“ဂေရဟမ္ (သို႔) ကားတိုက္ခံနိုင္တဲ့ အာဂလူသား”

 

Untitled design (14).png

 

[Zawgyi]

 

“ဂေရဟမ္ (သို႔) ကားတိုက္ခံနိုင္တဲ့ အာဂလူသား”
– – – – – – – – – – – – – – – –

ဂေရဟမ္ ကို TAC အဖြဲ႕က ျသစေႀတးလ် လမ္းမအနွၱရာယ္ကင္းရွင္းေရးလႈပ္ရွားမႈရဲ႕
အစိတ္အပိုင္းတစ္ခုအေနနဲ ့ဖန္းတီးျဖစ္ခဲ့ၾကတာပါ။
သူ႕ကို ပန္းပုဆရာမ Patricia Piccinini နွင့္အတူ ဦးေဆာင္ အၾကီးစားခြဲစိတ္ဆရာဝန္တစ္ဦး ၊
လမ္းအနၱရာယ္ကင္းရွင္းေရး အင္ဂ်င္နီယာတစ္ဦးတို႕က သူတို႕ရဲ႕ ကိုယ္ပိုင္
ယာဥ္တိုက္မႈေတြဆိုင္ရာ အေတြ ့အၾကံဳ ေတြေပၚအေျခခံျပီး ဖန္တီးခဲ့ၾကတာပါ။

အကယ္လို႕ လူတစ္ေယာက္ဟာ သူတို႕ဖန္တီးထားတဲ့ ဂေရဟမ္အတိုင္းသာဆိုရင္
ကားမေတာ္တဆတိုက္မွႈကို ေကာင္းေကာင္းခုခံနိုင္တယ္လို႕ဆိုပါတယ္။ ဒါေပမယ့္
ယာဥ္တိုက္မႈမွာ အျခားျဖစ္နိုင္ေျခမ်ားစြာရွိတဲ့ အတြက္ အလံုးစံုကာကြယ္ နိုင္တယ္လို႕ေတာ့
မဆိုလိုပါဘူး။ မည္သို႕ပင္ဆိုေစကာမွူ သူတို ့ရဲ႕ အကြက္က်စြာ ဖန္းတီးထားမႈကေတာ့
တကယ္ကိုု စိတ္ဝင္စားစရာပါ။

ဂေရဟမ္ဟာ ကၽြန္ေတာ္တို႔နဲ႔ အနည္းငယ္ကြဲျပားေနေပမယ့္ သူဟာ
လူတစ္ေယာက္အတိုင္းပါပဲ။
ကားတိုက္မႈကို ခံနိုင္ရည္ရွိေအာင္ ျပဳလုပ္ထားလို႕သာ ခုလိုရုပ္ဆိုးတဲ့ပံုေပါက္ေနတာပါ။
ဂေရဟမ္မွာ နံရိုးမက်ိဳးေအာင္ ကာကြယ္ေပးနိုင္တဲ့
ေလအိတ္သဖြယ္စြမ္းေဆာင္နိုင္ေသာ နို႕သီးေခါင္းေလးမ်ားစြာရွိပါတယ္။
ဂေရဟမ္ရဲ႕ ဦးေနွာက္ဟာ ကၽြန္ေတာ္တို႔ရဲ႕ ဦးေနွာက္အရြယ္အစားနဲ႔တူတူပါပဲ။
ဒါေပမယ့္ သူ႕ရဲ႕ ဦးေခါင္းခြံဟာ ပိုႀကီးၿပီး ယာဥ္တိုက္မႈျဖစ္ေနစဥ္ ဦးေနွာက္ကို
ကာကြယ္ေပးနိုင္တဲ့ မ်ားျပားလွတဲ့ အရည္ေတြ၊ အရြတ္ေတြနဲ႔ ျပည့္နွက္ေနတတ္ပါတယ္။
ဂေရဟမ္မ်က္နွာဟာ အနည္းငယ္ျပားၿပီး ယာဥ္တိုက္မႈျဖစ္စဥ္ သက္ေရာက္မယ့္အားကို
ခံနိုင္စြမ္းရွိတဲ့ အဆီႀကြယ္ဝတဲ့ တစ္ရွဴးေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။
ဂေရဟမ္ကို ေလအိတ္ေတြနဲ႕တူတဲ့ နံရိုးေတြနဲ႔ ဖြဲ႕စည္းထားၿပီး
သူတို႔ကို ေလအိတ္နည္းတူ အလုပ္လုပ္နိုင္ေအာင္ ဒီဇိုင္းဆြဲထားပါတယ္။
ဂေရဟမ္ရဲ႕ဦးခါင္းခြံဟာ လြန္စြာႀကီးမားၿပီး ဆိုင္ကယ္စီးဦးထုပ္ကဲ့သို႕
ယာဥ္တိုက္မႈျဖစ္စဥ္မွာ ဦးေခါင္းကိုသက္ေရာက္မယ့္အားကို
ေလ်ွာ့ခ်ေပးနိုင္တဲ့ ေလဟာနယ္အခန္းေလးမ်ားစြာ ပါဝင္ပါတယ္။
ဂေရဟမ္ရဲ႕ ဒူးဟာ ဦးတည္ဘက္မ်ိဳးစံုကို လႈပ္ရွားနိုင္တဲ့အတြက္ ကားတိုက္မႈေၾကာင့္
ျဖစ္ေပၚလာနိုင္တဲ့ထိခိုက္မႈကို ေလ်ာ့နည္းေစပါတယ္။
ဂေရဟမ္မွာ ကားတိုက္မႈျဖစ္စဥ္ ထိခိုက္ပြန္းရွမႈကို ခံနိုင္တဲ့ ပိုထူၿပီးၾကမ္းတမ္းတဲ့
အေရျပားရွိပါတယ္။
သန္မာၿပီးခြာနဲ႔တူတဲ့ ေျခေထာက္နဲ႔အတူ အဆစ္မ်ားစြာထည့္ထားတဲ့အတြက္
စပရင္တပ္ထားသလို အႏၱရာယ္ၾကားက လ်င္ျမန္စြာ ခုန္ထြက္နိုင္ပါတယ္။
‪#SellAndBuyEverything #‎Adscommm‬ ‪#‎GeneralKnowledge‬

– – – – – – – – – – – – – – – – – – – – – – –

[Unicode]

“ဂရေဟမ် (သို့) ကားတိုက်ခံနိုင်တဲ့ အာဂလူသား”
– – – – – – – – – – – – – – – –

ဂရေဟမ် ကို TAC အဖွဲ့က သြစတြေးလျ လမ်းမအနှ္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုရဲ့
အစိတ်အပိုင်းတစ်ခုအနေနဲ့ဖန်းတီးဖြစ်ခဲ့ကြတာပါ။
သူ့ကို ပန်းပုဆရာမ Patricia Piccinini နှင့်အတူ ဦးဆောင် အကြီးစားခွဲစိတ်ဆရာဝန်တစ်ဦး ၊
လမ်းအန္တရာယ်ကင်းရှင်းရေး အင်ဂျင်နီယာတစ်ဦးတို့က သူတို့ရဲ့ ကိုယ်ပိုင်
ယာဉ်တိုက်မှုတွေဆိုင်ရာ အတွေ့အကြုံ တွေပေါ်အခြေခံပြီး ဖန်တီးခဲ့ကြတာပါ။

အကယ်လို့ လူတစ်ယောက်ဟာ သူတို့ဖန်တီးထားတဲ့ ဂရေဟမ်အတိုင်းသာဆိုရင်
ကားမတော်တဆတိုက်မှှုကို ကောင်းကောင်းခုခံနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့်
ယာဉ်တိုက်မှုမှာ အခြားဖြစ်နိုင်ခြေများစွာရှိတဲ့ အတွက် အလုံးစုံကာကွယ် နိုင်တယ်လို့တော့
မဆိုလိုပါဘူး။ မည်သို့ပင်ဆိုစေကာမှူ သူတို့ရဲ့ အကွက်ကျစွာ ဖန်းတီးထားမှုကတော့
တကယ်ကိုု စိတ်ဝင်စားစရာပါ။

ဂရေဟမ်ဟာ ကျွန်တော်တို့နဲ့ အနည်းငယ်ကွဲပြားနေပေမယ့် သူဟာ
လူတစ်ယောက်အတိုင်းပါပဲ။
ကားတိုက်မှုကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားလို့သာ ခုလိုရုပ်ဆိုးတဲ့ပုံပေါက်နေတာပါ။
ဂရေဟမ်မှာ နံရိုးမကျိုးအောင် ကာကွယ်ပေးနိုင်တဲ့
လေအိတ်သဖွယ်စွမ်းဆောင်နိုင်သော နို့သီးခေါင်းလေးများစွာရှိပါတယ်။
ဂရေဟမ်ရဲ့ ဦးနှောက်ဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်အရွယ်အစားနဲ့တူတူပါပဲ။
ဒါပေမယ့် သူ့ရဲ့ ဦးခေါင်းခွံဟာ ပိုကြီးပြီး ယာဉ်တိုက်မှုဖြစ်နေစဉ် ဦးနှောက်ကို
ကာကွယ်ပေးနိုင်တဲ့ များပြားလှတဲ့ အရည်တွေ၊ အရွတ်တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။
ဂရေဟမ်မျက်နှာဟာ အနည်းငယ်ပြားပြီး ယာဉ်တိုက်မှုဖြစ်စဉ် သက်ရောက်မယ့်အားကို
ခံနိုင်စွမ်းရှိတဲ့ အဆီကြွယ်ဝတဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။
ဂရေဟမ်ကို လေအိတ်တွေနဲ့တူတဲ့ နံရိုးတွေနဲ့ ဖွဲ့စည်းထားပြီး
သူတို့ကို လေအိတ်နည်းတူ အလုပ်လုပ်နိုင်အောင် ဒီဇိုင်းဆွဲထားပါတယ်။
ဂရေဟမ်ရဲ့ဦးခါင်းခွံဟာ လွန်စွာကြီးမားပြီး ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့
ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဦးခေါင်းကိုသက်ရောက်မယ့်အားကို
လျှော့ချပေးနိုင်တဲ့ လေဟာနယ်အခန်းလေးများစွာ ပါဝင်ပါတယ်။
ဂရေဟမ်ရဲ့ ဒူးဟာ ဦးတည်ဘက်မျိုးစုံကို လှုပ်ရှားနိုင်တဲ့အတွက် ကားတိုက်မှုကြောင့်
ဖြစ်ပေါ်လာနိုင်တဲ့ထိခိုက်မှုကို လျော့နည်းစေပါတယ်။
ဂရေဟမ်မှာ ကားတိုက်မှုဖြစ်စဉ် ထိခိုက်ပွန်းရှမှုကို ခံနိုင်တဲ့ ပိုထူပြီးကြမ်းတမ်းတဲ့
အရေပြားရှိပါတယ်။
သန်မာပြီးခွာနဲ့တူတဲ့ ခြေထောက်နဲ့အတူ အဆစ်များစွာထည့်ထားတဲ့အတွက်
စပရင်တပ်ထားသလို အန္တရာယ်ကြားက လျင်မြန်စွာ ခုန်ထွက်နိုင်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s