“ပြုစုပျိုးထောင်ခြင်း အနုပညာ”

blog.png

 

[Zawgyi]

သားကို လွတ်လပ်တဲ့သူ အဖြစ်ပဲကြီးပြင်းစေချင်တာ

– – – – – – – – – – – – – – – – – – – – – – – –

သားလေးဟာ တစ်နေ့ကြီးပြင်းလာတဲ့အခါ…ဆိုတာကို သားရဲ့ခြေဖ၀ါးနုနုနီနီလေးတွေကို မြင်တွေ့ရတဲ့အချိန်ကစပြီး စဉ်းစားလာခဲ့တာ ဒီကနေ့ထိပါပဲ။

နို့ချို့တိုက်ကျွေးတဲ့အခါ အမေကို မော့မော့ကြည့်ပြီး

ပြုံးပြတဲ့သားရဲ့အပြုံးကို ငေးကြည့်ရင်း အမေ့ရင်ထဲ သားမှသားဆိုတဲ့အသိက နက်ရှိုင်းခဲ့တယ်။


တဖြည်းဖြည်းနဲ့ကြီးပြင်းလာတာကို ငေးကြည့်ရင်း မေမေ့သားကို ဘယ်လို သားမျိုး ဖြစ်စေချင်သလဲဆိုတဲ့မေးခွန်းကိုယ့်ကိုယ်ကို စမေးဖြစ်တော့တာပါပဲ။

သားကို ချစ်တဲ့စိတ်နဲ့ သနပ်ခါးလူးပေးတာကစလို့အကျီင်္လေး၊

ဘောင်းဘီကလေး ၀တ်ပေးတာအဆုံး ထမင်းခွံ့ကျွေးတာတွေကို

သားလေး  လေးနှစ်ကျော်တာနဲ့ ကျွန်မ ရပ်ပစ်လိုက်တယ်။

အရာရာမှာ အမေကိုသာ အားကိုးတတ်တဲ့သားဖြစ်သွားမှာ စိုးရိမ်လို့။

 

အဲဒါနဲ့ သားလေးကို သူ့ကျောပိုးအိတ် သူလွယ်ပြီး

သူ့ထမင်းချိုင့်လေး သူဆွဲလို့။ သူ့ဟာသူ ဖိနပ်စီးပြီး


အမေ မရှိလည်း လောကအလယ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမားရပ်ပြီး
ရှင်သန်နိုင်ဖို့ သားလေး ၅ နှစ်အရွယ်ကတည်းက စတင်လေ့ကျင့်ပေးလိုက်တာ။

 

အလယ်တန်းအရွယ်ရောက်တော့မီးဖိုချောင်ထဲ ၀င်ဖို့စဉ်းစားလာတယ်။
ယောက်ျားလေး မီးဖိုချောင်ထဲဝင်စရာမလိုဘူး …လို့ ကျွန်မ မပြောပါဘူး။
သားချစ်တဲ့ဇနီးနဲ့သားသမီးတွေကို စိတ်လိုလက်ရနဲ့ ချက်ကျွေးတတ်ဖို့ 

သားလေး လေ့ကျင့်ဖို့လိုတယ်လေ။




သားချက်တဲ့ဟင်းဟာ ကျွန်မအတွက် အရသာအရှိဆုံးပေါ့။

ဒါပေမဲ့ သားဟာ ထမင်းဝိုင်းမှာ အမေ့ကိုချည်း

ဦးစားပေးတဲ့သား မဖြစ်စေဖို့၊ မျှမျှတတ စဉ်းစားပေးနိုင်တဲ့သားဖြစ်စေဖို့

ကျွန်မရဲ့လောဘတွေကိုတော့ လျော့မှ ဖြစ်မယ်။


နေ့လည်စာ ပြင်ပေးတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ် ကျွန်မရင်ထဲမှာ ကျေနပ်ပီတိ ဖြစ်လိုက်တာ။
နေထိုင်မကောင်းတဲ့အခါ သားတိုက်တဲ့ဆေးကြောင့်သက်သာသွားရတာမဟုတ်ဘူး၊ သားရဲ့ဂရုစိုက်မှုနဲ့အကြင်နာကြောင့်အမေသက်သာသွားတာလို့

ပြောချင်ပေမဲ့ နှုတ်ခမ်းကို ဖိကိုက်ထားမိတယ်။

အမေ နေမကောင်းဘူးလို့ကြားတဲ့အခါ သားလေး ပြေးလာမိနေမှာ စိုးလို့။

 

သား လူပျိုပေါက်အရွယ်မှာ ကောင်မလေး သူငယ်ချင်းရှိတယ်ဆိုတော့

စိတ်ထဲ အောင့်ခနဲ ဖြစ်သွားတာကို သူ့အဖေ မသိလိုက်ပေမဲ့ ကျွန်မသိလိုက်တယ်။


အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ပြုကြတဲ့အခါ
အမေ့ကို ထားခဲ့ဖို့ တွန့်ဆုတ်သွားမှာ စိုးလို့ပါ။

 

ကျွန်မ မဖြစ်ချင်တဲ့ မေမေ ဘ၀ဆိုတာကို သားလေးငယ်ကတည်းက


သားအပေါ်ကို သ၀န်တိုတတ်တဲ့အမေမျိုး ကျွန်မ မဖြစ်ချင်ဘူး။
သားရဲ့ဦးစားပေး နံပါတ်တစ်ကို သာ လိုချင်တဲ့အမေမျိုး ကျွန်မမဖြစ်ချင်ဘူး။
သားသွားမယ့်ခရီးမှာ နောက်ဆံတင်းနေရလို့


သားကို ချစ်တဲ့မိန်းကလေးတွေကို မနှစ်သက်နိုင်တဲ့ အမေမျိုးလည်း မဖြစ်ချင်ဘူး။

သားကိုလည်း မိဘနဲ့ဇနီးကြားဗျာများရမဲ့သားမျိုး မဖြစ်စေချင်ဘူး။
သားဟာ အရာရာတိုင်းကို စိတ်ဆန္ဒရှိသလို လွတ်လပ်စွာ တွေးခေါ်နိုင်တဲ့သား၊
သားဟာ အရာရာတိုင်းမှာ မျှမျှတတ ဆောင်ရွက်နို်င်တဲ့သား။
သားဟာ အရာရာတိုင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်ကျေနပ်စွာနဲ့

လုပ်ဆောင်နိုင်တဲ့သား အဖြစ်သာ ကျွန်မက မျှော်လင့်ချင်တာ။

အဲဒါကြောင့် သားအတွက် ကျွန်မက ဘယ်လိုဝန်ထုတ်ဝန်ပိုးမျိုးကိုမှ


Credit #မေသင်္ကြန်ဟိန်(မြစ်မခ)

 

#SellAndBuyEverything #Adscommm #Mom

 

– – – – – – – – – – – – – – – – – – – – – –

 

[Unicode]

 

သားကိုု လွတ်လပ်တဲ့သူ အဖြစ်ပဲကြီးပြင်းစေချင်တာ

– – – – – – – – – – – – – – –

 

သားလေး မွေးတော့ကျွန်မစိတ်ထဲမှာ အားဖြစ်ခဲ့ရတယ်။

သားလေးဟာ တစ်နေ့ကြီးပြင်းလာတဲ့အခါ…ဆိုုတာကိုု သားရဲ့ခြေဖဝါးနုုနုုနီနီလေးတွေကိုု မြင်တွေ့ရတဲ့အချိန်ကစပြီး စဉ်းစားလာခဲ့တာ ဒီကနေ့ထိပါပဲ။

နိုု့ချို့တိုုက်ကျွေးတဲ့အခါ အမေကိုု မော့မော့ကြည့်ပြီး

ပြုံးပြတဲ့သားရဲ့အပြုံးကိုု ငေးကြည့်ရင်း အမေ့ရင်ထဲ သားမှသားဆိုုတဲ့အသိက နက်ရှိုင်းခဲ့တယ်။

သားလေးက လေးဘက်ထောက်၊ လမ်းလျှောက်ရင်း…

တဖြည်းဖြည်းနဲ့ကြီးပြင်းလာတာကိုု ငေးကြည့်ရင်း မေမေ့သားကိုု ဘယ်လိုု သားမျိုး ဖြစ်စေချင်သလဲဆိုုတဲ့မေးခွန်းကိုုယ့်ကိုုယ်ကိုု စမေးဖြစ်တော့တာပါပဲ။

သားကိုု ချစ်တဲ့စိတ်နဲ့ သနပ်ခါးလူးပေးတာကစလိုု့အကျီၤလေး၊

ဘောင်းဘီကလေး ဝတ်ပေးတာအဆုံုး ထမင်းခွံ့ကျွေးတာတွေကိုု

သားလေး  လေးနှစ်ကျော်တာနဲ့ ကျွန်မ ရပ်ပစ်လိုုက်တယ်။

အရာရာမှာ အမေကိုုသာ အားကိုုးတတ်တဲ့သားဖြစ်သွားမှာ စိုုးရိမ်လိုု့။

 

သူ့ဟာသူ ထမင်းစားတတ်အောင် လေ့ကျင့်ပေးတယ်။

အဲဒါနဲ့ သားလေးကိုု သူ့ကျောပိုုးအိတ် သူလွယ်ပြီး

သူ့ထမင်းချိုင့်လေး သူဆွဲလိုု့။ သူ့ဟာသူ ဖိနပ်စီးပြီး

ကျောင်းသွားတတ်တဲ့ကလေးဖြစ်အောင် လေ့ကျင့်ပေးခဲ့မိတယ်။

အမေ မရှိလည်း လောကအလယ်မှာ ကိုုယ့်ခြေထောက်ပေါ် ကိုုယ်မားမားရပ်ပြီး

ရှင်သန်နိုုင်ဖိုု့ သားလေး ၅ နှစ်အရွယ်ကတည်းက စတင်လေ့ကျင့်ပေးလိုုက်တာ။

 

အလယ်တန်းအရွယ်ရောက်တော့မီးဖိုုချောင်ထဲ ဝင်ဖိုု့စဉ်းစားလာတယ်။

ယောကျ်ားလေး မီးဖိုုချောင်ထဲဝင်စရာမလိုုဘူး …လိုု့ ကျွန်မ မပြောပါဘူး။

သားချစ်တဲ့ဇနီးနဲ့သားသမီးတွေကိုု စိတ်လိုုလက်ရနဲ့ ချက်ကျွေးတတ်ဖိုု့

သားလေး လေ့ကျင့့်ဖိုု့လိုုတယ်လေ။

သားက သူတတ်တာလေးနဲ့ကျွန်မကြိုက်တတ်တဲ့

ထမင်းကြော်မျိုး ကြော်ကျွေးတတ်တယ်။

ထမင်းဟင်းချက်ကျွေးလာတယ်။

သားချက်တဲ့ဟင်းဟာ ကျွန်မအတွက် အရသာအရှိဆုံုးပေါ့။

ဒါပေမဲ့ သားဟာ ထမင်းဝိုုင်းမှာ အမေ့ကိုုချည်း

ဦးစားပေးတဲ့သား မဖြစ်စေဖိုု့၊ မျှမျှတတ စဉ်းစားပေးနိုုင်တဲ့သားဖြစ်စေဖိုု့

ကျွန်မရဲ့လောဘတွေကိုုတော့ လျော့မှ ဖြစ်မယ်။

သားက ကျွန်မအတွက် နံနက်စာ ပြင်ပေးတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ်၊

နေ့လည်စာ ပြင်ပေးတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ် ကျွန်မရင်ထဲမှာ ကျေနပ်ပီတိ ဖြစ်လိုုက်တာ။

နေထိုုင်မကောင်းတဲ့အခါ သားတိုုက်တဲ့ဆေးကြောင့်သက်သာသွားရတာမဟုုတ်ဘူး၊ သားရဲ့ဂရုုစိုုက်မှုနဲ့အကြင်နာကြောင့်အမေသက်သာသွားတာလိုု့

ပြောချင်ပေမဲ့ နှုတ်ခမ်းကိုု ဖိကိုုက်ထားမိတယ်။

အမေ နေမကောင်းဘူးလိုု့ကြားတဲ့အခါ သားလေး ပြေးလာမိနေမှာ စိုုးလိုု့။

 

သား လူပျိုပေါက်အရွယ်မှာ ကောင်မလေး သူငယ်ချင်းရှိတယ်ဆိုုတော့

စိတ်ထဲ အောင့်ခနဲ ဖြစ်သွားတာကိုု သူ့အဖေ မသိလိုုက်ပေမဲ့ ကျွန်မသိလိုုက်တယ်။

ဒါပေမဲ့ သားသိအောင် မပြောတော့ဘူး၊

အချိန်တန်အရွယ်ရောက်လိုု့ အိမ်ထောင်ပြုကြတဲ့အခါ

အမေ့ကိုု ထားခဲ့ဖိုု့ တွန့်ဆုုတ်သွားမှာ စိုုးလိုု့ပါ။

 

ကျွန်မ မဖြစ်ချင်တဲ့ မေမေ ဘဝဆိုုတာကိုု သားလေးငယ်ကတည်းက

စိတ်ကူးထဲမှာ ပြဋ္ဌာန်းခဲ့ပြီးသားပါ။

သားအပေါ်ကိုု သဝန်တိုုတတ်တဲ့အမေမျိုး ကျွန်မ မဖြစ်ချင်ဘူး။

သားရဲ့ဦးစားပေး နံပါတ်တစ်ကိုု သာ လိုုချင်တဲ့အမေမျိုး ကျွန်မမဖြစ်ချင်ဘူး။

သားသွားမယ့်ခရီးမှာ နောက်ဆံတင်းနေရလိုု့

လှည့်လှည့်ကြည့်ပေးရတဲ့အမေမျိုး ကျွန်မ မဖြစ်ချင်ဘူး။

သားကိုု ချစ်တဲ့မိန်းကလေးတွေကိုု မနှစ်သက်နိုုင်တဲ့ အမေမျိုးလည်း မဖြစ်ချင်ဘူး။

သားကိုုလည်း မိဘနဲ့ဇနီးကြားဗျာများရမဲ့သားမျိုး မဖြစ်စေချင်ဘူး။

သားဟာ အရာရာတိုုင်းကိုု စိတ်ဆန္ဒရှိသလိုု လွတ်လပ်စွာ တွေးခေါ်နိုုင်တဲ့သား၊

သားဟာ အရာရာတိုုင်းမှာ မ ျှမ ျှတတ ဆောင်ရွက်နိုု်င်တဲ့သား။

သားဟာ အရာရာတိုုင်းမှာ ကိုုယ့်ကိုုယ်ကိုု ယုံုကြည်ကျေနပ်စွာနဲ့

လုုပ်ဆောင်နိုုင်တဲ့သား အဖြစ်သာ ကျွန်မက မျှော်လင့်ချင်တာ။

အဲဒါကြောင့် သားအတွက် ကျွန်မက ဘယ်လိုုဝန်ထုုတ်ဝန်ပိုုးမျိုးကိုုမှ

မဖြစ်စေတဲ့ ပေါ့ပါးလွတ်လပ်စေတဲ့ အမေမျိုး ပဲ ဖြစ်ချင်တာပါ။

#မေသင်္ကြန်ဟိန်(မြစ်မခ)

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s