲထည့်ပြီး ဘေးခုံမှာတင်ခေါ်ရပါတယ်။
အကောင်ကြီးရင် ကုန်တွေနဲ့အတူ ခွေးအတွက်သတ်မှတ်ထားတဲ့
နေရာတွေကလိုက်ဖို့ ခွေးကိုလူနဲ့ခွဲထည့်လိုက်ရပါတယ်။
နှစ်မျိုးလုံးအတွက် ခေါ်သွားမယ့်ခွေးဟာ ခံနိုင်ရည်ရှိဖို့
ကျန်းမာရေးကောင်းအောင် ပြင်ဆင်ထားဖို့တော့လိုပါတယ်။
အထူးသဖြင့် ကုန်တင်တဲ့အပိုင်းဖက်နဲ့ လိုက်ရမယ့်ခွေးတွေက
လူနဲ့အတူလိုက်ရတဲ့ ခွေးတွေလောက် သိပ်သက်သောင့်သက်သာ
မရှိနိုင်တဲ့အတွက် သူတို့အတွက်ကြိုတင်ကာကွယ်မူ
အကောင်းဆုံးဖြစ်နိုင်တာတွေကို ပြင်ဆင်ထားရပါမယ်။

ဒါကြောင့် ခွေးလေးတွေကို ကိုယ်နဲ့အတူ နိုင်ငံခြားသို့ ခေါ်မဲ့သူများဟာ
ကိုယ်သွားမယ့်နိုင်ငံရဲ့သံရုံးကိုအရင်သွားပြီး သူတို့သတ်မှတ်ထားတဲ့
အချက်အလက်တွေကိုယူပါ။
လေကြောင်းလိုင်းကို မေးပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူပါဘူး။
လေယာဉ်ဆားဗစ်တွေလည်းမတူပါဘူး။ ဆေးစစ်မှုနှင့် သံရုံးလိုအပ်ချက်တွေကို
မြန်မာပြည်မှာ အရင်လုပ်ဖို့ မွေးမြူရေးနှင့် ရေလုပ်ငန်း-
တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှာလုပ်ရပါတယ်။
အဲဒီမှာ ခွေး ကြောင်လေးတွေအတွက်
Microchip နံပတ်ကိုယူရပါတယ် –
တက်တူးဆိုတာက နံပါတ်ပါတဲ့ Microchip အပြားလေးကို
ခွေးလည်ပင်းတစ်ဝိုက် အရေပြားလွှာထဲမှာ ထိုးသွင်းထည့်ပေးလိုက်တာပါ။
တစ်သက်စာ လိုင်စင်မှတ်ပုံတင်ထားလိုက်တဲ့ သဘောပါ။
သူ့ကို နိုင်ငံတကာ ခေါ်သွားလို့ရပါတယ်။
ပတ်စ်ပို့သဘောလည်းဆောင်ပါတယ်။
လေဆိပ်တွေက လည်ပင်းလေးကို စက်နဲ့စစ်ရုံပါဘဲ။
အဲဒီတက်တူးက နိုင်ငံခြားမသွားလည်း လုပ်ထားလို့ရပါတယ်။
အရင်က အင်းစိန်မှာရှိပါတယ်။
နိုင်ငံခြားသွားရင်တော့ စာရွက်စာတမ်း တက်တူးနံပါတ်အကုန်ရဖို့
မသွားခင် တစ်လ အချိန်ယူရပါတယ်။
အဲလိုဘဲ ခွေးတွေနဲ့နိုင်ငံတကာသွားလာနေလို့
မြန်မာပြည်က လမ်းခွေးတွေလည်း ခေါ်လို့ရလို့
နိုင်ငံခြားရောက်နေတဲ့ မြန်မာခွေးတွေ အတော်များများရှိနေပါတယ်။

ခွေးတက်တူးနံပါတ်ယူဖို့ ထည့်ဖို့နဲ့ လိုအပ်တာတွေကို
စနစ်တကျလုပ်ဖို့သိချင်ရင်တော့ စမ်းချောင်းမင်းလမ်းထဲက
“အေး” တိမွေးကုဆေးခန်းက ဒေါက်တာခင်စောသာထံကို
သွားမေးလို့ရပါတယ်။
နိုင်ငံခြားသွားဖို့ ခွေးအတွက်ပြင်ဆင်မူတွေအားလုံးကို
အစိုးရဌာနဆိုင်ရာ တာဝန်ခံဆရာဝန်ဖြစ်သူ
သူနဲ့လုပ်ခဲ့ရတဲ့အတွက် အားလုံးအဆင်ပြေခဲ့ပါတယ်။
ဌာနမှာ အခုလက်ရှိလုပ်မလုပ်တော့မသိပါဘူး။
ဒါပေမဲ့ သူ့ဆေးခန်းဆိုတော့ ခွေးလေးတွေအတွက်
ကျန်းမာရေးစစ်ရင်း သိချင်တာမေးလို့ရနိုင်လောက်ပါတယ်။
သွေးဖောက်သွေးစစ် သွေးပို့ သံရုံးညွှန်ကြားမူတွေကို သူနဲ့လုပ်ခဲ့ရတာပါ။
စမ်းချောင်း မင်းလမ်းမှာ ရှိအုံးမယ်လို့ထင်ပါတယ်။

Credit to-Kitty Puppy Magazine

အိမ်မွေးတိရိစ္ဆာန်ခွေးလေးတွေ ကြောင်လေးတွေ
မွေးချင်လို့ဝယ်ယူချင်တယ်ဆိုရင်တော့
Ads.com.mm မှာ
အောက်ပါလင့်ခ်အတိုင်း
https://www.ads.com.mm/pets
ရောင်းသူနဲ့ တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်နော်။
ပါပီလေးတွေ ကြောင်လေးတွေ အိမ်မှာ အရမ်းများနေလို့
ပြန်ရောင်းချင်တယ်ဆိုရင်တော့
ads.com.mm မှာ အောက်ပါလင့်ခ်အတိုင်း
https://www.ads.com.mm/posts/new
အခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်နော်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s