“ခွန်အားဗလမောင် ကွီး သားပိုက်ကောင်”
bl1.png
[Zawgyi]
[Unicode]
ခုခေတ်မှာ လူတွေပဲ Six Pack ထွက်အောင် ကစားကြတာမဟုတ်ပါဘူး။
ကြွက်သားအပြည့်နဲ့ ဗလကြီးကြီး သားပိုက်ကောင်တစ်ကောင်လည်း
ရှိပါသေးတယ်။ သူကတော့ သြစတြေးလျတိုက် အဲလစ်စပရင်းစ်မြို့ရှိ
သားပိုက်ကောင်ဘေးမဲ့တောမှာ နေထိုင်တဲ့ “ရိုဂျာ” (Roger) ပါ။
သူဟာ အနီရောင်သားပိုက်ကောင်မျိုးဖြစ်ပြီး အခုဆိုရင် ကိုးနှစ်သားအရွယ်ရှိပြီးတော့
အရပ်ကတော့ ၂မီတာခန့်ရှိပြီး ကိုယ်အလေးချိန်ကတော့ဖြင့် ၉ဝကီလိုရှိပါတယ်။
jo.png
[Zawgyi]
သူက အရှက်ကြီးပါတယ်။
[Unicode]
သူ့ကို ၂၀၀၆ခုနှစ်တုန်းက သေနေတဲ့ သူ့အမေသားပိုက်ကောင်ကြီးရဲ့
ဘေးမှာ တွေ့ရှိခဲ့ပြီး ဘေးမဲ့တော မန်နေဂျာ “ခရစ်ဘန်းန်စ်” (Chrish Barnes) က
ကယ်ဆယ်မွေးစားခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ လက်မောင်းကြွက်သားတွေက သန်မာသလောက်
သူက အရှက်ကြီးပါတယ်။
သူ့ကို တည့်တည့်ကြီးကြည့်ရင် မကြိုက်ပါဘူး။
သူဟာ သားပိုက်ကောင်အမလေးတွေအတွက်တော့
သူရဲကောင်းကိုကိုတစ်ယောက်လိုပါပဲ။
သားပိုက်ကောင်အမတွေနား သူစိမ်းတွေချည်းကပ်လာပြီဆိုတာနဲ့
တိုက်ခိုက်တတ်လေ့ရှိပါတယ်။
bl3.png
[Zawgyi]
[Unicode]
“သူ့ရဲ့ ပြိုင်ဘက်တွေကို ထိုးခြင်းနဲ့ ကျွန်မကို လိုက်ဖမ်းတာဟာ
သူ့ရဲ့ နေ့စဉ် လေ့ကျင့်ခန်းဖြစ်ပါတယ်”လို့
သူ့ရဲ့ လူသားအမေဖြစ်သူ ဘရောလ်ဂါ (Brolga) က
Mail Australia ကို ပြောခဲ့ပါတယ်။
သူဟာ သတ္တုပုံးတွေကို ကြိတ်ချေရတာကိုလည်း သဘောကျသူတစ်ဦးဖြစ်ပါတယ်။
bl.png
#SellAndBuyEverything #Adscommm #Pets #Kangroo #Roger
သူဟာ လူမိုက်ကြီးလိုလိုအကြည့်နဲ့ ကြည့်တတ်ပေမယ့်
တစ်ခါတုန်းက သူ့ရဲ့ နူးညံ့တဲ့စိတ်ကို လှစ်ပြခဲ့ဖူးပါတယ်။
သူ့ရဲ့ ပရိတ်သတ်တစ်ယောက်က ပေးတဲ့ ယုန်ရုပ်လေးကို
ပွေ့ပိုက်ထားတဲ့ဟန်ကို အောက်က ပုံမှာ ရှုစားနိုင်ပါတယ်။
ဓာတ်ပုံလည်းရိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ယုန်ရုပ်ကို မြေကြီးပေါ်ပစ်ချပြီး
ကန်ကျောက်ခဲ့တယ်လို့ ဆိုပါတယ်။
လူမှုကွန်ယက်တွေမှာ ရိုဂျာဟာ စတားတစ်ယောက်ဖြစ်လာတာနဲ့အမျှ
သူကျက်စားတဲ့ ဘေးမဲ့တောရှိ တောရိုင်းတိရစ္ဆာန်တွေအတွက်
ဆေးရုံတည်ဆောက်မှု ကုန်စကျစရိတ် ရန်ပုံငွေတိုးလာဖို့ မျှော်လင့်ထားကြောင်း
Brolga က ပြောပါတယ်။
Ads.com ပရိတ်သတ်ကြီးအနေနဲ့ အိမ်မွေးတိရိစ္ဆာန်အလိမ္မာတုံးလေးတွေကို
ဝယ်ယူချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်အတိုင်းသွားပြီး
https://www.ads.com.mm/pets
ဝယ်ယူနိုင်ပါတယ်လို့ကြော်ငြာဝင်လိုက်ပါရစေနော်။
သားသားမီးမီးတွေ များနေလို့ ပြန်ရောင်းချင်တယ်ဆိုရင်တော့
အောက်ပါလင့်ခ်အတိုင်းသွားပြီး
https://www.ads.com.mm/posts/new
အခမဲ့ကြော်ငြာတင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေနော်။
Advertisements
Author: Jasmine
Digital Marketer, Blogger
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s