“ငလျင်သမိုင်းနှင့် နမိတ်ပြတိမ်များအကြောင်း သိကောင်းစရာများ”

b

blog1

 

 

မြန်မာနိုင်ငံတွငf လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်းတွင်

ပြင်းအား ရစ်ခ်ျတာစကေး ၇ ခန့်ရှိသည့် အကြီးစား မြေငလျင် ၁၅ ကြိမ်ခန့်

ဖြစ်ပွားခဲ့ဖူးပြီး ဖျက်ဆီးမှုစွမ်းအား မြင့်မားခဲ့ပါတယ်။

၁၉၃၀ခုနှစ်တွင် ပဲခူး ငလျင်၊ ၁၉၇၀ ခုနှစ်တွင် ရန်ကုန်ငလျင်၊

၁၉၇၅ ခုနှစ်တွင် ပုဂံငလျင်တို့ လှုပ်ခဲ့ဖူးပါတယ်။

 

စစ်ကိုင်းပြတ်ရွေ့၏ အစိတ် အပိုင်း တစ်ခု။

စစ်ကိုင်းပြတ်ရွေ့ဆို တာက

ဟိမဝန္တာတောင်တန်းက တစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ

ဧရာဝတီမြစ်နှင့်အပြိုင် ဆူမားတြား ငလျင်ကြောအထိ

ဆက်စပ်နေတဲ့ ငလျင်ကျောကြီး။

 

၁၉၃ဝ ခုနှစ်တွင် ပဲခူးငလျင် လှုပ်ခဲ့တုန်းက ပဲခူးမမှာ

လူ ၅ဝဝ ခန့် သေပြီး ရန်ကုန်မှာလူ ၅ဝ သေဆုံးခဲ့ပါတယ်။

၁၉၃ဝ နောက်ပိုင်း ပဲခူးငလျင် ထပ်မ လှုပ်တော့တာ

ဒီနေ့ထိ နှစ် ၈ဝ ရှိပြီမို့ လှုပ်မည်ဆို ပြန်လှုပ်နိုင်မည့် အနေအထားတစ်ခုပါ။

ဘယ်အချိန်လှုပ်မည်။ အင်အား မည်မျှရှိမည်ဆိုသည်က

ဘယ်ပညာရှင်ကမှ ဟောကိန်းမထုတ်နိုင် တဲ့ကိစ္စပါ။

ပဲခူးငလျင် မလှုပ်တော့တာ နှစ် ၈ဝ ကြာပြီမို့

အချိန်မရွေး ပြန်လှုပ်နိုင်တဲ့ အနေအထားရှိပါတယ်။

 

ရန်ကုန်မြို့က ပဲခူးနှင့် နေပြည်တော်လို ငလျင်ကြောပေါ်

တည့်တည့်ကျ မနေသော်လည်း ငလျင်လှုပ်လျှင်

အန္တရာယ်အကြီးဆုံးလို့ ပြောနိုင်ပါတယ်။။

ငလျင်က ရန်ကုန်ကို ဗဟိုပြုပြီး မလှုပ်ရင်တောင်

တခြား မြို့တွေထက် ပိုစိုးရိမ်ရတယ်။

ငလျင်က လူကိုမသတ်ဘူး လူ တွေဆောက်ထားတဲ့

အဆောက်အအုံတွေ ကသာ လူကို သတ်တာ။

၁၉၃ဝ ခုနှစ် ပဲခူး ငလျင် လှုပ်တုန်းက

ရန်ကုန်မှာ လူဦးရေ သိန်းဂဏန်းသာ ရှိသေးတယ် ။

အထပ် မြင့်အဆောက်အအုံလည်း သိပ် မရှိသေးတော့

လူသေဆုံးမှုက အအယောက်၅၀ပဲရှိတယ်။

ခုကတော့ လူဦးရေကလည်း ၈သန်း

အထပ်မြင်တိုက်တွေ နဲ့ ကန်ထရိုက်တိုက်တွေကလည်း

ဂျပန်လောက်နီးနီးကောင်းတယ် ဆိုတော့….။

 

ရန်ကုန် ငလျင် …..

+++++++++++

 

“ရန်ကုန်မြို့အောက်တွင် အားနည်းသော မြေကြောရှိနိုင်သည်။

(Geological Surver of India .. Brown J.C)”

 

ရန်ကုန် ငလျင်နှင့်ပတ်သက်ပြီး (1436) ခုနှစ် တွင်

လှုပ်ခဲ့ ကြောင်း ပထမဆုံးတရားဝင် မှတ်တမ်းရှိခဲ့တယ်။

 

(1470) စက်တင်ဘာ(၉)ရက်နေ့တွင် ရန်ကုန်မြို့တွင်

ငလျင်ကြီးလှုပ်ခဲ့ပြီးအကြိုငလျင်(၂၅)ကြိမ်၊

နောက်ဆက်တွဲ ငလျင်အကြိမ်(၅၀)၊

နှစ်လအတွင်း လှုပ်ခဲ့ တယ်။

 

ဒဏ်အားကို တစ်ကြိမ်တည်း ခါ မထုတ် ပစ်တာက

ရန်ကုန်ကို သက်သာစေတယ်လို့ ပြောခဲ့ကြတယ်။

 

(1620 ၊ 1644 ၊ 1662 ၊ 1664 ၊ 1679 )တို့မှာလည်း

ငလျင်တွေလှုပ်ခဲ့သေးတယ်။

 

နောက် နှစ်ပေါင်း(၂၀၀)နီးပါး မလှုပ်ပဲ နေခဲ့တာ

(1768) ဇွန်လမှာလှုပ်ခဲ့တော့ ရွှေတိဂုံဘုရား

ပထမဖောင်းရစ်ထိပြိုကျခဲ့တယ်။

 

(1927 )ဒီဇင်ဘာ(၁၇)ရက်တွင်လှုပ်ခဲ့သော ငလျင်ကို

ဟံသာဝတီ၊ အင်းစိန်၊ မအူပင်ခရိုင်တွေ မှာတောင်

ငလျင်အကျိုးဆက်ကို ခံစားရပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်

အောက်ခံကျောက်ထုများ အက်ကွဲကြောင်းများအတိုင်း

မြင့်တက်လာတာကြောင့် လှုပ်တဲ့ ငလျင်ဖြစ်တယ်လို့သိရတယ်။

 

(1930) မေ (၅)ရက်ည ရန်ကုန်ငလျင်က ပဲခူးမြို့အနီးကို

ဗဟိုပြုခဲ့ပြီး အဆင့်(၈)ကျော်တယ်

သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်။

 

နောက်ဆက်တွဲငလျင်များ လှုပ်ခဲ့ကာ

နှစ်(၂၀)ခန့် ငြိမ်သက်နေပြီး အင်အားသေး ငလျင်တွေလောက်ပဲ

လှုပ်ခဲ့တယ်။

 

ငလျင်လှုပ်ရင် ဒေသအလိုက် လှုပ်နိုင်တဲ့ အမြင့်ဆုံးအမှတ်တွေကို

စာပေဗမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ် -မြန်မာ့ငလျင်စာ-၈၇- ၁၉၇၈ မှာ အောက်ကလိုတွေ့နိုင်ပါလိမ့်မယ်။

 

၁။ စစ်ကိုင်း၊ မန္တလေး၊ အမရပူရ၊ ပဲခူး၊ ဖြူး

အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၁၀)

 

၂။ တောင်ကြီး၊ လားရှိုး၊ ဗန်းမော်၊ မြစ်ကြီးနား၊ စစ်တွေ၊ ကျောက်ဖြူ၊၊

ခန္တီး၊ မော်လိုက်၊ ကလေးဝ၊ တောင်ငူ၊ ပြည်၊ သရက်

အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၉)

 

၃။ ပျဉ်းမနား၊ ရမည်းသင်း၊ မကွေး၊ မင်းဘူး၊ မုံရွာ၊ မော်ချီး၊

လွိုင်ကော်၊ ရန်ကုန်၊ ပုသိမ်

အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၈)

 

၎။ မိတ္ထီလာ၊ ပခုက္ကူ၊ ချောက်

အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၇)

 

၅။ မော်လမြိုင်၊ ထားဝယ်၊ မြိတ်

အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၆)

တို့ပဲဖြစ်ပါတယ်။

 

ငလျင်ကိုဘယ်လိုကြိုသိမလဲကတော့ –

ဂျပန် တို့ အနေနဲ့က ငလျင် မိုးတိမ်နဲ့ ကောင်းကင် မြူ (fogs)

အနေအထားတွေကို ကြည့်ပြီး လက်ခံထားတယ်။

ဂျပန်တွေမှာ ငလျင် နှင့် ပတ်သက်သော ဆိုရိုးများလည်း ရှိသေးတယ်…

 

“အကယ်၍ တိမ်တို့သည် မြေပြင်နှင့် နီးစပ်ခဲ့သော်- မိုးရွာမည်။

သို့မဟုတ် ငလျင်လှုပ်မည်။အကယ်၍ တိမ်တို့သည် အရှေ့ဘက်ဆီသို့

ရွေ့လျားနေ လျှင် (သို့မဟုတ်) အနက်ရောက် အစင်းကြောင်းများနှင့်

နဂါး ပုံသဏ္ဍာန် ရှိသော တိမ်များသည် အလျားလိုက် လွင့်မျောနေလျှင်

ငလျင်လှုပ်မည်။

 

Mackerel ငါးကဲ့သို့ ပုံသဏ္ဍာန် ရှိသော ကောင်းကင်ပြင်သည်

ငလျင်၏ ကနဦး ဖြစ်သည်။

သာယာသော မြူနှင်းတို့ သည်

တောင်အား အုပ်ဆိုင်း နေခြင်းသည် ငလျင်၏ နိမိတ် သင်္ကေတ ဖြစ်သည်။

 

တိမ်များ ရွေ့လျားမှု ရုတ်တစ်ရက် ရပ်တန့်သွားပြီး၊

လေတိုက်ခြင်းလည်း မရှိ၊

မြင်ကွင်းသည် မှုန်ဝါး သွားပြီး မြေကြီးတွင်းမှ အသံကြားရလျှင်

(မြန်မာ တို့ က တော်လဲသံဟု ခေါ်ပါသည်။)

ငလျင် လှုပ်တော့မည် ဖြစ်သည်။

 

တိမ်တို့သည် မြွေ (သို့မဟုတ်) နဂါး အသွင်ဖြင့် နံနက်ဦး နေကို

ဝန်းရံ နေပါက ငလျင် လှုပ်မည် ဖြစ်သည်။

 

အဲ့တော့ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့လဲ ဓာတ်ပုံရိုက်ပြီးတင်ကြပါဗျို့။

 

#JustReporting

Credit #ThetPaingTun

#SellAndBuyEverything #Adscommm

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s