“ပိုကီမွန်ဂိုး မဆော့ခင် သိထားရမယ့် အချက်များ”
blogpost.png
[Zawgyi]
ယုံကြည်သွားခဲ့တာပါ။
http://bit.ly/2aU4QMq
#SellAndBuyEverything #Adscommm #Games #Pokemon
– – – – – – – – – – – – – – – – – – – – – – – – – –
[Unicode]
(၁) ပိုကီမွန်ရဲ့ ကောင်းကျိုးတစ်ခုကတော့
အပြင်ထွက်ပြီး အကောင်ဖမ်းရတာကြောင့် လမ်းလျှောက်ဖြစ်ပါတယ်။
အနည်းဆုံးတော့ အားကစားလုပ်သလိုဖြစ်စေပါတယ်။
တခြားဂိမ်းတွေကျတော့ ထိုင်ဆော့နိုင်တဲ့အတွက်
အညောင်းမိစေပေမယ့် ပိုကီမွန်ဂိုးကတော့ အားကစားတောင်ဖြစ်စေပါသေးတယ်။
(၂) ပိုကီမွန်ဂိုးအက်ပလီကေးရှင်းကို အသုံးပြုပြီးတော့ တချို့လူတွေက လုယက်မှု ကြံစည်ကြပါတယ်။
ပိုကီမွန်ကောင်လေးတွေ အနားမှာ ပိုပေါ်လာစေဖို့ Lure တွေ ဝယ်လို့ရပါတယ်။
ဒီသတင်းကတော့ ပိုကီမွန်ဂိုးကစားသမားတွေအတွက် သတင်းကောင်းဖြစ်မှာအသေချာပါပဲ။
ဒါပေမယ့် တစ်ဖက်ကကြည့်မယ်ဆိုရင်
ခေတ်မီတဲ့ သူခိုးဓားပြတချို့က Lure တွေဝယ်ပြီး
လူတွေကို သူတို့အနားရောက်လာအောင် မျှားခေါ်တတ်ကြပါတယ်။
မစ်ဆိုရီပြည်နယ်မှ ကောင်လေးလေးယောက်ဟာ
သူတို့ အက်ပလီကေးရှင်းကို အသုံးပြုပြီးတော့
လုယက်မှု (၈)ခုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ဒီလိုလူမျိုးတွေ အန္တရာယ်ကနေလည်း သတိထားဖို့ လိုအပ်ပါတယ်။
(၃) မူးယစ်ဆေးအရောင်းအဝယ်တစ်ခုမှာ ပါဝင်ပက်သက်တယ်လို့
အထင်မှားခံခဲ့ရသော ပိုကီမွန်ကစားသမားတစ်ဦး။
တစ်ညမှာ Reddit အသုံးပြုသူတစ်ဦးဖြစ်သူ SlothOfDoom တစ်ယောက်
အိပ်လို့လည်းမပျော်တာကြောင့် လူအများပြောနေတဲ့
ပိုကီမွန်ဂိုးအက်ပလီကေးရှင်းလေးကို ဒေါင်းလုတ်ဆွဲပြီး မနက် ၃နာရီထိုးလောက်
တစ်ကိုယ်တော်လမ်းလျှောက်ထွက်လာခဲ့ပါတယ်။
လမ်းမှာ လူနှစ်ယောက်နဲ့ တွေ့ပြီး ထိုလူနှစ်ယောက်က
ပိုကီမွန်အကောင်လေးရှိတဲ့နေရာကို ပြသလိုလိုနဲ့ လာရောခဲ့ပါတယ်။
အဲ့အချိန်မှာ ရဲတစ်ယောက်ရောက်လာပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတာဟုတ်မဟုတ်
စစ်ဆေးမေးမြန်းရာမှာ ထိုလူနှစ်ယောက်က ပိုကီမွန်ဂိုးအကြောင်း
ရှင်းပြနေတာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။
နောက်ဆုံး ရဲသားကြီးက ပိုကီမွန်ဂိုးအက်ပလီကေးရှင်းကို ဘယ်လိုဆော့ရလဲဆိုတာ မေးခဲ့တဲ့အထိ
ယုံကြည်သွားခဲ့တာပါ။
ပိုကီမွန်းဂိုးဂိမ်းက သူ့ကို ကယ်ခဲ့တာပေါ့ဗျာ။
(၄) ထူးထူးဆန်းဆန်းအက်ဆီးဒင့်စ်တွေနဲ့ ကြုံရနိုင်ပါတယ်။
ပိုကီမွန်ကောင်လေးတွေ ဖမ်းမိနိုင်ဖို့ ဖုန်းမှာပဲ အာရုံစိုက်နေရတဲ့အတွက်ကြောင့်
ဘေးပတ်ဝန်းကျင်အန္တရာယ်ကို ဂရုမစိုက်နိုင်တော့ဘဲ
မလိုလားအပ်တဲ့ အနာတရဖြစ်မှုတွေ ကြုံရတတ်ပါတယ်။
ဒါကြောင့် ပိုကီမွန်လည်းဆော့ရင်း ဘေးပတ်ဝန်းကျင်ကိုလည်း သတိပြုမိဖို့ အရေးကြီးပါတယ်နော်။
(၅) နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေကလည်း ၎င်းတို့ရဲ့အကျိုးစီးပွားအတွက်
ပိုကီမွန်ဂိုးကို အသုံးပြုလာကြပါတယ်။
လူငယ်တွေရဲ့ ထောက်ခံအားပေးမှုကို ရရှိဖို့
ခေတ်ရေစီးကြောင်းနှင့်အညီ ပိုကီမွန်ဂိုးနဲ့ ပက်သက်တဲ့ပို့စ်တွေကို
၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ တင်လာကြတာပါ။
ပိုကီမွန်ဂိုးဆော့ဖို့ မိမိမှာ ရှိတဲ့ဖုန်းအဟောင်းကိုရောင်းပြီး
ဖုန်းအသစ်ဝယ်မယ်လို့ စိတ်ကူးထားသူများအနေနဲ့
http://www.ads.com.mm အခမဲ့ကဏ္ဍစုံကြော်ငြာဝက်ဘ်ဆိုဒ်ကို အခုပဲသွားပြီး
အခမဲ့ကြော်ငြာတင်လိုက်ကြရအောင်နော်။
ကြော်ငြာတင်ရင်း iPhone SE အသစ်တစ်လုံးကံစမ်းနိုင်မယ့်အခွင့်အရေးလည်း
ရှိသေးတယ်နော်။ အသေးစိတ်ကိုတော့ အောက်ပါလင့်ခ်အတိုင်းသွားပြီး
http://bit.ly/2aU4QMq
ဖတ်ရှုနိုင်ပါတယ်နော်။
Advertisements
Author: Jasmine
Digital Marketer, Blogger
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s