“လူတွေသိပ်မသိသေးတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဘားရတ်အိုဘားမားအကြောင်း”

blog.png

 

 

[Zawgyi]
စားသောက်ခဲ့ရပါတယ်။
ဆံပင်ညှပ်လ့ရှိပါတယ်။

#SellAndBuyEverything #Adscommm #Knowledge #Obama

– – – – – – – – – – – – – – – – – – – – –

[Unicode]

ဒီနေ့ သြဂုတ်လ လေးရက်နေ့ဟာ ဘားရတ်အိုဘားမားရဲ့ မွေးနေ့ဖြစ်တာကြောင့်
လူသိပ်မသိသေးတဲ့ သူ့အကြောင်းအချို့ကို လက်လှမ်းမီသလောက်
တင်ဆက်ပေးလိုက်ရပါတယ်။
အိုဘားမားဟာ အထက်တန်းကျောင်းတုန်းက ဘတ်စ်ကတ်ဘောမှာ တော်တာကြောင့်
“အိုဘုမ်းမား” ဟု လူသိများခဲ့ပါတယ်။
ဘတ်စ်ဘောကစားနည်းကို ဝါသနာထုံတာကြောင့်
အိမ်ဖြူတော်ခြံဝန်းမှာ ဘတ်စ်ကတ်ဘောကစားကွင်းကို ထည့်သွင်းဖို့လည်း စီစဉ်ထားခဲ့ပါသေးတယ်။
ဆယ်ကျော်သက်အရွယ်တုန်းက “ဘက်စကင်ရောဘင်းစ်” ရေခဲမုန့်ဆိုင်မှာ
အလုပ်လုပ်ခဲ့ပေမယ့်လည်း အခုချိန်မှာ ရေခဲမုန့်နံ့ကို မခံနိုင်တော့ပါဘူး။
အိုဘားမားဟာဆိုရင် မထင်ရလောက်အောင်
ပင့်ကူလူသားကာတွန်းစာအုပ်တွေကို စုဆောင်းလေ့ရှိပြီး
စာလုံးဆက်ကစားနည်းနဲ့ ပိုကာကစားရတာကို သဘောကျပါတယ်။
သူ့ဇနီး မစ်ရှယ်ချက်ကျွေးတဲ့ Shrimp Linguini (ပုဇွန်ပါစတာ)ကတော့
သူ့ရဲ့ အကြိုက်ဆုံးအစားအစာဖြစ်ပါတယ်။
မစ်ရှယ်နဲ့ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ကြည့်ခဲ့တဲ့ရုပ်ရှင်ကတော့ Spike Lee ရဲ့
“Do The Right Thing” ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
ုသူတို့ဇနီးမောင်နှံဟာဆိုရင် အိုဘားမားရဲ့ စာအုပ်တွေရောင်းချခြင်းမှ
အမေရိကန်ဒေါ်လာ ၄.၂သန်းဝင်ငွေရရှိခဲ့ပါတယ်။
သမ္မတရွေးကောက်ပွဲဝင်မပြိုင်ခင်မှာ ဆေးလိပ်ဖြတ်ပါ့မယ်လို့
ဇနီးဖြစ်သူမစ်ရှယ်ကို ကတိပေးခဲ့ပေမယ့်လည်း မဖြတ်ခဲ့ပါဘူး။
သူဟာ ဘယ်သန်တစ်ဦးဖြစ်ပြီး စပိန်ဘာသာစကားပြောဆိုနိုင်ပါတယ်။
အင်ဒိုနီးရှားမှာ နေစဉ်တုန်းကဆိုရင် ခွေးစာ၊ မြွေစာနှင့် နှံကောင်ကင်များကို
စားသောက်ခဲ့ရပါတယ်။
သူ့ဆီမှာ မူဟာမက်အလီကိုယ်တိုင် လတ်မှတ်ရေးထိုးပေးထားတဲ့
အနီရောင်လက်ဝှေ့အိတ်တစ်စုံရှိပါသေးတယ်။
သူ့ရဲ့ ပင်တိုင်စံ ချီကာဂိုဆံသဆရာ ဇာရစ်ဖ်ဆီမှာ တစ်ပါတ်တစ်ခါ ဆံပင်ညှပ်လ့ရှိပါတယ်။
အိုဘားမားဟာဆိုရင် ကော်ဖီမသောက်၊ အရက်မကြိုက်သူတစ်ဦးလည်းဖြစ်ပါတယ်။
သူအကြိုက်ဆုံးပန်းချီဆရာကတော့ ပီကာဆိုဖြစ်ပါတယ်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s