စိတ်ဝင်စားဖွယ် Xiaomi နောက်ကွယ်……..

blog.png

 

 

[Zawgyi]


– – – – – – – – – – – – –

[Unicode]

 

Xiaomi ဆိုတဲ့နာမည်ဟာ တရုတ်ဘာသာစကားမှာဆိုရင် “ဆန်အနည်းငယ်” လို့
အဓိပ္ပာယ်ရပါတယ်။
“Xiao” ဆိုတာက “အနည်းငယ်” လို့ အဓိပ္ပာယ်ရပြီး
“Mi” ဆိုတာကတော့ “ဆန်” လို့ အဓိပ္ပာယ်ရပါတယ်။
“Mi” ကို ကုမ္ပဏီအမှတ်တံဆိပ်အဖြစ် အသုံးပြုထားတဲ့ အချက်ကလည်း
နောက်ကွယ်မှာ အကြောင်းပြချက်ရှိပါသေးတယ်။
ထိုခေတ်အခါတုန်းက အခက်အတားအဆီးများစွာရှိခဲ့ပြီး အောင်မြင်ဖို့ မလွယ်ကူနိုင်ဘူးလို့
ဝေဖန်ရေးသမားများက ထင်မြင်ယူဆချက်ပေးခဲ့တာကြောင့်
“Mission Impossible” (မဖြစ်နိုင်တဲ့တာဝန်) လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။

 

2.png

 

 

[Zawgyi]


– – – – – – – – – – – – –

[Unicode]

Xiaomi ကို ၂၀၁ဝခုနှစ် ဧပရယ်လ ၆ရက်နေ့မှာ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ
Lei Jun က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး
၂၀၁၅ခုနှစ်တွင် ကမ္ဘာပေါ်မှာ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာ
တတိယအကြီးဆုံးဖြစ်ခဲ့ပါတယ်။
၎င်းရဲ့ ပထမဆုံး Android အခြေခံ MIUI Firmware ကို ၂၀၁ဝခုနှစ် သြဂုတ်လ ၁၆ရက်နေ့မှာ
တရားဝင်စတင်ဖြန့်ဖြူးခဲ့ပြီး ပြည်ပခြေလှမ်းအဖြစ်
၂၀၁၄ခုနှစ်တွင် စင်္ကာပူနိုင်ငံမှာ စတင်ရောင်းချခဲ့ပါတယ်။
Xiaomi ဟာ အမေရိကန်ပြည်ထောင်စုမှာ Apple အောင်မြင်သလိုပဲ
တရုတ်ပြည်မှာ အောင်မြင်တာကြောင့်
“တရုတ်ပြည်ရဲ့ Apple” လို့တောင် ခေါ်ဝေါ်ခြင်းခံရပါတယ်။

 

4.png

 

 

[Zawgyi]

– – – – – – – – – – – – –

[Unicode]
Xiaomi ရဲ့ လာဘ်ကောင်ကတော့ ရုရှားဦးထုပ်တစ်မျိုး (အွတ်ဆန်ကာ) ဆောင်းထားတဲ့
မစ်တူ (Mitu) လို့အမည်ရတဲ့ ယုန်လေးတစ်ကောင်ဖြစ်ပါတယ်။
ယုန်လေးရဲ့ ဦးထုပ်မှာ အနီရောင်ကြယ်လေးပါပြီး လည်ပင်းမှာပုဝါအနီရောင်ပုဝါလေးပတ်ထားပါသေးတယ်။

 

1.png

 

 

 

[Zawgyi]

ဒါတင္မကေသးပါဘူး။


– – – – – – – – – – – – –

[Unicode]

ဒါတင်မကသေးပါဘူး။
Xiaomi တည်ထောင်သူ အမှုဆောင်အရာရှိချုပ် Lei Jun စတိဗ်ဂျော့ဘ်စ်ဝတ်ဆင်သလိုမျိုး
တီရှပ်အမည်းတစ်မျိုးတည်းကိုသာ ဝတ်ဆင်တတ်တာကြောင့်
“တရုတ်ပြည်ရဲ့ စတိဗ်ဂျော့ဘ်စ်” အဖြစ် တင်စားခေါ်ဝေါ်ခံရပါသေးတယ်။
Lei Jun ဟာဆိုရင် ၂၀၁၅ခုနှစ်မှာ
တရုတ်ပြည်ရဲ့ စတုတ္ထမြောက်အချမ်းသာဆုံးစာရင်းဝင် ဖြစ်ခဲ့ပါတယ်။

Ads.com.mm ပရိတ်သတ်ကြီးရေ Xiaomi ဖုန်းအပါအဝင် အခြားသောဖုန်းအမျိုးအစားများကိုလည်း
Ads.com.mm ကဏ္ဍစုံအခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဒ်မှာ
အောက်ပါလင့်ခ်အတိုင်းသွားကာ
https://www.ads.com.mm/smartphones-mobile-phones
ရောင်းသူနဲ့ တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်နော်။

 

5

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s