“Meme ေလာကရဲ႕ Gene Wilder ကြယ္လြန္”

b.png

 

[Zawgyi]

Tell me all about that” meme ေႀကာင့္

အင္တာနက္သံုးသူေတြအႀကား မ်က္မွန္းတန္းရင္းနွီးေနႀကတဲ့

မင္းသားႀကီး Gene Wilder တစ္ေယာက္

အယ္လ္ဇိုင္းမားေရာဂါေနာက္ဆက္တြဲေဝဒနာေတြေႀကာင့္

၂၀၁၆ခုနွစ္ ႀသဂုတ္လ၃၀ရက္ေန႕မွာ ဆံုးပါးသြားခဲ့ၿပီျဖစ္ပါတယ္။

ကြယ္လြန္ခ်ိန္မွာ သူဟာ အသက္၈၃နွစ္အရြယ္ရွိေနခဲ့ၿပီျဖစ္ပါတယ္။

သူ႕ကို သတိရလြမ္းဆြတ္တဲ့အေနနဲ႕ သူ႕အေႀကာင္းေလးေတြကို

လက္လွမ္းမီသေလာက္ တင္ျပေပးလိုက္ပါတယ္။

 

Gene Wilder ကို Jerome Silberman အျဖစ္

၁၉၃၃ခုနွစ္ ဇြန္လ၁၁ရက္ေန႔က ေမြးဖြားခဲ့ပါတယ္။

ျပဇာတ္ပညာရပ္နွင့္ ဆက္သြယ္ေရးပညာရပ္ကို Iowa တကၠသိုလ္မွာ

သင္ႀကားခဲ့ၿပီးေတာ့ Bristo Old Vic အနုပညာေက်ာင္းမွာလည္း

တက္ေရာက္သင္ၾကားခဲ့ပါေသးတယ္။

 

မိခင္ျဖစ္သူ အဆစ္အျမစ္ေရာင္ရမ္းကူးစက္ေရာဂါတစ္မ်ိဳးခံစားရစဥ္က

စိတ္ေျပလက္ေပ်ာက္ျဖစ္ေစဖို႕ ေဖ်ာ္ေျဖတင္ဆက္ေပးရာမွ

သရုပ္ေဆာင္ျခင္းကို စတင္စိတ္ဝင္စားခဲ့တာျဖစ္ပါတယ္။

 

၁၉၅၆ခုနွစ္ေရာက္တဲ့အခါမွာ အေမရိကန္ျပည္ေထာင္စု ၾကည္းတပ္မွာ

စစ္မႈထမ္းေဆာင္ခဲ့ၿပီး တစ္နွစ္အႀကာမွာ

မိခင္ျဖစ္သူ သားအိမ္ကင္ဆာနဲ႕ ဆံုးပါးသြားတာေႀကာင့္

စစ္တပ္က ထြက္ခြာခြင့္ရခဲ့ပါတယ္။

 

သူ အသက္၂၆နွစ္ေရာက္တဲ့အခါမွာ အနုပညာနာမည္

“Gene Wilder” နဲ႕

အနုပညာ ေလာကထဲ စတင္ဝင္ေရာက္လာခဲ့ၿပီး

Bonnie and Clyde ရုပ္ရွင္ဇာတ္ကားမွာ

ဓားစာခံတစ္ေယာက္အေနနဲ႕ အနုပညာလမ္းေႀကာင္းကို

စတင္ေလ်ွာက္လွမ္းခဲ့ပါတယ္။

သူဟာ Willy Wonka & the Chocolate Factory, Blazing Saddles,

Young Frankenstein ဇာတ္ကားေတြနဲ႕ ထင္ရွားခဲ့တာျဖစ္ပါတယ္။

 

Wilder ဟာ အိမ္ေထာင္ေလးဆက္ရွိခဲ့ၿပီး

သူ႕ရဲ႕ တတိယေျမာက္ဇနီးကေတာ့ ပူးတြဲသရုပ္ေဆာင္

Gilda Radner ျဖစ္ပါတယ္။

သူမဟာ ၁၉၈၉ခုနွစ္မွာ သားအိမ္ကင္ဆာေရာဂါနဲ႕ကြယ္လြန္ခဲ့ၿပီး

ထိုအျဖစ္ဟာ Wilder ကို ကင္ဆာေရာဂါ

သတိၿပဳကုသေရးလႈပ္ရွားမႈေတြမွာ

တက္ႀကြစြာ ပါဝင္လႈပ္ရွားေစခဲ့တဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။

Wilder ဟာ “Glida Radner သားအိမ္ကင္ဆာကာကြယ္ေရးစင္တာ”

တည္ေထာင္ဖို႕အတြက္လည္း ကူညီခဲ့ပါေသးတယ္။

 

၁၉၉၁ခုနွစ္မွာေတာ့

Karen Boyer နဲ႕ စတုတၳအႀကိမ္ေျမာက္ လက္ထပ္ခဲ့ပါတယ္။

Karen Boyer ဟာ Wilder နဲ႕ မေတြ႕ခင္တုန္းက

အိမ္ေထာင္ျပဳရမွာ စိတ္ကုန္ေနခဲ့သူတစ္ဦးျဖစ္ပါတယ္။

 

၂၀၀၃ခုနွစ္မွာ သရုပ္ေဆာင္ျခင္းမွ အနားယူခဲ့ၿပီး

ဘဝအေတြ႕အႀကံဳမွတ္တမ္းေတြနဲ႕ ဝတၳဳတိုေပါင္းခ်ဳပ္ေတြကို

စတင္ေရးသားခဲ့ပါတယ္။

 

သူ႕ရဲ႕ မိသားစုမ်ားေျပာတာကေတာ့

သူေရာဂါေဝဒနာခံစားေနရတယ္ဆိုတာကို

သူမေသခင္မွာ တျခားသူေတြ မသိေစခ်င္ဘူးလို႕ ေျပာခဲ့ပါတယ္။

 

သူဟာ ဂ်ဴးလူမ်ိဳးတစ္ေယာက္ျဖစ္ရတာ ဂုဏ္ယူတတ္ေပမယ့္

ဘုရားသခင္ကို မယံုႀကည္သလို

ဂ်ဴးဘာသာကိုလည္း မကိုးကြယ္သူတစ္ဦးလည္းျဖစ္ပါတယ္။

ေကာင္းရာမြန္ရာဘဝေရာက္ပါေစ။

 

#SellAndBuyEverything #Adscommm #GeneWilder #Death

 

– – – – – – – – – – – – – – – – – – – – – – – – –

 

[Unicode]

 

 

Tell me all about that” meme ကြောင့်

အင်တာနက်သုံးသူတွေအကြား မျက်မှန်းတန်းရင်းနှီးနေကြတဲ့

မင်းသားကြီး Gene Wilder တစ်ယောက်

အယ်လ်ဇိုင်းမားရောဂါနောက်ဆက်တွဲဝေဒနာတွေကြောင့်

၂၀၁၆ခုနှစ် သြဂုတ်လ၃ဝရက်နေ့မှာ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက်၈၃နှစ်အရွယ်ရှိနေခဲ့ပြီဖြစ်ပါတယ်။

သူ့ကို သတိရလွမ်းဆွတ်တဲ့အနေနဲ့ သူ့အကြောင်းလေးတွေကို

လက်လှမ်းမီသလောက် တင်ပြပေးလိုက်ပါတယ်။

 

Gene Wilder ကို Jerome Silberman  အဖြစ်

၁၉၃၃ခုနှစ် ဇွန်လ၁၁ရက်နေ့က မွေးဖွားခဲ့ပါတယ်။

ပြဇာတ်ပညာရပ်နှင့် ဆက်သွယ်ရေးပညာရပ်ကို Iowa တက္ကသိုလ်မှာ

သင်ကြားခဲ့ပြီးတော့ Bristo Old Vic အနုပညာကျောင်းမှာလည်း

တက်ရောက်သင်ကြားခဲ့ပါသေးတယ်။

 

မိခင်ဖြစ်သူ အဆစ်အမြစ်ရောင်ရမ်းကူးစက်ရောဂါတစ်မျိုးခံစားရစဉ်က

စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ ဖျော်ဖြေတင်ဆက်ပေးရာမှ

သရုပ်ဆောင်ခြင်းကို စတင်စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။

 

၁၉၅၆ခုနှစ်ရောက်တဲ့အခါမှာ အမေရိကန်ပြည်ထောင်စု ကြည်းတပ်မှာ

စစ်မှုထမ်းဆောင်ခဲ့ပြီး တစ်နှစ်အကြာမှာ

မိခင်ဖြစ်သူ သားအိမ်ကင်ဆာနဲ့ ဆုံးပါးသွားတာကြောင့်

စစ်တပ်က ထွက်ခွာခွင့်ရခဲ့ပါတယ်။

 

 

သူ အသက်၂၆နှစ်ရောက်တဲ့အခါမှာ အနုပညာနာမည်

“Gene Wilder” နဲ့

အနုပညာ လောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး

Bonnie and Clyde ရုပ်ရှင်ဇာတ်ကားမှာ

ဓားစာခံတစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းကို

စတင်လျှောက်လှမ်းခဲ့ပါတယ်။

သူဟာ Willy Wonka & the Chocolate Factory, Blazing Saddles,

Young Frankenstein ဇာတ်ကားတွေနဲ့ ထင်ရှားခဲ့တာဖြစ်ပါတယ်။

 

Wilder ဟာ အိမ်ထောင်လေးဆက်ရှိခဲ့ပြီး

သူ့ရဲ့ တတိယမြောက်ဇနီးကတော့ ပူးတွဲသရုပ်ဆောင်

Gilda Radner ဖြစ်ပါတယ်။

သူမဟာ ၁၉၈၉ခုနှစ်မှာ သားအိမ်ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ပြီး

ထိုအဖြစ်ဟာ Wilder ကို ကင်ဆာရောဂါ

သတိပြုကုသရေးလှုပ်ရှားမှုတွေမှာ

တက်ကြွစွာ ပါဝင်လှုပ်ရှားစေခဲ့တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

Wilder ဟာ “Glida Radner သားအိမ်ကင်ဆာကာကွယ်ရေးစင်တာ”

တည်ထောင်ဖို့အတွက်လည်း ကူညီခဲ့ပါသေးတယ်။

 

 

၁၉၉၁ခုနှစ်မှာတော့

Karen Boyer နဲ့ စတုတ္ထအကြိမ်မြောက် လက်ထပ်ခဲ့ပါတယ်။

Karen Boyer ဟာ Wilder နဲ့ မတွေ့ခင်တုန်းက

အိမ်ထောင်ပြုရမှာ စိတ်ကုန်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။

 

 

၂၀၀၃ခုနှစ်မှာ သရုပ်ဆောင်ခြင်းမှ အနားယူခဲ့ပြီး

ဘဝအတွေ့အကြုံမှတ်တမ်းတွေနဲ့ ဝတ္ထုတိုပေါင်းချုပ်တွေကို

စတင်ရေးသားခဲ့ပါတယ်။

 

 

သူ့ရဲ့ မိသားစုများပြောတာကတော့

သူရောဂါဝေဒနာခံစားနေရတယ်ဆိုတာကို

သူမသေခင်မှာ တခြားသူတွေ မသိစေချင်ဘူးလို့ ပြောခဲ့ပါတယ်။

 

သူဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူတတ်ပေမယ့်

ဘုရားသခင်ကို မယုံကြည်သလို

ဂျူးဘာသာကိုလည်း မကိုးကွယ်သူတစ်ဦးလည်းဖြစ်ပါတယ်။

 

ကောင်းရာမွန်ရာဘဝရောက်ပါစေ။

#Adscommm

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s