“မိမိရဲ႕ခ်စ္သူေလးနဲ႔ ပိတ္ရက္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းနိုင္ေစဖို႕”

d.png

 

 

[Zawgyi]

(၁) သင့္ခ်စ္သူက Food Lover ေလးဆိုရင္ေတာ့
ေဖ့ဘြတ္မွာ နာမည္ႀကီးေနတဲ့
စားေသာက္ဆိုင္ review ေလးေတြကို ၾကားရက္ေတြမွာ
ႀကိဳႀကည့္ ေလ့လာထားၿပီး ေခၚသြားမယ္ဆိုရင္
သူမအခ်စ္ေတြ ပိုလို႔တိုးလာမွာအေသခ်ာပါပဲ။

(၂) ဒါမွမဟုတ္ သင့္ခ်စ္သူက အလွအပႀကိဳက္တဲ့သူေလးဆိုရင္ေတာ့
ကိုရီးယားေခၽြးထုတ္ခန္းမွာ အပန္းသြားေျဖဖို႔အႀကံေပးလိုက္ပါရေစ။
ေခၽြးထုတ္ေပးၿပီး ေရပူစမ္းစိမ္ေပးျခင္းဟာ သင့္ခ်စ္သူအသားအေရကို ပိုလွေစမွာ အမွန္ပါပဲ။
ေအးေအးလူလူအနားယူနိုင္မယ့္ ေနရာေလးတစ္ခု ျဖစ္တာေၾကာင့္
သင့္ခ်စ္သူ အႀကိဳက္ေတြ႕မယ့္ေနရာေလးတစ္ခုျဖစ္မွာပါ။

(၃) ဒါမွမဟုတ္ သင့္ခ်စ္သူက
လူရႈပ္တာကို မႀကိဳက္ဘဲ
နားေအးပါးေအးေနရတာကို သေဘာက်သူဆိုရင္ေတာ့
တိုင္းရင္းသားေက်းရြာ၊ ျပည္သူ႕ရင္ျပင္၊ ကန္ေတာ္ႀကီး၊ ေလွာ္ကားဥယ်ာဥ္လိုေနရာမ်ိဳးတို႕ကို
ေခၚသြားသင့္ပါတယ္။

(၄) ဒါမွမဟုတ္ သင့္ခ်စ္သူေလးက
သြက္သြက္လက္လက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္သူေလးဆိုရင္ေတာ့
ရုပ္ရွင္ရံု၊ ကေလးကစားကြင္းလိုေနရာမ်ိဳးေတြမွာ ခ်ိန္းေတြ႕သင့္ပါတယ္။

(၅) ဒါမွမဟုတ္ သင့္ခ်စ္သူေလးက
စာဂ်ပိုးေလးဆိုရင္ေတာ့
စာအုပ္လည္းဖတ္လို႔ရ ေကာ္ဖီလည္းေသာက္လို႕ရတဲ့
ျမန္မာပလာဇာမွာရွိတဲ့ အင္းဝကေဖးဆိုင္ေလးကို
ေခၚသြားသင့္ပါတယ္။
စာအုပ္ဆိုင္နဲ႔ ေကာ္ဖီဆိုင္တြဲထားတဲ့ ဆိုင္ေလးေတြကေတာ့
သူမအႀကိဳက္ျဖစ္မွာ အေသခ်ာပါပဲ။
သင့္ခ်စ္သူက ဘယ္နံပါတ္မ်ားလဲ။
ကဲ ခ်စ္သူေလးကို Mention ေခၚၿပီး သူမအႀကံဥာဏ္ကို ေတာင္းခံၾကည့္ပါဦး။
အဓိကကေတာ့ ဘယ္ေနရာသြားတယ္
ဘာလုပ္တယ္၊ ဘာစားတယ္ဆိုတာထက္
ခ်စ္သူနွစ္ဦး တူတူရွိေနခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္
ၾကင္ၾကင္နာနာယုယုယယ နားလည္မႈေပးနိုင္ဖို႔က အေရးႀကီးဆံုးပါပဲေနာ္။
အားလံုးပဲ သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ ပိတ္ရက္ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစရွင့္။

#SellAndBuyEverything #Adscommm #TGIF

– – – – – – – – – – – – – – – – – – – – – – –

(၁) သင့်ချစ်သူက Food Lover လေးဆိုရင်တော့
ဖေ့ဘွတ်မှာ နာမည်ကြီးနေတဲ့
စားသောက်ဆိုင် review လေးတွေကို ကြားရက်တွေမှာ
ကြိုကြည့် လေ့လာထားပြီး ခေါ်သွားမယ်ဆိုရင်
သူမအချစ်တွေ ပိုလို့တိုးလာမှာအသေချာပါပဲ။

(၂) ဒါမှမဟုတ် သင့်ချစ်သူက အလှအပကြိုက်တဲ့သူလေးဆိုရင်တော့
ကိုရီးယားချွေးထုတ်ခန်းမှာ အပန်းသွားဖြေဖို့အကြံပေးလိုက်ပါရစေ။
ချွေးထုတ်ပေးပြီး ရေပူစမ်းစိမ်ပေးခြင်းဟာ သင့်ချစ်သူအသားအရေကို ပိုလှစေမှာ အမှန်ပါပဲ။
အေးအေးလူလူအနားယူနိုင်မယ့် နေရာလေးတစ်ခု ဖြစ်တာကြောင့်
သင့်ချစ်သူ အကြိုက်တွေ့မယ့်နေရာလေးတစ်ခုဖြစ်မှာပါ။
(၃) ဒါမှမဟုတ် သင့်ချစ်သူက
လူရှုပ်တာကို မကြိုက်ဘဲ
နားအေးပါးအေးနေရတာကို သဘောကျသူဆိုရင်တော့
တိုင်းရင်းသားကျေးရွာ၊ ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီး၊ လှော်ကားဥယျာဉ်လိုနေရာမျိုးတို့ကို
ခေါ်သွားသင့်ပါတယ်။

(၄) ဒါမှမဟုတ် သင့်ချစ်သူလေးက
သွက်သွက်လက်လက် ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးဆိုရင်တော့
ရုပ်ရှင်ရုံ၊ ကလေးကစားကွင်းလိုနေရာမျိုးတွေမှာ ချိန်းတွေ့သင့်ပါတယ်။

(၅) ဒါမှမဟုတ် သင့်ချစ်သူလေးက
စာဂျပိုးလေးဆိုရင်တော့
စာအုပ်လည်းဖတ်လို့ရ ကော်ဖီလည်းသောက်လို့ရတဲ့
မြန်မာပလာဇာမှာရှိတဲ့ အင်းဝကဖေးဆိုင်လေးကို
ခေါ်သွားသင့်ပါတယ်။
စာအုပ်ဆိုင်နဲ့ ကော်ဖီဆိုင်တွဲထားတဲ့ ဆိုင်လေးတွေကတော့
သူမအကြိုက်ဖြစ်မှာ အသေချာပါပဲ။
သင့်ချစ်သူက ဘယ်နံပါတ်များလဲ။
ကဲ ချစ်သူလေးကို Mention ခေါ်ပြီး သူမအကြံဉာဏ်ကို တောင်းခံကြည့်ပါဦး။
အဓိကကတော့ ဘယ်နေရာသွားတယ်
ဘာလုပ်တယ်၊ ဘာစားတယ်ဆိုတာထက်
ချစ်သူနှစ်ဦး တူတူရှိနေချိန်မှာ တစ်ယောက်နဲ့တစ်ယောက်
ကြင်ကြင်နာနာယုယုယယ နားလည်မှုပေးနိုင်ဖို့က အရေးကြီးဆုံးပါပဲနော်။
အားလုံးပဲ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ပိတ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s