“အိပ္ရာထဲ ရွဴးေပါက္ခ်တတ္တဲ့ကေလးေတြ”

b

[Zawgyi]

ကေလးေတြ အိပ္ရာထဲ ရွဴးွရွဴးေပါက္ခ်တဲ့အခါ
ေရွးလူႀကီးေတြ ေျပာႀကတာက
မီးေသြးမီးဖိုကို ရွိခိုးျပီးဆုေတာင္းရတယ္တဲ့။ 
အဲဒီအေတြးရဲ႕ ေနာက္ကြယ္က ယထာဘူတက်မႈကို 
စဥ္းစားမိတယ္။ 
ဘာအတြက္လဲ။ သက္ေသမျပႏိုင္တဲ့ အယူအဆေတြနဲ႕ 
ဟုတ္ႏိုးႏိုးေလ်ာက္လုပ္ေနၾကတာကို စိတ္ေမာမိတယ္။ 
ဒီေလာက္နားလည္ေအာင္ ရွင္းျပေျပာျပေနတဲ့ၾကားက 
ဒါမ်ိဳးေတြေတြ႕ေနရတာလည္း စိတ္ပ်က္တယ္။
ကေလးေတြဟာ အသက္၃ႏွစ္ေလာက္အထိ 
အိပ္ရာထဲ ရွဴးေပါက္ခ်တတ္တယ္။ 
စိတ္ပူစရာမရွိဘူး။ အသက္၆ႏွစ္ေက်ာ္တဲ့အထိ
ေပါက္ခ်ေနတုန္းပဲဆိုရင္ေတာ့ တစ္ခုခုလုပ္ဖို႕လိုျပီ။ 
အသက္ၾကီးတဲ့အထိ ေပါက္ေနရင္ 
သူ႕မွာ ေရာဂါတစ္ခုခုရွိေနလို႕လည္း
ျဖစ္ႏိုင္တဲ့အတြက္ ေသခ်ာစစ္ေဆးသင့္တယ္။ 
အိပ္ရာထဲ ရွဴးေပါက္ခ်တာဟာ မ်ိဳးရိုးလည္း လိုက္တတ္တယ္။ 
အဲဒါေၾကာင့္ မိဘေတြမွာ ငယ္ငယ္တုန္းက ဒီလိုမ်ိဳးျဖစ္ဖူးသလား 
ထည့္စဥ္းစားရမယ္။ 
ေယာက်ာ္းကေလးေတြမွာ ပိုျဖစ္တတ္တယ္။
ADHD ရွိတဲ့ကေလးငယ္ေတြမွာ ပိုျဖစ္တတ္တယ္။

ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႕ ျပရမလဲဆိုတာ သိရမယ္
– – – – – – – – – – – – – –

(၁) အသက္၆ႏွစ္ေက်ာ္တဲ့အထိ ေပါက္ခ်ေနရင္
(၂) ညဘက္ရွဴးမေပါက္ခ်ဘဲ အၾကာၾကီးအဆင္ေျပေနျပီးမွ ျပန္ေပါက္ခ်ရင္
(၃) ဆီးအေရာင္ေျပာင္းေနရင္ (ပန္းေရာင္ အနီေရာင္သန္းေနတာမ်ိဳး)၊ 
ဆီးက်င္ရင္၊ အိပ္ေနရင္း ေဟာက္ရင္၊ 
ပံုမွန္နဲ႕မတူဘဲ ေရအရမ္းေသာက္လာရင္
ဆရာဝန္နဲ႕ ျပရပါမယ္။

ကိုယ့္ဘာသာ အိမ္မွာ ဘာေတြလုပ္ၾကည့္ႏိုင္သလဲ
– – – – – – – – – – – – –

(၁) ညအိပ္ကာနီး ကေလးကို ဆီးသြားခိုင္းပါ။

(၂) ညေနဘက္ အရည္မ်ားမ်ားေပးမေသာက္ပါနဲ႕။ 
အထူးသျဖင့္ အိပ္ကာနီးေပးမေသာက္ပါနဲ႕။ 
အထူးသျဖင့္ ကဖိန္းပါတဲ့ ေဖ်ာ္ရည္ေတြ 
(ေကာ္ဖီ လက္ဘက္ရည္နဲ႕ အခ်ိဳရည္ေတြ) လံုးဝေပးမေသာက္ပါနဲ႕။

(၃) အိပ္ရာေပၚမွာ ေသးစိုခံတဲ့ ပလတ္စတစ္ျပားေလး အုပ္ထားေပးပါ။

(၄) အိပ္ရာထဲ ေသးေပါက္တဲ့ကေလးေတြအတြက္ လုပ္ထားေပးတဲ့ 
ႏိႈးစက္ကေလးေတြ ရွိတယ္။ က်မတို႕ဆီမွာေတာ့ ရွိခ်င္မွ ရွိမွာမို႕လို႕ 
အက်ယ္မေျပာေတာ့ဘူးေနာ္။ သိခ်င္ရင္ bed wetting alarm လို႕ 
ရိုက္ျပီး ရွာၾကည့္ပါ။

ဘာေၾကာင့္ျဖစ္တာလဲ။ ျဖစ္ႏိုင္ေခ်ေတြ အမ်ားၾကီးထဲက 
အျဖစ္အမ်ားဆံုးအေၾကာင္းရင္းေတြက –

(၁) ဆီးလမ္းေၾကာင္းပိုးဝင္တာ

(၂) စိတ္ဖိစီးမႈမ်ားတာ (ဥပမာ – မိဘက ကေလးငယ္တစ္ေယာက္
ထပ္ေမြးထားတာ၊ ေက်ာင္းမွာ စိတ္ညစ္စရာရွိေနတာ စသည္ျဖင့္)

(၃) ဝမ္းခ်ဳပ္တာ

(၄) ဆီးခ်ိဳေရာဂါေၾကာင့္ျဖစ္တာ

(၅) ညဘက္အိပ္ေနရင္း အသက္ရွဴလမ္းေၾကာင္းပိတ္တာ (Sleep apnea)

ကေလးကို ဘယ္လိုကူညီအားေပးႏိုင္သလဲ
– – – – – – – – – – – – – – – – –

(၁) ကေလးကို လံုးဝမဆူပါနဲ႕။ ေနာက္တစ္ခါေပါက္ခ်ရင္ 
ဘာျဖစ္မယ္ညာျဖစ္မယ္ ဖိအားမေပးပါနဲ႕။ အဲဒီစကားေတြဟာ 
ကူညီရာလံုးဝမေရာက္တဲ့အျပင္ ပိုဆိုးေစပါတယ္။

(၂) ကိုယ္ငယ္ငယ္က ဒါမ်ိဳးျဖစ္ခဲ့ဖူးရင္ သူ႕ကိုေျပာျပပါ။
ဒါဟာ သူတစ္ေယာက္ထဲမွာ ျဖစ္ေနတာမဟုတ္ဘူးဆိုတာကို 
သူေသခ်ာသိပါေစ။

(၃) ညဘက္တစ္ၾကိမ္ ႏွစ္ၾကိမ္ နာရီႏိႈးစက္ေပးထားျပီး ေသးတည္ေပးပါ။ 
အဲဒီအခါမွာလည္း အိပ္ရာေပၚမွာပဲ ေသးအိုးေလးနဲ႕ မေပါက္ခိုင္းပါနဲ႕။ 
သူ႕ဘာသာ အိမ္သာကို လမ္းေလွ်ာက္သြားခိုင္းျပီး ေပါက္ခိုင္းပါ။

(၄) ဆုေပးစနစ္ေလးလုပ္ေပးပါ။ ဒဏ္ေပးစနစ္မပါဘူးေနာ္။ 
ရွဴးမေပါက္ခ်တဲ့ ေန႕ဆိုရင္ သူ႕ကို ခ်ီးမြမ္းပါ။ 
သူၾကိဳက္တာေလးတစ္ခုေပးတဲ့ ဆုေပးစနစ္လုပ္ထားပါ။

(၅) ကေလးကို ဒီကိစၥနဲ႕ ပတ္သက္ျပီး မိသားစုေဆြမ်ိဳးၾကားမွာ 
လံုးဝမစေနာက္ပါနဲ႕။ 
သူ႕ကို ပိုအရွက္ရေစမယ့္ကိစၥကို ေရွာင္ပါ။ 
သူရွဴးေပါက္ခ်တဲ့အေၾကာင္း သူမ်ားေတြကို 
ေလွ်ာက္ေျပာတာမ်ိဳး လံုးဝမလုပ္ပါနဲ႕။

(၆) ကေလးကို အိပ္ရာထဲ ရွဴးမေပါက္ခ်ေအာင္လုပ္ဖို႕ 
သူကိုယ္တိုင္ၾကိဳးစားမွ ရမယ္ဆိုတာ ေသခ်ာရွင္းျပပါ။ 
ကိုယ္ကအတတ္ႏိုင္ဆံုး ကူညီေပးမယ္ဆိုတာလည္း ရွငး္ျပပါ။

(၇) ေသးစိုအဝတ္၊ အိပ္ရာခင္းစတာေတြ သန္႕ရွင္းရာမွာ 
ကေလးကိုပါ ကူညီခုိင္းပါ။ အျပစ္ေပးတဲ့အေနနဲ႕၊
ေဒါသနဲ႕ ကိုယ္လုပ္တာ 
ကိုယ္ရွင္းစမ္းဆိုတဲ့ပံုစံမ်ီဳး မျဖစ္ပါေစနဲ႕။ မိသားစုအလုပ္တစ္ခုကို 
အတူတူလုပ္လိုက္ရတာမ်ိဳးပဲ ျဖစ္ပါေစ။

(၈) ေလးႏွစ္အထက္ကေလးေတြဆိုရင္ သူတို႕နဲ႕ စကားေျပာၾကည့္ပါ။ 
ဘာလုပ္ရင္ အဆင္ေျပႏိုင္မလဲဆိုတာ အတူတူစဥ္းစားအေျဖရွာၾကည့္ပါ။
အဲဒီလိုအမ်ိဳးမ်ိဳးၾကိဳးစားျပီးမွ အဆင္မေျပဘူးဆိုရင္ေတာ့
ေဆးေသာက္လို႕ရပါတယ္။ 
ဘာေဆးေသာက္သင့္တယ္ဆိုတာေတာ့ က်မမေျပာေတာ့ဘူး။ 
ကိုယ့္သေဘာနဲ႕ ေဆးေတြ ဝယ္မတိုက္ပါနဲ႕။ 
သက္ဆိုင္ရာ ကေလးဆရာဝန္နဲ႕ တိုင္ပင္ျပီးမွ 
ညႊန္ၾကားတဲ့အတိုင္း ေသာက္ပါ။
ေမတၱာျဖင့္
Credit #WellnessMommy

မိဘမ်ားဗဟုသုတရေစရန္ ကူးယူေဖာ္ျပေပးပါသည္။
Ads.com.mm ပရိတ္သတ္ႀကီးအေနနဲ႕ 
ကေလးအသံုးအေဆာင္ပစၥည္းေတြကို 
အခ်ိန္မကုန္လူမပင္ပန္းဘဲ ေစ်းသက္သက္သာသာနဲ႔ဝယ္ယူခ်င္ရင္ေတာ့
ေအာက္ပါလင့္ခ္အတိုင္း သြားေရာက္ၿပီး
https://www.ads.com.mm/toys-kid-stuff
ဝယ္ယူနိုင္ပါတယ္ရွင့္။

 

#SellAndBuyEverything #Adscommm #Babywetter


– – – – – – – – – – – – – – – – – –

[Unicode]

ကလေးတွေ အိပ်ရာထဲ ရှူးှရှူးပေါက်ချတဲ့အခါ

ရှေးလူကြီးတွေ ပြောကြတာက

မီးသွေးမီးဖိုကို ရှိခိုးပြီးဆုတောင်းရတယ်တဲ့။

အဲဒီအတွေးရဲ့ နောက်ကွယ်က ယထာဘူတကျမှုကို

စဉ်းစားမိတယ်။

ဘာအတွက်လဲ။ သက်သေမပြနိုင်တဲ့ အယူအဆတွေနဲ့

ဟုတ်နိုးနိုးလျောက်လုပ်နေကြတာကို စိတ်မောမိတယ်။

ဒီလောက်နားလည်အောင် ရှင်းပြပြောပြနေတဲ့ကြားက

ဒါမျိုးတွေတွေ့နေရတာလည်း စိတ်ပျက်တယ်။

ကလေးတွေဟာ အသက်၃နှစ်လောက်အထိ

အိပ်ရာထဲ ရှူးပေါက်ချတတ်တယ်။

စိတ်ပူစရာမရှိဘူး။ အသက်၆နှစ်ကျော်တဲ့အထိ

ပေါက်ချနေတုန်းပဲဆိုရင်တော့ တစ်ခုခုလုပ်ဖို့လိုပြီ။

အသက်ကြီးတဲ့အထိ ပေါက်နေရင်

သူ့မှာ ရောဂါတစ်ခုခုရှိနေလို့လည်း

ဖြစ်နိုင်တဲ့အတွက် သေချာစစ်ဆေးသင့်တယ်။

အိပ်ရာထဲ ရှူးပေါက်ချတာဟာ မျိုးရိုးလည်း လိုက်တတ်တယ်။

အဲဒါကြောင့် မိဘတွေမှာ ငယ်ငယ်တုန်းက ဒီလိုမျိုးဖြစ်ဖူးသလား

ထည့်စဉ်းစားရမယ်။

ယောကျာ်းကလေးတွေမှာ ပိုဖြစ်တတ်တယ်။

ADHD ရှိတဲ့ကလေးငယ်တွေမှာ ပိုဖြစ်တတ်တယ်။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲဆိုတာ သိရမယ်

– – – – – – – – – – – – – –

 

(၁) အသက်၆နှစ်ကျော်တဲ့အထိ ပေါက်ချနေရင်

(၂) ညဘက်ရှူးမပေါက်ချဘဲ အကြာကြီးအဆင်ပြေနေပြီးမှ ပြန်ပေါက်ချရင်

(၃) ဆီးအရောင်ပြောင်းနေရင် (ပန်းရောင် အနီရောင်သန်းနေတာမျိုး)၊

ဆီးကျင်ရင်၊ အိပ်နေရင်း ဟောက်ရင်၊

ပုံမှန်နဲ့မတူဘဲ ရေအရမ်းသောက်လာရင်

ဆရာဝန်နဲ့ ပြရပါမယ်။

 

ကိုယ့်ဘာသာ အိမ်မှာ ဘာတွေလုပ်ကြည့်နိုင်သလဲ

– – – – – – – – – – – – –

 

(၁) ညအိပ်ကာနီး ကလေးကို ဆီးသွားခိုင်းပါ။

 

(၂) ညနေဘက် အရည်များများပေးမသောက်ပါနဲ့။

အထူးသဖြင့် အိပ်ကာနီးပေးမသောက်ပါနဲ့။

အထူးသဖြင့် ကဖိန်းပါတဲ့ ဖျော်ရည်တွေ

(ကော်ဖီ လက်ဘက်ရည်နဲ့ အချိုရည်တွေ) လုံးဝပေးမသောက်ပါနဲ့။

 

(၃) အိပ်ရာပေါ်မှာ သေးစိုခံတဲ့ ပလတ်စတစ်ပြားလေး အုပ်ထားပေးပါ။

 

(၄) အိပ်ရာထဲ သေးပေါက်တဲ့ကလေးတွေအတွက် လုပ်ထားပေးတဲ့

နှိုးစက်ကလေးတွေ ရှိတယ်။ ကျမတို့ဆီမှာတော့ ရှိချင်မှ ရှိမှာမို့လို့

အကျယ်မပြောတော့ဘူးနော်။ သိချင်ရင် bed wetting alarm လို့

ရိုက်ပြီး ရှာကြည့်ပါ။

 

ဘာကြောင့်ဖြစ်တာလဲ။ ဖြစ်နိုင်ချေတွေ အများကြီးထဲက

အဖြစ်အများဆုံးအကြောင်းရင်းတွေက –

 

(၁) ဆီးလမ်းကြောင်းပိုးဝင်တာ

 

(၂) စိတ်ဖိစီးမှုများတာ (ဥပမာ – မိဘက ကလေးငယ်တစ်ယောက်

ထပ်မွေးထားတာ၊ ကျောင်းမှာ စိတ်ညစ်စရာရှိနေတာ စသည်ဖြင့်)

 

(၃) ဝမ်းချုပ်တာ

 

(၄) ဆီးချိုရောဂါကြောင့်ဖြစ်တာ

 

(၅) ညဘက်အိပ်နေရင်း အသက်ရှူလမ်းကြောင်းပိတ်တာ (Sleep apnea)

 

ကလေးကို ဘယ်လိုကူညီအားပေးနိုင်သလဲ

– – – – – – – – – – – – – – – – –

 

(၁) ကလေးကို လုံးဝမဆူပါနဲ့။ နောက်တစ်ခါပေါက်ချရင်

ဘာဖြစ်မယ်ညာဖြစ်မယ် ဖိအားမပေးပါနဲ့။ အဲဒီစကားတွေဟာ

ကူညီရာလုံးဝမရောက်တဲ့အပြင် ပိုဆိုးစေပါတယ်။

 

(၂) ကိုယ်ငယ်ငယ်က ဒါမျိုးဖြစ်ခဲ့ဖူးရင် သူ့ကိုပြောပြပါ။

ဒါဟာ သူတစ်ယောက်ထဲမှာ ဖြစ်နေတာမဟုတ်ဘူးဆိုတာကို

သူသေချာသိပါစေ။

 

(၃) ညဘက်တစ်ကြိမ် နှစ်ကြိမ် နာရီနှိုးစက်ပေးထားပြီး သေးတည်ပေးပါ။

အဲဒီအခါမှာလည်း အိပ်ရာပေါ်မှာပဲ သေးအိုးလေးနဲ့ မပေါက်ခိုင်းပါနဲ့။

သူ့ဘာသာ အိမ်သာကို လမ်းလျှောက်သွားခိုင်းပြီး ပေါက်ခိုင်းပါ။

 

(၄) ဆုပေးစနစ်လေးလုပ်ပေးပါ။ ဒဏ်ပေးစနစ်မပါဘူးနော်။

ရှူးမပေါက်ချတဲ့ နေ့ဆိုရင် သူ့ကို ချီးမွမ်းပါ။

သူကြိုက်တာလေးတစ်ခုပေးတဲ့ ဆုပေးစနစ်လုပ်ထားပါ။

 

(၅) ကလေးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဆွေမျိုးကြားမှာ

လုံးဝမစနောက်ပါနဲ့။

သူ့ကို ပိုအရှက်ရစေမယ့်ကိစ္စကို ရှောင်ပါ။

သူရှူးပေါက်ချတဲ့အကြောင်း သူများတွေကို

လျှောက်ပြောတာမျိုး လုံးဝမလုပ်ပါနဲ့။

 

(၆) ကလေးကို အိပ်ရာထဲ ရှူးမပေါက်ချအောင်လုပ်ဖို့

သူကိုယ်တိုင်ကြိုးစားမှ ရမယ်ဆိုတာ သေချာရှင်းပြပါ။

ကိုယ်ကအတတ်နိုင်ဆုံး ကူညီပေးမယ်ဆိုတာလည်း ရှငး်ပြပါ။

 

(၇) သေးစိုအဝတ်၊ အိပ်ရာခင်းစတာတွေ သန့်ရှင်းရာမှာ

ကလေးကိုပါ ကူညီခိုင်းပါ။ အပြစ်ပေးတဲ့အနေနဲ့၊

ဒေါသနဲ့ ကိုယ်လုပ်တာ

ကိုယ်ရှင်းစမ်းဆိုတဲ့ပုံစံမျီုး မဖြစ်ပါစေနဲ့။ မိသားစုအလုပ်တစ်ခုကို

အတူတူလုပ်လိုက်ရတာမျိုးပဲ ဖြစ်ပါစေ။

 

(၈) လေးနှစ်အထက်ကလေးတွေဆိုရင် သူတို့နဲ့ စကားပြောကြည့်ပါ။

ဘာလုပ်ရင် အဆင်ပြေနိုင်မလဲဆိုတာ အတူတူစဉ်းစားအဖြေရှာကြည့်ပါ။

အဲဒီလိုအမျိုးမျိုးကြိုးစားပြီးမှ အဆင်မပြေဘူးဆိုရင်တော့

ဆေးသောက်လို့ရပါတယ်။

ဘာဆေးသောက်သင့်တယ်ဆိုတာတော့ ကျမမပြောတော့ဘူး။

ကိုယ့်သဘောနဲ့ ဆေးတွေ ဝယ်မတိုက်ပါနဲ့။

သက်ဆိုင်ရာ ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီးမှ

ညွှန်ကြားတဲ့အတိုင်း သောက်ပါ။

မေတ္တာဖြင့်

Credit #WellnessMommy

 

မိဘများဗဟုသုတရစေရန် ကူးယူဖော်ပြပေးပါသည်။

Ads.com.mm ပရိတ်သတ်ကြီးအနေနဲ့

ကလေးအသုံးအဆောင်ပစ္စည်းတွေကို

အချိန်မကုန်လူမပင်ပန်းဘဲ စျေးသက်သက်သာသာနဲ့ဝယ်ယူချင်ရင်တော့

အောက်ပါလင့်ခ်အတိုင်း သွားရောက်ပြီး

https://www.ads.com.mm/toys-kid-stuff

ဝယ်ယူနိုင်ပါတယ်ရှင့်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s