“ယောက်ျားလေးများကိုပါ ခြိမ်းခြောက်လာနေသော မဟာရန်သူတော်”
[Zawgyi]
မိန်းကလေးတွေကိုသာမက ယောက်ျားလေးတွေကိုပါ ခြိမ်းခြောက်လို့လာပါပြီ။
– – – – – – – – – – – – – – – – – –
[Unicode]
အသားအရေထိန်းသိမ်းတယ်ဆိုတာ မိန်းကလေးတွေပဲ လုပ်ရတဲ့အရာလို့
တော်တော်များများက လက်ခံထားကြပေမယ့်
ယခုခေတ်ခရမ်းလွန်ရောင်ခြည်အန္တရာယ်က
မိန်းကလေးတွေကိုသာမက ယောကျ်ားလေးတွေကိုပါ ခြိမ်းခြောက်လို့လာပါပြီ။
ဒါကြောင့် အိမ်မှာလွယ်လွယ်ကူကူရနေတဲ့ သံပုရာသီး (သို့) သံပယိုသီးနဲ့
အသားအရေထိန်းသိမ်းနည်းလေး တင်ဆက်ပေးလိုက်ရပါတယ်။
ဝက်ခြံ၊ အမာရွတ်တွေကြောင့် စိတ်ညစ်နေရသူများပဲဖြစ်ဖြစ်
ပန်ဒါမျက်ကွင်းဖြစ်နေလို့ စိတ်သောကရောက်နေရသူများပဲဖြစ်ဖြစ်၊
အသားအရေကြည်လင်ချင်သူများပဲဖြစ်ဖြစ် သံပယိုသီးဆောင်ထားဖို့ အကြံပြုပါရစေ။
အသုံးပြုပုံအသေးစိတ်ကိုတော့ ပုံတစ်ပုံချင်းစီမှာ ရှင်းပြပေးထားပါတယ်နော်။
Untitled design (8).png
[Zawgyi]
– – – – – – – – – – – – – – – – – –
[Unicode]
ဝက်ခြံပျောက်ဖို့အတွက်ကတော့ သံပယိုရည်လတ်လတ်ဆတ်ဆတ်ကို
အသုံးပြုရမှာဖြစ်ပါတယ်။ သံပယိုရည်ဟာ ဝက်ခြံတွေကို
မြန်မြန်ခြောက်စေပါတယ်။
ညအိပ်ရာမဝင်ခင် သံပုရာရည်ထဲကို ဝါဂွမ်းစလေးတို့ပြီး
ဝက်ခြံတွေပေါ်ကို သုတ်လိမ်းပေးပါ။
သစ်ကြံပိုးခေါက်မှုန့် (လဘက်စားဇွန်းတစ်ဇွန်း) နှင့် သံပုရည်
လဘက်စားဇွန်းတစ်ဇွန်းတို့ကို ရောပြီးတော့လည်း
ဝက်ခြံတွေပေါ်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။
မနက်ကျရင်ကြက်သီးနွေးရေလေးနဲ့ ဆေးကြောပစ်ပါ။
အသားရေ ထိလွယ်ရှလွယ်တဲ့သူတွေကတော့ ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။
Untitled design.png
[Zawgyi]
ရေဆေးချပါ။
– – – – – – – – – – – – – – – – – –
[Unicode]
အမာရွတ်ကြောင့် စိတ်သောကရောက်သူများအတွက်ကတော့
သံပုယိုရည် လဘက်စားဇွန်း(၁)ဇွန်းကို
ဝါဂွမ်းလုံးပေါ်မှာထည့်ပြီး အမာရွတ်ပေါ်မှာ
သုတ်လိမ်းပေးပါ။ ၁ဝမိနစ်လောက်ထားပြီးနောက်
ရေဆေးချပါ။
၁၅ရက်တစ်ခါ သံပယိုရည်ကို သကြားမထည့်ပဲနဲ့
နှစ်ကြိမ်ခန့် သောက်ပေးပါ။
Untitled design (7).png
[Zawgyi]
ထို့နောက် မျက်နှာပြင်လေး နူးညံ့ပြီး အစိုဓာတ်ရရှိအောင် သခွားသီးချပ်လေးတွေနဲ့ ပွတ်ပေးပါ။
– – – – – – – – – – – – – – – – – –
[Unicode]
အသားအရေကို ကြည်လင်လှပလိုသူတွေအတွက်ကတော့
လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပယိုရည်ကို မျက်နှာပြင်တစ်ခုလုံးနဲ့ လည်ပင်းတို့ကို လိမ်းပေးပါ။
၁ဝမိနစ်လောက်ထားပြီး ကြက်သီးနွေးရေလေးနဲ့ ဆေးကြောပေးပါ။
ထို့နောက် မျက်နှာပြင်လေး နူးည့ံပြီး အစိုဓာတ်ရရှိအောင် သခွားသီးချပ်လေးတွေနဲ့ ပွတ်ပေးပါ။
နေ့တိုင်းပြုလုပ်ပေးပါ (သို့) တစ်နေ့ခြားတစ်ခါ ပြုလုပ်ပေးပါ။
နောက်နည်းလမ်းတစ်မျိုးက သံပယိုရည်တစ်ဝက်နဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကိုရောပြီး
မျက်နှာပြင်ပေါ်မှာ လိမ်းပေးပါ။
ထို့နောက် ၁၅-၂၀ မိနစ်ခန့်ထားပြီး ဆေးကြောပါ။
Untitled design (9).png
[Zawgyi]
– – – – – – – – – – – – – – – – – –
[Unicode]
ပန်ဒါလိုမျက်ကွင်းညိုနေလို့ စိတ်သောကရောက်နေသူများအတွက်ကတော့
ဝါဂွမ်းလုံးကို လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့
သံပုယိုရည်ထဲနှစ်ပြီး မျက်လုံးနားတဝိုက်မှာ သုတ်လိမ်းပေးပါ။ ၁ဝမိနစ်ခန့်ထားပြီး ရေဆေးချပါ။
တစ်နေ့ကိုတစ်ကြိမ် မှန်မှန်လုပ်ပေးသွားပါ။
(သံပုယိုရည်မှာ ပါဝင်တဲ့ ဗီတာမင်စီဟာ မျက်လုံးအောက်နားမှာရှိတဲ့ အညိုမည်းကွင်းတွေကို
ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။)
စာကြွင်း (သံပယိုရည်ကုထုံးသုံးတဲ့သူများအနေနှင့် အပြင်သွားတဲ့အခါမှာ နေရောင်ခံလိမ်းဆေးလိမ်းဖို့ မမေ့ပါနဲ့။)
Ads.com.mm အခမဲ့ကဏ္ဍစုံကြော်ငြာဝက်ဘ်ဆိုက်ဒ်မှာ အမျိုးအစားစုံလင်လှသော
ကျန်းမာရေးနှင့်အလှအပဆိုင်ရာ ပစ္စည်းများကို အောက်ပါလင့်ခ်အတိုင်း
https://www.ads.com.mm/health–beauty-my
သွားပြီး ရောင်းသူနဲ့ တိုက်ရိုက်ဝယ်ယူနိုင်ပါပြီနော်။
Advertisements
Author: Jasmine
Digital Marketer, Blogger
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s