“ချစ်သူလေးနဲ့ ချိန်းတွေ့တဲ့အခါ………. အပိုင်း(၁)”

BLO.png

 

 

 

[Zawgyi]

 




 

ပထမဆုံးအနေနဲ့







 






 





ရှောင်ကြဉ်သင့်ပါတယ်။






 

 









 

(၅) ချစ်သူကောင်မလေးက




 


 


ပိုက်ဆံပြတ်နေပြီလား။




 

#SellAndBuyEverything #Adscommm #TGIF #Weekends #Lovers

#Girlfriend

 

– – – – – – – – – – – – – – – – – – – – – – – – –

 

[Unicode]

 

ချစ်သူနဲ့ လျှောက်လည်တဲ့အခါမှာ

ပျော်ရွှင်စရာအကောင်းဆုံး အချိန်တွေကို ဖန်တီးဖို့

ဆောင်ရန်ရှောင်ရန်အချို့ကို တင်ဆက်ပေးလိုက်ပါတယ်နော်။

 

ပထမဆုံးအနေနဲ့

(၁) ATM စက်ကို အားမကိုးပါနဲ့။

ATM စက်ရဲ့ စွမ်းပကားကတော့ လူကြီးမင်းတို့ သိတဲ့အတိုင်းပါပဲ။

တကယ်အရေးကြီးပြီဟေ့ဆိုရင်

ကွန်နက်ရှင်မကောင်းတာနဲ့ ၊ ငွေမရှိတော့တာနဲ့ ဖြစ်တတ်ပါတယ်။

ချစ်သူမျက်နှာလေး မငြိုဖို့အရေး

ငွေသားက လက်ထဲမှာ အဆင်သင့်ဖြစ်နေဖို့အရေးကြီးပါတယ်။

 

(၂) အယ် မိုးတွင်းဆိုတော့ အရေးကြီးတာ ထီးဆောင်ထားဖို့ပါ။

ကိုယ့်ချစ်သူက သတိမေ့တတ်တဲ့ကောင်မလေးဆို

နှစ်ယောက်လုံး မိုးရေစိုရွှဲပြီး ကြွက်စုတ်ဖြစ်နိုင်ပါတယ်။

ထီးလေးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းရတဲ့ ခံစားချက်ကလည်း

ဘာနဲ့မှမတူတဲ့ ခံစားချက်တစ်မျိုးပါပဲ။

 

(၃) မုန့်ဆိုင် ထိုင်မယ်ဆိုရင်လည်း

နှစ်ယောက်လုံး စားချင်တဲ့အစားအစာမျိုးရောင်းတဲ့

ဆိုင်မျိုးကို ရွေးချယ်သင့်ပါတယ်။

ကြက်သွန်ဖြူလိုမျိုး အရမ်းအနံ့ထွက်တဲ့ အစားအစာမျိုးကို

ရှောင်ကြဉ်သင့်ပါတယ်။

ဆိုင်ရွေးချယ်တဲ့အခါမှာဆိုရင်လည်း

ကိုယ့်ချစ်သူကောင်မလေးဝတ်လာတဲ့ အဝတ်အစားအပေါ်မူတည်ပြီး

ဆိုင်ရွေးချယ်သင့်ပါတယ်။

ဥပမာ သူမဂါဝန်တိုတိုလေးဝတ်လာတဲ့နေ့မျိုးဆိုရင်

ခုံပုပုလေးတွေနဲ့ ထိုင်ရတဲ့ဆိုင်မျိုး မရွေးချယ်သင့်ပါဘူး။

 

 

(၄) ရုပ်ရှင်သွားကြည့်မယ်ဆိုရင်တော့

နှစ်ယောက်လုံးကြည့်ချင်တဲ့ ရုပ်ရှင်ကားမျိုးကို

ရွေးချယ်ပြီး ကြိုတင်ဘွတ်ကင်လုပ်ထားသင့်ပါတယ်။

ဟိုရောက်မှ ဝယ်မယ်ဆိုရင်

လက်မှတ်ကုန်တာမျိုးနဲ့ ကြုံတတ်ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ရုံအပေါ်မူတည်ပြီး

ချစ်သူကောင်မလေး မအေးစေဖို့

အနွေးထည်ဖြစ်ဖြစ်ဆောင်သွားသင့်ပါတယ်။

 

(၅) ချစ်သူကောင်မလေးက

အစားပုပ်မလေးဆိုရင်တော့

အလွယ်တကူ စားလို့ရမယ့်မုန့်လေးတွေကို

ဆောင်ထားဖို့ မမေ့ပါနဲ့ဦးနော်။

 

အပိုင်း(၂) ကို ဆက်လက်စောင့်မျှော်ပေးပါဦးနော်။

 

ကဲပရိတ်သတ်ကြီးရေ လဝက်ဖြစ်နေလို့

ပိုက်ဆံပြတ်နေပြီလား။

ဒါဆိုရင်တော့ ပိုနေတဲ့ပစ္စည်းတွေ အသုံးမလိုတော့တဲ့ပစ္စည်းတွေကို

http://www.ads.com.mm မှာ အခမဲ့ကြော်ငြာတင်ရောင်းချပြီး

ချစ်သူလေးနဲ့ လျှောက်လည်ဖို့ အပိုဝင်ငွေရှာလိုက်ကြရအောင်။

 

 

 

 

 

 

 

 

 

 

 

 

 

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s