မိခင္ဖ်ားေနရင္ ကေလးကို ႏို႔ဆက္တိုက္လို႔ရမလား?

blog.png

 

[Zawgyi]

 

အခုလိုမိုးရာသီမွာ ကေလးလူႀကီးအားလံုးဖ်ားတတ္ၾကတယ္။

Super Mom ေတြကေတာ့ အတတ္ႏိုင္ဆံုး မဖ်ားေအာင္စိတ္ကို

ဘယ္လိုပဲတင္းထားထား ခႏၵာကိုယ္က ေတာင့္မခံႏိုင္ေတာ့တဲ့အခါ

သူတို႔လဲဖ်ားၾကတာပဲ။ ကေလးအေမေတြဖ်ားတာနဲ႔

ခ်က္ခ်င္းေတြးမိၾကတာက “ငါႏို႔ဆက္တိုက္လို႔ရပါ့မလား?

ႏို႔ထဲကေနတဆင့္ကေလးကို ကူးမလား?

ေသာက္ရတဲ့ေဆးေတြ ႏို႔ထဲမွာပါၿပီး ကေလးကိုထိမလား?

စသျဖင့္ ေမးခြန္းေတြ အမ်ားႀကီးေပၚလာပါတယ္။

အဲဒီေတာ့ ကၽြန္မက kellymom.com က

Kelly Bonyata ေရးထားတာေလးကို ဘာသာျပန္ေပးထားပါတယ္။

 

မိခင္တစ္ေယာက္ဖ်ားတဲ့အခါ ႏို႔တိုက္တာရပ္ပစ္ဖို႔

လိုအပ္တာမ်ဳိးက ရွားပါတယ္။

မိခင္မွာအေတာ္ျပင္းထန္တဲ့ေရာဂါရွိေနရင္သာ

ခဏ (သို႔မဟုတ္) အၿပီး ႏို႔ုျဖတ္ခိုင္းတာမ်ဳိးရွိပါတယ္။

သာမာန္အဖ်ား၊ သာမာန္အေအးမိ၊ ႏွာေစးေခ်ာင္းဆိုး၊

ဗိုက္နာဗိုက္ေအာင့္ေလာက္ကေတာ့ မိခင္ႏို႔ဆက္တိုက္သင့္ပါတယ္။

ကိုယ္ျပတဲ့ဆရာဝန္ကိုသာ ကေလးရဲ႕အသက္နဲ႔

ကိုယ္ကမိခင္ႏို႔တိုက္ေနေသးေၾကာင္းေျပာျပပါ။

အဲဒါမွသာ သူေပးတဲ့ေဆးကို ကေလးအတြက္ပါအဆင္ေျပေအာင္

ခ်ိန္ဆေပးလို႔ရမွာျဖစ္ပါတယ္။

 

မိခင္က food poison ျဖစ္ေနရင္လဲ ေရာဂါလကၡဏာေတြက

အန္တာတို႔၊ ဝမ္းသြားတာတို႔၊ ဗိုက္ေအာင့္တာတို႔ေလာက္

သာမာန္ဆိုရင္ ကေလးကိုမထိခိုက္ပါဘူး။

ႏို႔ဆက္တိုက္လို႔ရပါတယ္။

မိခင္ျဖစ္တဲ့ food poison က အေတာ္ျပင္းထန္လို႔

ဘက္တီးရီးယားက ေသြးေၾကာေတြထဲထိေရာက္တယ္ဆိုရင္ေတာ့၊

ႏို႔ထဲလဲေရာက္မွာမို႔လို႔ လိုအပ္တဲ့ေဆးကုသမႈနဲ႔ ၫႊန္ၾကားမႈကို ေဆးရံုကဆရာဝန္ေျပာတဲ့အတိုင္းသာလုပ္ပါ။

(မိခင္လဲ ေဆးရံုတက္ေနရေလာက္ပါၿပီ)။

 

မိခင္ဖ်ားေနစဥ္မွာ ကေလးအတြက္ အေကာင္းဆံုးလုပ္ေပးႏိုင္တာက ကေလးကိုမိခင္ႏို႔ဆက္တိုက္ေပးျခင္းပါပဲ။

ကိုယ္က အေအးမိ၊ တုတ္ေကြးလိုမ်ဳိး ကူးတတ္တဲ့

သာမာန္အဖ်ားမ်ဳိးေလာက္ဆိုရင္ ကိုယ္ဖ်ားမွန္း ကိုယ့္ကိုယ္ကိုယ္

သတိမထားခင္မွာကိုပဲ ကိုယ့္ဆီက virus က

ကေလးဆီကို ေရာက္ႏွင့္ေနပါၿပီ။ ကိုယ့္ရဲ႕ႏို႔ကေန အဖ်ားမကူးတဲ့အျပင္

ကေလးဆီေရာက္ႏွင့္ေနတဲ့ virus ကိုတိုက္ထုတ္ဖို႔

မိခင္ရဲ႕ႏို႔က antibodies ထုတ္ေပးပါတယ္။

ကေလးဖ်ားမွာကိုေတာင္ ကာကြယ္ေပးပါတယ္။

သူပါဖ်ားသြားရင္ေတာင္မွ ကိုယ့္ေလာက္မျပင္းထန္ပါဘူး။

 

မိခင္ဖ်ားေနစဥ္ကေလးကိုႏို႔မတိုက္တာက ကေလးကို

ပိုၿပီးဖ်ားေစႏိုင္တဲ့အျပင္ ကေလးကႏို႔မစို႔ရလို႔ မအီမသာျဖစ္၊ ငိုယိုဂ်ီက်၊ အာဟာရေလ်ာ့တာပဲရွိပါတယ္။

 

ကိုယ္ဖ်ားေနစဥ္ ကေလးကိုမကူးေစဖို႔ ပံုမွန္လုပ္ေနက်ျဖစ္တဲ့

မၾကာခဏလက္ေဆးတာ၊ ေခ်ာင္းဆိုး ႏွာေခ်ရင္အုပ္ၿပီးေခ်တာမ်ဳိးလုပ္ပါ။

 

ဖ်ားေနစဥ္မွာ ႏို႔တိုက္တဲ့အႀကိမ္ေရနည္းသြားလို႔

ႏို႔ထြက္နည္းတာမ်ဳိးမျဖစ္ရေအာင္ အရည္မ်ားမ်ားေသာက္ပါ။

ႏို႔ပံုမွန္တိုက္ပါ။

 

Credit #JessicaMozart #A _Cool_ Mom

မိခင္မ်ားအေနနဲ႕ ေဘဘီေလးေတြအတြက္

လိုအပ္တဲ့အသံုးအေဆာင္ပစၥည္းေလးေတြဝယ္ခ်င္ရင္

Ads.com.mm မွာ ေအာက္ပါလင့္ခ္အတိုင္းသြားၿပီးေတာ့

https://www.ads.com.mm/toys-kid-stuff

ဝင္ေရာက္ၾကည့္ရႈနိုင္ပါတယ္ေနာ္။

ေဘဘီေလးေတြက အရြယ္ေရာက္သြားလို႕

အသံုးအေဆာင္ပစၥည္းေလးေတြ ပိုေနတယ္ဆိုရင္ေတာ့

ေအာက္ပါလင့္ခ္အတိုင္းသြားၿပီး

https://www.ads.com.mm/posts/new

အခမဲ့ေႀကာ္ျငာတင္နိုင္ပါၿပီေနာ္။

 

#SellAndBuyEverything #Adscommm #Mom

 

– – – – – – – – – – – – – – – – – –  – – – – – – – – – – –

 

[Unicode]

 

အခုလိုမိုးရာသီမှာ ကလေးလူကြီးအားလုံးဖျားတတ်ကြတယ်။

Super Mom တွေကတော့ အတတ်နိုင်ဆုံး မဖျားအောင်စိတ်ကို

ဘယ်လိုပဲတင်းထားထား ခန္ဒာကိုယ်က တောင့်မခံနိုင်တော့တဲ့အခါ

သူတို့လဲဖျားကြတာပဲ။ ကလေးအမေတွေဖျားတာနဲ့

ချက်ချင်းတွေးမိကြတာက “ငါနို့ဆက်တိုက်လို့ရပါ့မလား?

နို့ထဲကနေတဆင့်ကလေးကို ကူးမလား?

သောက်ရတဲ့ဆေးတွေ နို့ထဲမှာပါပြီး ကလေးကိုထိမလား?

စသဖြင့် မေးခွန်းတွေ အများကြီးပေါ်လာပါတယ်။

အဲဒီတော့ ကျွန်မက kellymom.com က

Kelly Bonyata ရေးထားတာလေးကို ဘာသာပြန်ပေးထားပါတယ်။

မိခင်တစ်ယောက်ဖျားတဲ့အခါ နို့တိုက်တာရပ်ပစ်ဖို့

လိုအပ်တာမျိုးက ရှားပါတယ်။

မိခင်မှာအတော်ပြင်းထန်တဲ့ရောဂါရှိနေရင်သာ

ခဏ (သို့မဟုတ်) အပြီး နို့ဖြတ်ခိုင်းတာမျိုးရှိပါတယ်။

သာမာန်အဖျား၊ သာမာန်အအေးမိ၊ နှာစေးချောင်းဆိုး၊

ဗိုက်နာဗိုက်အောင့်လောက်ကတော့ မိခင်နို့ဆက်တိုက်သင့်ပါတယ်။

ကိုယ်ပြတဲ့ဆရာဝန်ကိုသာ ကလေးရဲ့အသက်နဲ့

ကိုယ်ကမိခင်နို့တိုက်နေသေးကြောင်းပြောပြပါ။

အဲဒါမှသာ သူပေးတဲ့ဆေးကို ကလေးအတွက်ပါအဆင်ပြေအောင်

ချိန်ဆပေးလို့ရမှာဖြစ်ပါတယ်။

မိခင်က food poison ဖြစ်နေရင်လဲ ရောဂါလက္ခဏာတွေက

အန်တာတို့၊ ဝမ်းသွားတာတို့၊ ဗိုက်အောင့်တာတို့လောက်

သာမာန်ဆိုရင် ကလေးကိုမထိခိုက်ပါဘူး။

နို့ဆက်တိုက်လို့ရပါတယ်။

မိခင်ဖြစ်တဲ့ food poison က အတော်ပြင်းထန်လို့

ဘက်တီးရီးယားက သွေးကြောတွေထဲထိရောက်တယ်ဆိုရင်တော့၊

နို့ထဲလဲရောက်မှာမို့လို့ လိုအပ်တဲ့ဆေးကုသမှုနဲ့ ညွှန်ကြားမှုကို ဆေးရုံကဆရာဝန်ပြောတဲ့အတိုင်းသာလုပ်ပါ။

(မိခင်လဲ ဆေးရုံတက်နေရလောက်ပါပြီ)။

မိခင်ဖျားနေစဉ်မှာ ကလေးအတွက် အကောင်းဆုံးလုပ်ပေးနိုင်တာက ကလေးကိုမိခင်နို့ဆက်တိုက်ပေးခြင်းပါပဲ။

ကိုယ်က အအေးမိ၊ တုတ်ကွေးလိုမျိုး ကူးတတ်တဲ့

သာမာန်အဖျားမျိုးလောက်ဆိုရင် ကိုယ်ဖျားမှန်း ကိုယ့်ကိုယ်ကိုယ်

သတိမထားခင်မှာကိုပဲ ကိုယ့်ဆီက virus က

ကလေးဆီကို ရောက်နှင့်နေပါပြီ။ ကိုယ့်ရဲ့နို့ကနေ အဖျားမကူးတဲ့အပြင်

ကလေးဆီရောက်နှင့်နေတဲ့ virus ကိုတိုက်ထုတ်ဖို့

မိခင်ရဲ့နို့က antibodies ထုတ်ပေးပါတယ်။

ကလေးဖျားမှာကိုတောင် ကာကွယ်ပေးပါတယ်။

သူပါဖျားသွားရင်တောင်မှ ကိုယ့်လောက်မပြင်းထန်ပါဘူး။

မိခင်ဖျားနေစဉ်ကလေးကိုနို့မတိုက်တာက ကလေးကို

ပိုပြီးဖျားစေနိုင်တဲ့အပြင် ကလေးကနို့မစို့ရလို့ မအီမသာဖြစ်၊ ငိုယိုဂျီကျ၊ အာဟာရလျော့တာပဲရှိပါတယ်။

ကိုယ်ဖျားနေစဉ် ကလေးကိုမကူးစေဖို့ ပုံမှန်လုပ်နေကျဖြစ်တဲ့

မကြာခဏလက်ဆေးတာ၊ ချောင်းဆိုး နှာချေရင်အုပ်ပြီးချေတာမျိုးလုပ်ပါ။

ဖျားနေစဉ်မှာ နို့တိုက်တဲ့အကြိမ်ရေနည်းသွားလို့

နို့ထွက်နည်းတာမျိုးမဖြစ်ရအောင် အရည်များများသောက်ပါ။

နို့ပုံမှန်တိုက်ပါ။

Credit #JessicaMozart #A _Cool_ Mom

မိခင်များအနေနဲ့ ဘေဘီလေးတွေအတွက်

လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းလေးတွေဝယ်ချင်ရင်

Ads.com.mm မှာ အောက်ပါလင့်ခ်အတိုင်းသွားပြီးတော့

https://www.ads.com.mm/toys-kid-stuff

ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

ဘေဘီလေးတွေက အရွယ်ရောက်သွားလို့

အသုံးအဆောင်ပစ္စည်းလေးတွေ ပိုနေတယ်ဆိုရင်တော့

အောက်ပါလင့်ခ်အတိုင်းသွားပြီး

https://www.ads.com.mm/posts/new

အခမဲ့ကြော်ငြာတင်နိုင်ပါပြီနော်။

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s