“မိဘေတြနဲ႔ ဆက္ဆံေရးပိုအဆင္ေျပေစမည့္ နည္းလမ္းေကာင္းမ်ား”

 

Untitled design (1).png

 

[Zawgyi]

“မိဘေတြနဲ႔ ဆက္ဆံေရးပိုအဆင္ေျပေစမည့္ နည္းလမ္းေကာင္းမ်ား”

– – – – – – – – – – – – – –

 

သားသမီးကိုမခ်စ္တဲ့ မိဘမရွိသလို မိဘကိုမခ်စ္တဲ့ သားသမီးဆိုတာလည္း

မရွိပါဘူး။ ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္ကိုမျပသတဲ့အခါ

မခ်စ္ဘူးလို႔ အထင္မွားၾကေလ့ရွိပါတယ္။

ဒါ့ေၾကာင့္ သင့္အခ်စ္ကို ျပသဖို႔ နည္းလမ္းေကာင္းေလးေတြကို

ေဖာ္ျပေပးလိုက္ရပါတယ္။

 

(၁) အခ်စ္ကို ေဖာ္ျပဖို႔ မရွက္ပါနဲ႔။

(၂) သူတို႔အတြက္ အမွတ္တရလက္ေဆာင္ေလးေတြ ဝယ္ေပးပါ (သို႔)

ကိုယ္တိုင္ လုပ္ေပးပါ။

(၃) ကိုယ့္အခန္းကို သန္႔သန္႔ရွင္းရွင္းျဖစ္ေအာင္ထားတာလည္း အခ်စ္ကို

ေဖာ္ျပနည္းတစ္မ်ိဳးပါပဲ။

(၄) တစ္ခါတစ္ေလ ရံုးပိတ္ရက္ ေက်ာင္းပိတ္ရက္လိုေန႔မ်ိဳးေတြမွာ

မိဘေတြအတြက္ ထမင္းဟင္းခ်က္ျပဳတ္ေကၽြးတာျဖစ္ျဖစ္

သူတို႔ႀကိဳက္တတ္တဲ့အစားအစာတစ္မ်ိဳးကို ဝယ္ေကၽြးတာပဲျဖစ္ျဖစ္လုပ္ေပးပါ။

 

(၅) အေမ မခိုင္းဘဲ ကိုယ့္အဝတ္ကိုယ္ေလ်ွာ္တာမ်ိဳး၊ ကိုယ္စားၿပီးသားပန္းကန္ ေဆးတာမ်ိဳး

အစရွိတဲ့ ေသးေသးမႊားမႊားအိမ္အလုပ္ေလးေတြ ကူလုပ္ေပးတာမ်ိဳးကလည္း

မိခင္ျဖစ္သူကို စိတ္ခ်မ္းသာေစမွာ ျဖစ္ပါတယ္။

(၆) သူတို႔ကိုခ်စ္ေၾကာင္း နႈတ္ကေန ဖြင့္ဟေျပာပါ။ ပထမတစ္ႀကိမ္ကေတာ့

ရွက္ေနမွာအေသခ်ာပါပဲ။ ဆက္ႀကိဳးစားၿပီး ေျပာပါ။

(၇) ေမြးခ်င္းေမာင္နွမေတြနဲ႔ ခင္ခင္မင္မင္ေနပါ။

(၈) သင္အမွားတစ္ခုခုလုပ္ထားမိရင္ သူတို႔ကို ပြင့္ပြင့္လင္းလင္းေျပာၿပီး ေတာင္းပန္ပါ။

နႈတ္ကမေျပာရဲရင္ စာေရးၿပီးေတာ့ျဖစ္ျဖစ္ ေတာင္းပန္ပါ။

“ေတာင္းဆိုးပလံုးဆိုးသာ ပစ္ရိုးထံုးစံရွိတယ္၊ သားသမီးဆိုးကို ပစ္ရိုးထံုးစံမရွိဘူး”

ဆိုတဲ့အတိုင္း သားသမီးဘယ္ေလာက္ဆိုးဆိုး ခြင့္လႊတ္တတ္တာ မိဘေတြပါ။

(၉) အေရးႀကီးဆံုးတစ္ခ်က္က သူတို႔ကို ဘယ္ေတာ့မွ မလိမ္ပါနဲ႕။

ခုေဖာ္ျပေပးသြားတဲ့အခ်က္ေလးေတြက လြယ္လြယ္ေလးေတြပါ။

စတင္အေကာင္အထည္ေဖာ္ဖို႔ပဲ လိုပါေတာ့တယ္ေနာ္။

Ads.com.mm ပရိသတ္ႀကီးေရ အပုိဝင္ေငြရခ်င္လုိ႔ သင့္အိမ္မွာ အသုံးမလုိေတာ့တဲ့ပစၥည္းအေဟာင္းမ်ားကုိ

https://www.ads.com.mm/posts/new

လင့္ခ္အတုိင္း အခမဲ့ေၾကာ္ျငာတင္ေရာင္းခ်လုိ႔ရပါတယ္။

– – – – – – – – – – – – – – – – – – – – – – – – – – –

[Unicode]

“မိဘတွေနဲ့ ဆက်ဆံရေးပိုအဆင်ပြေစေမည့် နည်းလမ်းကောင်းများ”

– – – – – – – – – – – – – –

 

သားသမီးကိုမချစ်တဲ့ မိဘမရှိသလို မိဘကိုမချစ်တဲ့ သားသမီးဆိုတာလည်း

မရှိပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အချစ်ကိုမပြသတဲ့အခါ

မချစ်ဘူးလို့ အထင်မှားကြလေ့ရှိပါတယ်။

ဒါ့ကြောင့် သင့်အချစ်ကို ပြသဖို့ နည်းလမ်းကောင်းလေးတွေကို

ဖော်ပြပေးလိုက်ရပါတယ်။

 

(၁) အချစ်ကို ဖော်ပြဖို့ မရှက်ပါနဲ့။

(၂) သူတို့အတွက် အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပေးပါ (သို့)

ကိုယ်တိုင် လုပ်ပေးပါ။

(၃) ကိုယ့်အခန်းကို သန့်သန့်ရှင်းရှင်းဖြစ်အောင်ထားတာလည်း အချစ်ကို

ဖော်ပြနည်းတစ်မျိုးပါပဲ။

(၄) တစ်ခါတစ်လေ ရုံးပိတ်ရက် ကျောင်းပိတ်ရက်လိုနေ့မျိုးတွေမှာ

မိဘတွေအတွက် ထမင်းဟင်းချက်ပြုတ်ကျွေးတာဖြစ်ဖြစ်

သူတို့ကြိုက်တတ်တဲ့အစားအစာတစ်မျိုးကို ဝယ်ကျွေးတာပဲဖြစ်ဖြစ်လုပ်ပေးပါ။

 

(၅) အမေ မခိုင်းဘဲ ကိုယ့်အဝတ်ကိုယ်လျှော်တာမျိုး၊ ကိုယ်စားပြီးသားပန်းကန်

ဆေးတာမျိုး အစရှိတဲ့ သေးသေးမွှားမွှားအိမ်အလုပ်လေးတွေ ကူလုပ်ပေးတာမျိုးကလည်း

မိခင်ဖြစ်သူကို စိတ်ချမ်းသာစေမှာ ဖြစ်ပါတယ်။

(၆) သူတို့ကိုချစ်ကြောင်း နှုတ်ကနေ ဖွင့်ဟပြောပါ။ ပထမတစ်ကြိမ်ကတော့

ရှက်နေမှာအသေချာပါပဲ။ ဆက်ကြိုးစားပြီး ပြောပါ။

(၇) မွေးချင်းမောင်နှမတွေနဲ့ ခင်ခင်မင်မင်နေပါ။

(၈) သင်အမှားတစ်ခုခုလုပ်ထားမိရင် သူတို့ကို ပွင့်ပွင့်လင်းလင်းပြောပြီး တောင်းပန်ပါ။

နှုတ်ကမပြောရဲရင် စာရေးပြီးတော့ဖြစ်ဖြစ် တောင်းပန်ပါ။

“တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတယ်၊ သားသမီးဆိုးကို ပစ်ရိုးထုံးစံမရှိဘူး”

ဆိုတဲ့အတိုင်း သားသမီးဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်တတ်တာ မိဘတွေပါ။

(၉) အရေးကြီးဆုံးတစ်ချက်က သူတို့ကို ဘယ်တော့မှ မလိမ်ပါနဲ့။

ခုဖော်ပြပေးသွားတဲ့အချက်လေးတွေက လွယ်လွယ်လေးတွေပါ။

စတင်အကောင်အထည်ဖော်ဖို့ပဲ လိုပါတော့တယ်နော်။

Ads.com.mm ပရိသတ်ကြီးရေ အပိုဝင်ငွေရချင်လို့ သင့်အိမ်မှာ အသုံးမလိုတော့တဲ့ပစ္စည်းအဟောင်းများကို

https://www.ads.com.mm/posts/new

လင့်ခ်အတိုင်း အခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်။

 

 

 

 

 

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s